Online learning လုပ်နေတဲ့ ကလေးတွေရဲ့မိဘတွေ သတိမမူမိတဲ့ အချက်တချို့။

blank
၁။ ကလေးတွေ စာကျက်နေတဲ့ ပတ်ဝန်းကျင်က အာရုံစူးစိုက်ဖို့ကောင်းနေတဲ့နေရာတစ်ခု ဟုတ်၊ မဟုတ် ဆန်းစစ် ဖို့ လိုနေတတ်တယ်။ 

ဒါကြောင့် စာလုပ်မယ့်ပတ်ဝန်းကျင်က ဆူညံသံနည်းပြီး၊ လေဝင်လေထွက်ကောင်းတဲ့နေရာတစ်ခုဖြစ်၊ မဖြစ် သတိထားပေးပါ။

၂။ စာအုပ်၊ iPad တွေက မျက်လုံးနဲ့ အကွာအဝေး၊ အနေအထား မှန်၊ မမှန် ဆန်းစစ်ဖို့ မေ့နေတတ်ကြတယ်။

မျက်စိညောင်းတာ၊ မျက်ရိုးကိုက်တာမျိုးတွေ နည်းစေဖို့ သင်ထောက်ကူပစ္စည်းတွေနဲ့ ကလေးမျက်စိအကွာအဝေး၊ အနေအထား မှန်၊ မမှန် သတိထားပေးပါ။

၃။ စာကြည့်စာပွဲနဲ့ထိုင်ခုံက ကလေးခန္ဓာကိုယ် အရွယ်အစားနဲ့ ကိုက်ညီမှုရှိ၊ မရှိ ဆန်းစစ်ဖို့ မေ့နေတတ်ကြတယ်။

ကလေးစာလုပ်နေချိန် ကျောရိုးနာ၊ ခါးကိုက်၊ ဇက်ကြောတတ်တာမျိုးတွေ လျော့နည်းစေဖို့ ထိုင်နေတဲ့ထိုင်ခုံနဲ့စားပွဲက ခန္ဓာကိုယ်အတွက် လိုအပ်တဲ့ ပံ့ပိုးမှုနဲ့ သက်တောင့်သက်သာဖြစ်မှုတွေ ပေးနေလား သတိထားပေးပါ။

အလုပ်များနေတဲ့ မိဘတွေအနေနဲ့ ကလေးတွေအတွက် ဒီအချက်တွေကို သတိထားပေးရာမှာ အသက်သာဆုံးဖြစ်စေဖို့ ကလေးမိဘချင်း စာနာနားလည်တာကြောင့် ERGO-ORiX က study table set လေးတွေကို ဖြန့်ချိပေးနေပါတယ်။

ERGO-ORiX table set က ကလေးကျန်းမာရေးနဲ့ ကိုယ်နေဟန်ထားကို အဓိကထားပြီး ဒီဇိုင်းလုပ်ထားတဲ့ ergonomic furniture ဖြစ်ပါတယ်။ ကလေး အသက်အရွယ်အလိုက် စားပွဲကိုရော၊ ထိုင်ခုံကိုပါ အနေအထားနဲ့ အနိမ့်အမြင့် ညှိသွားလို့ရတာကြောင့် ကလေးကြီးတာမြန်လို့ study table set တစ်ခုပြီးတစ်ခုဝယ်နေရတဲ့ ဒုက္ခကနေလည်း ကင်းဝေးစေမှာပါ။ ကလေးအတွက် တစ်ကြိမ်ငွေကောင်းကောင်း ရင်းနှီးလိုက်ရုံနဲ့ မိဘတွေကို စိတ်အေးချမ်းမှု အဖက်ဖက်ကနေပေးနိုင်မယ့် ပရိဘောဂမျိုးပါ။

၂ နှစ် warranty ပါပြီး၊  ၅ နှစ် after sale service ပါဝင်ပါတယ်။ ပစ္စည်းရောက်ချိန်လည်း မြန်တာကြောင့် မှာယူချင်တယ်ဆိုရင် comment box မှာ ပေးထားတဲ့ phone နံပါတ်ကို ချက်ချင်းဆက်သွယ်လိုက်ပါ။