ဇင့်ဓာတ်ကြွယ်ဝခြင်းဟာ ကိုရိုနာဗိုင်းရပ်စ်ကို ကာကွယ်ပေးနိုင်သလား။

blank

စာချစ်သူတို့ရေ…။

စပိန်နိုင်ငံလေ့လာသူတွေရဲ့ အဆိုအရ COVID-19 ကြောင့် ဆေးရုံရောက်လာတဲ့ သူတွေထဲမှာ ဇင့်ဓာတ်ချို့တဲ့တဲ့သူတွေဟာ ရောဂါကို ပိုမိုဆိုးရွားစွာ ခံစားရတတ်တယ်လို့ ဆိုပါတယ်။ ဇင့်ဓာတ်ကြွယ်ဝတဲ့သူတွေကတော့ ရောဂါလက္ခဏာတွေကို ပိုမိုကောင်းမွန်စွာ ရင်ဆိုင်နိုင်ကြတယ်လို့လည်း တွေ့ရှိခဲ့ရပါတယ်။

ဇင့်ဟာအအေးမိခြင်းကို ကာကွယ်ပေးနိုင်တယ်ဆိုတာကိုလည်း အားလုံးသိပြီးဖြစ်ပါတယ်။ ဇင့်ဓာတ်ကြွယ်ဝခြင်းဟာ ကိုရိုနာဗိုင်းရပ်စ်ကို ကာကွယ်ပေးနိုင်ပါတယ်ဆိုပြီး ယတိပြတ်ပြောထားတာမျိုးမရှိပေမယ့် ဇင့်ဓာတ်ကြွယ်ဝခြင်းအားဖြင့် ကိုရိုနာဗိုင်းရပ်ကို တိုက်ဖျက်ရာမှာ ကူညီပေးနိုင်လို့ လေ့လာသူတွေက ဆိုပါတယ်။

ဇင့်ဓာတ်ဟာ အအေးမိခြင်းကို ကာကွယ်ပေးတာ…

ဝမ်းပျက်ဝမ်းလျှောခြင်းကို ကုသရာမှာ အထောက်အကူပြုစေတာ….

မှတ်ဉာဏ်ကိုကောင်းမွန်စေတာ…

အနံ့၊ အရသာပျောက်ခြင်းကို ကုသရာမှာ အသုံးဝင်တာတွေကြောင့် ကိုရိုနာဗိုင်းရပ်စ်ကို ကုသရာမှာ အသုံးဝင်တာတော့ သေချာပါတယ်။

ဒါ့အပြင် ဇင့်ဓာတ်ပြည့်ဝသူတွေဟာ ရောဂါကို တွန်းလှန်ရာမှာ ပိုမိုကြံ့ခိုင်စွာ ကျော်ဖြတ်နိုင်ကြတယ် မဟုတ်လား။

ဇင့်ဓာတ်ဟာ ခန္ဓာကိုယ်က သူ့ဘာသာသူ မထုတ်လုပ်နိုင်တဲ့ ဓာတ်စာတစ်မျိုးဖြစ်ပါတယ်။ ဒါ့ကြောင့် ကျွန်မတို့အနေနဲ့ ဇင့်ဓာတ်ကြွယ်ဝတဲ့ အစားအစာတွေ ဖြည့်စွက်စာတွေကနေ တဆင့် ဇင့်ဓာတ်ကို ရရှိကြတာဖြစ်ပါတယ်။ ခန္ဓာကိုယ်က ဇင့်ဓာတ်ကို သိုလှောင်ထားတာမျိုးလည်း မရှိတာကြောင့် ဇင့်ဓာတ်ကိုနေ့စဉ်ဖြည့်စွက်ပေးဖို့ လိုပါတယ်။ အထူးသဖြင့် ပင်လယ်စာနဲ့ အသားတွေ မစားတဲ့ သတ်သတ်လွတ်သမားတွေအနေနဲ့ ဇင့်ဓာတ်ပြည့်ဝအောင် ဖြည့်စွက်ပေးသင့်ပါတယ်။

ကိုရိုနာဗိုင်းရပ်ကို ဇင့်ဓာတ်ပြည့်ဝစွာ တိုက်ဖျက်ရင်းကျန်းမာတဲ့နေ့ရက်တွေဆီကို ချီတက်ရအောင်။ တတ်စွမ်းသမျှ အိမ်ထဲမှာနေပါ။ လက်ဆေးပါ။ အပြင်ထွက်ရင် Mask တပ်ပါ။ ဒီကာလကို အတူတူကျော်ဖြတ်ရအောင်နော်။

စာချစ်သူတို့အတွက် ကျန်းမာရေးဗဟုသုတလေးကို ဂန္ထဝင်မဂ္ဂဇင်းနဲ့ ZinComplex တို့မှ ပူးပေါင်းစီစဉ်တင်ဆက်ရတယ်။