ကြိုတင်ပြင်ဆင်ခြင်းနဲ့ယှဉ်တဲ့အကောင်းမြင်စိတ်တွေကိုမွေးဖွားတတ်ပြီလား။

blank

မိုးမရွာလောက်ပါဘူးလို့ထီးမယူဘဲထားခဲ့တာကအကောင်းမြင်တာမဟုတ်ဘူး။ပေါ့ဆတာပါ။

ငါကကိုယ်ခံစွမ်းအားကောင်းတာပဲကိုဗစ်မကူးလောက်ပါဘူးလို့ Mask မတပ်တာကအကောင်းမြင်တာမဟုတ်ပါဘူး။ဉာဏ်နည်းတာပါ။

ငါတော့ဆိုင်ကယ်မတော်တဆမှုမဖြစ်လောက်ပါဘူး။ဟိုနားဒီနားလေးသွားတာပဲဆိုပြီးဆိုင်ကယ်ဦးထုပ်မဆောင်းတာကအကောင်းမြင်မဟုတ်ပါဘူး။ကိုယ့်ကိုယ်ကိုယ်တန်ဖိုးမထားတာပါ။

ကားတာယာကအကောင်းကြီးရှိသေးတယ်မပေါက်လောက်ပါဘူးဆိုပြီးခရီးသွားတဲ့အခါကားဘီးအပိုမသယ်တာကအကောင်းမြင်တာမဟုတ်ပါဘူး။ကြိုတင်ပြင်ဆင်မှုမရှိတာပါ။

ဆိုးရွားတဲ့အရာတွေကကိုယ့်မှာဖြစ်မလာနိုင်ပါဘူး၊ဘာကြောင့်အာမခံတွေဘာတွေထားနေမှာလဲလို့တွေးတာကအကောင်းမြင်တာမဟုတ်ပါဘူး။ကိုယ့်ကိုယ်ကိုယ်နဲ့ ကိုယ့်ကိုချစ်တဲ့သူတွေကိုတာဝန်ယူမှုအပြည့်နဲ့ မချစ်တတ်သေးတာပါ။

ကြိုတင်ပြင်ဆင်မှုနဲ့ယှဉ်တဲ့အကောင်းမြင်စိတ်ရှိတဲ့သူတွေဟာ…

ကောင်းကင်ရဲ့အခြေအနေကိုအပိုင်မတွက်ဘဲအပြင်သွားတိုင်းထီးသယ်တတ်တဲ့သူ၊

ကိုယ်ခံစွမ်းအားကောင်းအောင်ဂရုစိုက်သလိုအပြင်ထွက်တိုင်း Mask တပ်တဲ့သူ၊

ဆိုင်ကယ်ကိုဂရုတစိုက်မောင်းသလိုစည်းကမ်းမဲ့မောင်းနှင်သူတွေကြောင့်ဖြစ်နိုင်တဲ့ဘေးတွေအတွက်ဆိုင်ကယ်ဦးထုပ်ဆောင်းတဲ့သူ၊

ကားတာယာကောင်းတာကိုထည့်ထားသလိုလမ်းရဲ့အခြေအနေတွေကြောင့်ဖြစ်လာမယ့်အရာတွေကိုထည့်တွက်ပြီးကားတာယာအပိုသယ်တဲ့သူ၊

ကိုယ့်ကိုယ်ကိုယ်ကောချစ်ရသူတွေကိုကောဂရုစိုက်သလိုမမျှော်လင့်ဘဲဖြစ်လာမယ့်အန္တရာယ်တွေအတွက်အာမခံဆိုတဲ့အကာအကွယ်ကိုယူထားတဲ့သူပါပဲ။

တကယ်တော့…

ဘဝမှာကိုယ်မထိန်းချုပ်နိုင်တဲ့အရာတွေအများကြီးရှိတယ်ဆိုတာကိုလက်ခံတတ်ပြီးအသက်အာမခံ၊ကျန်းမာရေးအာမခံထားတဲ့သူတွေကအဆိုးမြင်တတ်တာမဟုတ်ပါဘူး။ကြိုတင်ပြင်ဆင်ခြင်းနဲ့ယှဉ်တဲ့အကောင်းမြင်စိတ်ထားတတ်တဲ့သူတွေပါ။သူတို့ဟာသူတို့မိသားစုအတွက်ထီး၊ Mask၊ဆိုင်ကယ်ဦးထုပ်၊အပိုဘီးအဖြစ်ထမ်းဆောင်သလိုသူတို့သာတစ်ခုခုဖြစ်သွားခဲ့ရင်သူတို့ကိုယ်စားထီးအဖြစ်၊Mask အဖြစ်၊ဆိုင်ကယ်ဦးထုပ်အဖြစ်၊အပိုဘီးအဖြစ်ထမ်းဆောင်မယ့်အာမခံခြင်းဆိုတဲ့အကာအကွယ်ကိုယူထားတတ်ကြပါတယ်။ကြိုတင်ပြင်ဆင်ခြင်းမရှိထားတဲ့ အနာဂတ်မှာအကောင်းမြင်စိတ်ဆက်ရှိနေဖို့ဆိုတာမဖြစ်နိုင်ပါဘူး။

သင်ကော…သင်နဲ့သင့်မိသားစုအတွက်ကြိုတင်ပြင်ဆင်ခြင်းနဲ့ယှဉ်တဲ့အကောင်းမြင်စိတ်တွေကိုမွေးဖွားတတ်ပြီလား။သင်နဲ့သင့်မိသားစုအတွက်အကောင်းဆုံးသောအကာအကွယ်တွေပေးမယ့် KBZMS ရှိပါတယ်နော်။

သင့်ဗဟုသုတအတွက်ဂန္ထဝင်မဂ္ဂဇင်းနဲ့ KBZMS တို့မှပူးပေါင်းစီစဉ်တင်ဆက်ပေးလိုက်တဲ့စာစောင်လေးကိုနှစ်သက်တယ်ဆိုရင်ဝေမျှပေးလိုက်ပါဦးနော်။