သင့်ကိုကိုယ်ခံအားမကောင်းအောင် ဟန့်တားနေတဲ့အချက်လေးတွေ…

blank

ကမ္ဘာမြေပေါ်အလည်လာရာကအပျော်လွန်ပြီးအခုထိမပြန်သေးတဲ့ကိုဗစ်ကြီးကြောင့် စိတ်ညစ်နေကြပြီလားစာချစ်သူတို့ရေ…

ကူးစက်ပျံ့နှံ့မှုနှုန်းတွေမကျသေးတာမို့ စားသတိ၊ သွားသတိအပြင် ကိုယ်ခံအားကောင်းအောင်လည်းအထူးဂရုစိုက်ကြရမှာပါ။ ဒီလိုအချိန်မှာကိုယ်ခံအားကျစေမယ့်အချက်တွေကိုလည်းသတိပြုဖို့လိုပါတယ်။ အဲ့ဒီအချက်တွေကတော့…

၁။ အိပ်ရေးပျက်ခြင်း

၂။ စိုးရိမ်ပူပန်စိတ်များခြင်း

၃။ ဗီတာမင် D ချို့ယွင်းခြင်း

၎။ အသီးအနှံနဲ့ဟင်းသီးဟင်းရွက်တွေအစားနည်းလွန်းခြင်း

၅။ ဆေးလိပ်၊ ဒါမှမဟုတ် အရက်သောက်ခြင်း

၆။ အဆီများတဲ့အစားအစာတွေအလွန်စားခြင်း

၇။ ကိုယ်လက်လှုပ်ရှားမှုနည်းခြင်း

၈။ ဇင့်ဓာတ်လုံလောက်အောင် မဖြည့်တင်းခြင်းတို့ပဲဖြစ်ပါတယ်။

အချက်အားလုံးဟာသတိပြုမိပြီဆိုတာနဲ့ ပြန်လည်ပြုပြင်ဖို့လည်းလွယ်ကူပါတယ်။ အိပ်ရေးဝဝအိပ်တာ၊ စိတ်ဖိစီးမှုလျှော့ချဖို့ တရားထိုင်တာ၊ ယောဂလုပ်တာ၊ ဗီတာမင်စုံလင်အောင် စားပေးတာ၊ အသီးအရွက်နဲ့အသီးအနှံများများစားပေးတာ၊ ဆေးလိပ်အရက်ရှောင်တာ၊ အဆီရှောင်တာအပြင် ဇင့်ဓာတ်ကိုလည်းလုံလောက်အောင် ဖြည့်တင်းပေးလို့ရပါတယ်။ ဇင့်ဓာတ်ကြွယ်ဝတဲ့ အနီရောင်အသား၊ ပဲအမျိုးမျိုး၊ အစေ့ အဆန်များ၊ အခွံမာသီးများ၊ နို့ထွက်ပစ္စည်းများ၊ ကြက်ဥ၊ အသီးအနှံနဲ့ဟင်းသီးဟင်းရွက်များ၊ အနက်ရောင်ချောကလက်တို့ကိုစားပေးလို့ရသလိုဇင့်ဓာတ်အားဖြည့်ဆေးဖြစ်တဲ့ ZinComplexကိုသောက်ပေးရင်လည်းဇင့်ဓာတ်ကိုလုံလောက်စေပါတယ်။ ကျန်းမာခြင်းဟာလာဘ်တစ်ပါးမို့ ကိုယ်တိုင်နဲ့ကိုယ့်မိသားစုကိုကိုယ်ခံအားကောင်းအောင် ဂရုစိုက်ခြင်းဖြင့် ကိုဗစ်ဘေးကကင်းဝေးအောင် ကာကွယ်လိုက်ပါနော်။

စာချစ်သူများကျန်းမာရေးဗဟုသုတရစေဖို့ ယခုစာစောင်လေးကိုဂန္ထဝင်မဂ္ဂဇင်းနဲ့ ZinComplexတို့မှ ပူးပေါင်းတင်ဆက်ထားပါတယ်။