ရာသီဥတုအေးလာတာနဲ့ ကိုက်လာတတ်တဲ့ ခြေထောက်လေးသို့ အိတ်ဖွင့်ပေးစာ

blank

ခြေထောက်လေးရေ…

နည်းနည်းလေးအေးလာတာနဲ့ နင်ကကိုက်လာတော့တာပဲနော်။ ဆောင်းလေးနည်းနည်းဝင်လာပြီဆိုတာနဲ့ နင်က အကြောင်းအရာမရှိဘဲ ကိုက်ပြီ။ ငါ့မှာတော့ လေးဖက်နာများဖြစ်နေတာလားလို့ စစ်ရတာနဲ့ မျိုးရိုးများလိုက်တာလားလို့ မေးရတာနဲ့  အငံတွေစားတာများလို့လားလို့ သုံးသပ်ကြည့်ရတာနဲ့ နောက်ဆုံးတော့ နင်ကဘာမှ ပြဿနာမရှိဘဲနဲ့ ကိုက်နေတာကိုးကွ။

ဆရာဝန်ကတော့ ပြောပါတယ် တစ်ခါတလေရာသီဥတုအေးလို့၊ ထိုင်တာများလို့၊ လှုပ်ရှားမှုများလို့ စတဲ့ အကြောင်းအရာတွေကြောင့်လည်း ခြေဆစ်လက်ဆစ်တွေကိုက်တတ်တယ်။ ခြေထောက်တွေ ကိုက်တတ်တယ်တဲ့။ တစ်ခါတလေကျရင် နင်က တစ်ယောက်တည်းတောင် မဟုတ်ဘူး နင့်ရဲ့အပေါင်းအပါတွေဖြစ်တဲ့ ခြေဆစ်လက်ဆစ်တွေကိုက်တာ၊ သွားကိုက်တာတွေကို ခေါ်လာပြန်တယ်။ တစ်ခါတလေငါတင်မကဘဲ တစ်မိသားစုလုံးခြေလက်တွေ ကိုက်တတ်တယ်ဟာ။

ဒါပေမဲ့ ဒီတစ်နှစ်တော့ နင်မလာခင်ကတည်းက ငါကြိုတင်ပြင်ဆင်မှုတွေ အများကြီးလုပ်ထားတယ် သိလား။ ဆောင်းစဝင်ပြီးဆိုတာနဲ့ နင့်ကိုတိုက်ခိုက်နိုင်မယ့် နည်းလမ်းတွေကို ငါစဉ်းစားထားတယ်။

ဒီနှစ်ဆောင်းတွင်းမှာ နင်မလာနိုင်အောင်…

အာဟာရပြည့်ဝတဲ့ အစားအစာတွေ၊ အသီးအရွက်တွေများများစားထားတယ်။

ရေများများသောက်ထားတယ်။

လေ့ကျင့်ခန်းတွေ ပုံမှန်လုပ်ထားတယ်။

ကိုယ်နေဟန်ထားမှန်အောင် ထိုင်တယ်။ ထတယ်။ ကိုယ်နေဟန်ထားတစ်ခုတည်းကို အကြာကြီးနေတာမျိုးတွေရှောင်ထားတယ်။ မကြာခဏ အညောင်းဆန့်ပေးတယ်။

Calcium ဓာတ်ကြွယ်ဝနေအောင် ဂရုစိုက်ထားတယ်။

နွေးနွေးထွေးထွေးနေဖို့ ရေနွေးနွေးနဲ့ချိုးဖို့ ပြင်ဆင်ထားတယ်။

အဲ့ဒီလောက်ဂရုစိုက်တဲ့ကြားက နင်ပဲဖြစ်ဖြစ် နင့်ရဲ့အပေါင်းအပါတွေဖြစ်တဲ့ ခြေထောက်ကိုက်တာ၊ လက်ကိုက်တာ၊ သွားကိုက်တာ စတာတွေရောက်လာခဲ့ရင် တိုက်ထုတ်ဖို့အတွက် Dolfenal ဝယ်ထားတယ်သိလား။ Dolfenal ကလေ ရာသီလာစဉ်နာကျင်ကိုက်ခဲမှုတွေ မကဘဲ နာကျင်ကိုက်ခဲတဲ့ ဝေဒနာအားလုံးအတွက် အစွမ်းထက် အကိုက်အကဲပျောက်ဆေးဖြစ်တဲ့အတွက် မိန်းကလေးပဲဖြစ်ဖြစ် ယောက်ျားလေးပဲဖြစ်ဖြစ် အားလုံးသောက်လို့ရတယ်ဟ။ အဲ့ဒီတော့ ဒီနှစ်ဆောင်းရာသီနင်လာရဲ လာကြည့် Dolfenal နဲ့ တိုက်ဖို့စောင့်နေတယ်။

ဒီစာစောင်လေးကို ဂန္ထဝင်မဂ္ဂဇင်းနဲ့ Dolfenal တို့က ပူးပေါင်းစီစဉ်တင်ဆက်ထားပါတယ်။