ကျန်ရစ်သူတွေအတွက် အမှတ်တရ ဖြစ်ကျန်ခဲ့စေမယ့် မြေမြှပ်သဂြိင်္ုလ်နည်းအသစ်

blank
Photo Credit: http://www.boredpanda.com/

အီတလီနိုင်ငံမှာ အန်နာ စီတယ်လီနဲ့ ရောင် ဘရတ်ဇဲလ် (Anna Citelli and Raoul Bretzel) တို့ပူးပေါင်းပြီး သေဆုံးသွားတဲ့သူတွေကို လွမ်းဆွတ်သတိရနေမယ့် ကျန်ရစ်သူတွေ အတွက် အမှတ်တရဖြစ်စေဖို့ အကြံအစည်လေးတစ်ခု အကောင်အထည် ဖော်နေကြပါတယ်။ အဲဒါကတော့ သေဆုံးသွားတဲ့ ခန္ဓာကိုယ်ကို အထူးပြုလုပ်စီစဉ်ထားတဲ့ သစ်စေ့ထဲကို ထည့်ပြီး မြေမြှပ်သဂြိင်္ုလ်ခြင်းဖြစ်ပါတယ်။ ကြာလာတဲ့အခါ သစ်စေ့လေးက အပင်ပေါက်လာပြီး ကျန်ရစ်သူတွေအတွက် အမှတ်တရ ဖြစ်ကျန်ခဲ့စေဖို့ ရည်ရွယ်ပါတယ်။

ပထမဦးစွာ သေဆုံးသွားသူကို မိခင်ဝမ်းတွင်းမှာ သန္ဓေတည်တဲ့ အနေအထားအတိုင်း သစ်စေ့ထဲမှာ ထည့်သွင်းမြှုပ်နှံလိုက်မှာပါ။ အဲဒီနောက်မှာတော့ ကျန်ရစ်သူတွေ ရွေးချယ်ထားတဲ့ သစ်စေ့ကို အဲဒီ စီမံသစ်စေ့အပေါ်ကနေ စိုက်ပျိုးမှာဖြစ်ပါတယ်။ သေဆုံးသူရဲ့ ရုပ်ကြွင်းက ဒီအပင်ကြီးထွားဖို့ အဟာရဓါတ်တွေ ဖြည့်တင်းပေးမှာ ဖြစ်ပါတယ်။ ကျန်ရစ်သူမိသားစုမှ မိမိကြိုက်နှစ်သက်ရာ အပင်ကိုရွေးချယ်ခွင့် စိုက်ပျိုးခွင့် ရှိပါတယ်။ ဤဆောင်းပါးကို ဂန္တဝင် မဂ္ဂဇင်းမှ ရေးသားတင်ဆက်ခြင်း ဖြစ်သည်။

ဒါပေမဲ့ ဒီအစီစဉ်ကိုလက်တွေ့အသုံးချဖို့ အီတလီ ဥပဒေက တရားဝင် ခွင့်ပြုထားခြင်း မရှိသေးပါဘူး။ အကယ်လို့သာ ခွင့်ပြုချက်ရခဲ့မယ်ဆို သေဆုံးသူတို့ရဲ့ လွမ်းမောဖွယ် အုတ်ဂူတွေအစား လန်းဆန်းစိမ်းစိုတဲ့ သစ်တောကြီးအဖြစ်မြင်ရမှာပါ။ သတိရတဲ့အခါ ကျန်ရစ်သူမိသားစုက သေဆုံးသူအတွက် အမှတ်တရစိုက်ခဲ့တဲ့ သစ်ပင်လေးအောက်မှာ နားခိုရင်း လွမ်းဆွတ်သတိရနေလို့ ရပါတယ်။

ဒါ့အပြင် သမရိုးကျနည်းနဲ့ ယှဉ်လိုက်မယ်ဆို လူတစ်ယောက်ကို မြှုပ်နှံသဂြိုလ်ဖို့ သစ်သားတွေ ဖြုန်းတီးရမယ့် အစား လူသားတွေကို အကျိုးပြုတဲ့ သစ်ပင်လေးတွေကျန်ခဲ့မယ့် အမှတ်တရလေးမို့ အောင်မြင်သွားခဲ့ရင် တကယ်ကို အကျိုးရှိပြီး ကျေနပ်စရာကောင်းမှာပါ။

မှတ်သားစရာ ဖြစ်ခဲ့ရင် Share ပေးဖို့မမေ့နဲ့နော်။