တစ်လကြိုတင်လေ့ကျင့်ရသော တရုတ်သတို့သမီးများ၏ အငိုပွဲတော်

blank

မင်္ဂလာဆောင်ခါနီး သတို့သမီးတစ်ယောက်အနေနဲ့ ပြာယာပြာယာနဲ့ ဘာဝတ်ရမလဲ၊ ဘယ်လို အလှဆင်ရမလဲ၊ ဘယ်သူတွေကို သတို့သမီးအရံထားမလဲ ဆိုတဲ့ စီစဉ်မှုတွေကို ခဏတာ မေ့ထားလိုက်ပါ။ ဘာကြောင့်လဲဆိုတော့ တခြားသူတွေ ဒါတွေစီစဉ်နေချိန်မှာ တချို့ တရုတ်အမျိုးသမီးတွေက မင်္ဂလာမဆောင်ခင် တစ်လအကျိုကတည်းက အငိုလေ့ကျင့်ရတယ်တဲ့။

ဓလေ့ထုံးစံတွေရဲ့ ဆန်းကျယ်မှုတွေကလည်း အမျိုးမျိုးပါပဲနော် စာဖတ်ပရိသတ်ကြီးရေ… ဒီဓလေ့ကို တစ်ချိန်ကတော့ တရုတ်ပြည်အနှံ့မှာ လူသုံးများခဲ့တယ်တဲ့။ အခု ခေတ်မှီလာတာနဲ့အမျှ ပြောင်းလဲလာတယ်လို့ လေ့လာတွေ့ရှိမှုတွေအရ သိရပါတယ်။ တရုတ်နိုင်ငံ ဝူလင်တောင်ဖက်မှာနေထိုင်တဲ့ တူဂျီလူမျိုးတွေကတော့ ယနေ့ထိ ဒီဓလေ့ကို လက်ခံကျင့်သုံးတုန်းပဲဆိုတာ သိရပါတယ်။ ဤဆောင်းပါးကို ဂန္ထဝင် မဂ္ဂဇင်းမှ ရေးသားတင်ဆက်ခြင်း ဖြစ်သည်။

သတို့သမီးက ငိုဖို့လေ့ကျင့်တဲ့အချိန်မှာ အိမ်မှာရှိတဲ့လူတွေကပါ ဝမ်းနည်းစရာကောင်းတဲ့ သီချင်းတွေကို ဖွင့်ပြီး အတူတူ ဝိုင်းဝန်းငိုကြွေးကြတယ်တဲ့။ တူဂျီလူတွေဟာ နှစ်ပေါင်းမြောက်များစွာကတည်းက ဒီဓလေ့ကို သတို့သမီးအနေနဲ့ မဖြစ်မနေ ကျင့်သုံးရမယ်လို့ ယူဆထားခဲ့ကြပါတယ်။ မင်္ဂလာဆောင်တဲ့နေ့မှာ နောက်ဆုံးနှုတ်ဆက်တဲ့အနေနဲ့ ငိုကြွေးရာမှာ မိဘကိုခွဲပြီးသွားရတာက ခက်ခဲကြောင်း ပေါ်လွင်စေရန် ရည်ရွှယ်ပါတယ်။ အဲ့ဒီလို မငိုဘူးဆိုရင် သတို့သမီးအနေနဲ့ ရိုးရာဓလေ့ကို အလေးမထားသူဆိုပြီး အိမ်နီးနားချင်းတွေက ဝိုင်းကဲရဲ့ကြသည်တဲ့။ မင်္ဂလာပွဲမှာ မငိုလို့ဆိုပြီး အမေ့အရိုက်ခံလိုက်ရတဲ့ သတို့သမီးတွေလည်း မနည်းပါဘူး။

အဲ့ဒါကြောင့် သတို့သမီးတွေက ကိုယ့်ကိုယ်ကို ငိုအောင် နည်းလမ်းမျိုးစုံကို အသုံးပြုကြရတယ်။

ကြိုက်နှစ်သက်တယ်ဆိုရင် သူငယ်ချင်းတွေကိုလည်း SHARE ပေးလိုက်ပါ။