လောကကြီးမှာ အမြန်ဆုံးသော အရာ (၇) ခု

blank

ဒီတစ်ပတ်တော့ ဂန္ထဝင်စာဖတ်ပရိသတ်ကြီးတို့ရဲ့ ဗဟုသုတတိုးပွားရေးအတွက် လောကကြီးမှာရှိတဲ့ အမြန်ဆန်ဆုံးသော အရာ (၇) ခုအကြောင်း ရေးသားတင်ဆက်သွားမှာ ဖြစ်ပါတယ်။

၁။ အမြန်ဆုံးပြေးနိုင်သောလူ – ယူစိန်ဘိုလ်တ် (Usian Bolt) အပြေးသမားဟာ တစ်နာရီကို ၄၄.၇ ကီလိုမီတာ ပြေးနိုင်သူဖြစ်ပြီး ကမ္ဘာ့အမြန်ဆုံး အပြေးသမားအဖြစ် Guinness World Record မှာ စံချိန်တင်ခံခဲ့ပါတယ်။

၂။ အမြန်ဆုံးသော ရေနေတိရစ္ဆာန် – ငါးရွက်တိုင်(Sailfish) ဟာ ရေထဲမှာ အမြန်ဆုံးငါး ဖြစ်ပါတယ်။ အဲ့ဒီငါးဟာ တစ်နာရီအတွင်းမှာ ၁၁ဝ ကီလိုမီတာအထိ ရေကူးနိုင်တယ်ဆိုတာကို စံချိန်တင်နိုင်ခဲ့ပါတယ်။

၃။ အပြေးအမြန်ဆုံး ကုန်းနေတိရစ္ဆာန် – အာဖရိက တောလိုက်ကျားသစ် ခေါ် သစ်ကျုတ် (Cheetah) ဟာ ငါးရွက်တိုင်ထက်ကို ပိုမြန်ကြောင်း သိရပါတယ်။ သူဟာ တစ်နာရီမှာ ၁၂ဝ ကီလိုမီတာလောက် ပြေးနိုင်ပါတယ်။ ဤဆောင်းပါးကို ဂန္ထဝင် မဂ္ဂဇင်းမှ ရေးသားတင်ဆက်ခြင်း ဖြစ်သည်။

၎။ အမြန်ဆုံး ပျံသန်းနိုင်သော တိရစ္ဆာန် – အမဲလိုက်သိမ်းငှက် (Peregrine Falcon) ဟာ တစ်နာရီကို ၃၈၉ ကီလိုမီတာ ပျံသန်းနိုင်ကြောင်း သုတေသနာပညာရှင်တွေက ဆိုထားပါတယ်။ သူဟာ ကျားသစ်ထက်ကို သုံးဆလောက် မြန်ပါတယ်။

၅။ အမြန်ဆုံး ယာဉ် – ထရတ်စ် အက်စ်အက်စ်ဆီ (ThrustSSC) ဟာ အမြန်ဆုံး ယာဉ်အဖြစ် စံချိန်တင်ထားတာကို သိရပါတယ်။ အဲ့ဒီယာဉ်ဟာ တစ်နာရီကို ၁၂၂၈ ကီလိုမီတာလောက်တောင် သွားနိုင်ပါတယ်။

၆။ အမြန်ဆုံး ကွန်ပျူတာ – ကမ္ဘာပေါ်မှာ အမြန်ဆုံး ကွန်ပျူတာအဖြစ် အသိအမှတ်ပြုခံရတဲ့ တီရာဟီ တူ (Tianhe 2) ဟာ ၃၃.၈၆ ပီတာဖလော့ လောက် စွမ်းအားကြီးပါတယ်။ iPhone တွေ Samsung Galaxy ဖုန်းတွေထက်ကို အစပေါင်း တစ်ထောင်ကျော် မြန်ပါတယ်။

၇။ စကြာဝဠာထဲမှာ အမြန်ဆုံးအရာ – အဲ့ဒီအရာကတော့ အားလုံးသိထားတဲ့အတိုင်း အလင်းရဲ့အလျင်ပဲ ဖြစ်ပါတယ်။ စကြာဝဠာထဲမှာ အလင်းလောက်မြန်တဲ့ အရာတော့ အခုချိန်ထိ မရှိသေးပါဘူး။

ကြိုက်နှစ်သက်တယ်ဆိုရင် သူငယ်ချင်းတွေကိုလည်း SHARE ပေးလိုက်ပါ။