တရုတ်ပြည်မှာရှိတဲ့ အင်ဂျင်နီယာတစ်ယောက်ဟာ (၅၇) ထပ် မြင့်တဲ့ အဆောက်အဦးတစ်ခုကို (၁၉) ရက်အတွင်း ပြီးအောင် ဆောက်လုပ်နိုင်ခဲ့ပါတယ်။ တစ်နေ့ကို (၃) ထပ် နှုန်းနဲ့ တည်ဆောက်ခဲ့တာပါ။ အခန်း စုစုပေါင်း (၈ဝဝ) ကျော်ပါဝင်ပြီး လူ(၄ဝဝဝ) လောက် အလုပ်လုပ်လို့ ရတဲ့ ရုံးခန်းတွေလည်း ပါရှိပါတယ်။ အစက အထပ်ပေါင်း (၂၂ဝ)ထိဆောက်ဖို့ ရည်ရွယ်ထားခဲ့ပေမဲ့ လေဆိပ်နဲ့ အရမ်းနီးလွန်းတာကြောင့် အကောင်အထည် မဖော်ဖြစ်ခဲ့ပါဘူး။ ဤဆောင်းပါးကို ဂန္တဝင် မဂ္ဂဇင်းမှ ရေးသားတင်ဆက်ခြင်း ဖြစ်သည်။
အဆောက်အဦးအတွက် လိုအပ်တဲ့ပစ္စည်းတွေကို အခြားအလုပ်ဆိုက် တစ်ခုမှာ ပြင်ဆင်ပြီးမှ လာရောက်တပ်ဆင်ခြင်း ဖြစ်တာကြောင့် ပတ်ဝန်းညစ်နွမ်းမှု၊ အသံဆူပူမှုနဲ့ တခြားသော အနှောင့်အယှက်တွေကိုလည်း လျော့နည်းစေခဲ့ပါတယ်။
အဆောက်အဦးအတွက် လိုအပ်တဲ့ ပစ္စည်းတွေကို ခဏခဏ သယ်ယူရတဲ့ ဒုက္ခကလည်း ကင်းဝေးပြီး ကုန်ကျစားရိတ်တွေလည်း သက်သာစေခဲ့ပါတယ်။


သဘောကျ နှစ်သက်ခဲ့ရင် Share ပေးဖို့ မမေ့နဲ့နော်။