တိမ်ပုံစံ ရေဖျန်းအိုးလေး

blank
Photo Credit: http://www.boredpanda.com/

ကိုရီးယားနိုင်ငံက ဒီဇိုင်နာ ဂျီဆောင်ဘင် (Jeong Seung bin) ဟာ အပင်ငယ်လေးတွေကို သဘာဝ မိုးစက်လေးတွေကျသလို ရေလောင်းလို့ရမယ့် အိုးလေးတစ်ခု ဖန်တီးခဲ့ပါတယ်။ တိမ်ပုံစံ ချစ်စရာရေဖျန်းအိုးလေးဟာ လောင်းထည့်လိုက်တဲ့ ရေတွေကို မိုးစက်လေးတွေကဲ့သို့ အသွင်ပြောင်းပြီး အပင်ငယ်လေးတွေကို ပက်ဖျန်းပေးမှာဖြစ်ပါတယ်။

အဲဒီအိုးလေးဟာ ရေ (၈ဝ) မီလီလီတာလောက် ဆံ့ပြီး ဖြုတ်ရတပ်ရတာလဲ လွယ်ကူပါတယ်။ လိုအပ်သလောက်လေးပဲ ပန်းပင်အနှံ့ ရေလောင်းပေးသွားတာဖြစ်လို့ အပင်ရဲ့ လိုအပ်တဲ့ရေပမာဏကို ရရှိစေမှာဖြစ်ပါတယ်။ ဤဆောင်းပါးကို ဂန္တဝင် မဂ္ဂဇင်းမှ ရေးသားတင်ဆက်ခြင်း ဖြစ်သည်။

ဒီအိုးလေးဟာ ချစ်စရာကောင်းသလောက် သုံးရတာလဲ လွယ်ကူလှပါတယ်။ အဲဒီ တိမ်ပုံစံ ရေဖျန်းအိုးလေးတွေကို Amazon မှတစ်ဆင့် ဝယ်ယူနိုင်ပါတယ်။