လူစီနို ပီးယား (Luciano Pia) ဆိုတဲ့ သိပ်ကို ထက်မြက်တဲ့ အီတလီက ဗိသုကာ ပညာရှင်တစ်ယောက်ဟာ သဘာဝရဲ့ စိမ်းစိုအေးမြတဲ့ သစ်ပင်ပန်းမန်တွေနဲ့ ဝေနေတဲ့ မြို့ပြနေ အဆောက်အဦးတစ်ခုကို တည်ဆောက်ခဲ့ပါတယ်။ ငါးထပ်မြင့်တဲ့ ဒီအဆောက်အဦးမှာ သဘာဝသစ်ပင်လေးတွေကို အောက်ခံစတီးတန်းလေးတွေပေါ်မှာ စနစ်တကျ စိုက်ပျိုးထားတာပါ။
နည်းပညာအသားပေး ဆောက်လုပ်ထားတဲ့ အဆောက်အဦးမဟုတ်ဘဲ သဘာဝကို အခြေခံဆောက်လုပ်ထားခြင်း ဖြစ်ပါတယ်။ ခြံဝင်းထဲက ရေအိုင်ငယ်လေးတွေကလည်း ပူပြင်းတဲ့ ရာသီမှာ အနားယူအပန်းဖြေဖို့ အေးမြ လန်းဆန်းမှုလေးတွေ ပေးစွမ်းနိုင်မှာဖြစ်ပါတယ်။
စိမ်းစိုနေတဲ့ အပင်ပေါင်း (၁၅ဝ) နဲ့ အေးချမ်းသာယာ လွန်းလှပါတယ်။
ဒီလို အပင်တွေနဲ့ ဝန်းရံထားတာကြောင့် ပတ်ဝန်းကျင်မှာရှိတဲ့ မကောင်းတဲ့ အနံ့အသက်တွေနဲ့ ဆူညံသံတွေကိုလည်း အတိုင်းအတာတစ်ခုထိ အကာအကွယ် ဖြစ်စေပါတယ်။ အဓိကတော့ လူတွေကို ဒုက္ခဖြစ်စေတဲ့ လေထုညစ်ညမ်းမှုရဲ့ တရားခံ ကာဗွန်ဒိုင်အောက်ဆိုက်ကို တစ်နာရီမှာ လီတာပေါင်း (၂ဝဝဝဝဝ) ထိ စုပ်ယူနိုင်တာပါပဲ။ ဒီအဆောက် အဦးရဲ့ အားသာချက်တွေကတော့ ကျန်းမာရေးအတွက်လည်း အထောက်အကူဖြစ်စေပြီး စိတ်ကိုပါ ကြည်လင်အေးမြစေတာ ဖြစ်ပါတယ်။




ဤဆောင်းပါးကို ဂန္တဝင် မဂ္ဂဇင်းမှ ရေးသားတင်ဆက်ခြင်း ဖြစ်သည်။
သဘောကျ နှစ်သက်ခဲ့ရင် Share။