စာသင်ခန်းအတွင်း ဖုန်းကိုင်ဆောင်ခွင့်ပိတ်ပင်ထားတဲ့ တရုတ်တက္ကသိုလ်များ

blank

တရုတ်နိုင်ငံရဲ့ တက္ကသိုလ်အချို့မှာ စာသင်ခန်းအတွင်း ဟမ်းဖုန်းယူဆောင်လာခွင့် ပိတ်ပင်ထားပါတယ်။

တရုတ်သတင်းဌာနတွေက ဖော်ပြခဲ့တဲ့ ပုံတွေအရ ထိုင်ယွမ်နည်းပညာတက္ကသိုလ်ကျောင်းသားတွေဟာ အတန်းထဲမှာနေရာမယူခင် တံခါးအဝင်က သတ်မှတ်ထားတဲ့နေရာမှာ ဖုန်းတွေကို ထားခဲ့ရပါတယ်။ ဤဆောင်းပါးကို ဂန္တဝင် မဂ္ဂဇင်းမှ ရေးသားတင်ဆက်ခြင်း ဖြစ်သည်။

ဆရာတွေကတော့ အခုလိုပြုလုပ်တာဟာ ကောင်းတဲ့အလုပ်ဖြစ်ပြီး ဖုန်းတွေစာသင်ခန်းထဲယူမလာမှသာ ကျောင်းသားတွေ စာကို ပိုအာရုံစိုက်နိုင်မယ်လို့ ဆိုကြပါတယ်။

ခေတ်မီနည်းပညာတွေနဲ့ စမတ်ဖုန်းတွေဟာ လတ်တလောမှ အရမ်းကို ရေပန်းစားလားပါတယ်။ ဖော်ပြချက် တစ်ခုအရ တရုတ်နိုင်ငံရဲ့ လူဦးရေတစ်ဝက်ခန့် (၆၆၈ သန်းခန့်) က အင်တာနက် သုံးနေကြပြီး လူဦးရေ ၅၄၉သန်းက ဖုန်းတွေကို အဆက်အသွယ်လုပ်ဖို့ သုံးနေကြပါတယ်။

ထို့အပြင် သုံးစွဲသူတွေရဲ့ ၇၈%ဟာ အသက် ၁ဝ နှစ်မှ ၃၉ နှစ်ကြားလူတွေဖြစ်ပြီး။ ၃၁.၄%က အသက် ၂ဝ နှစ်မှ ၂၉ နှစ်ကြားဖြစ်ကြပါတယ်။ အဲ့ဒီထဲမှာမှ ၂၄.၆%က ကျောင်းသားတွေဖြစ်နေကြပါတယ်။