ဘဝမှာကြိုတင်ပြင်ဆင်မှုရှိထားခြင်းရဲ့အကျိုးကျေးဇူးများ

blank

ကိုဗစ်ကြီးကလူတွေကိုအများကြီးပြောင်းလဲစေခဲ့ပါတယ်။ ကိုဗစ်ကပေးတဲ့သင်ခန်းစာတွေထဲမှာဘဝဆိုတာကြိုတင်ပြင်ဆင်မှုရှိထားရင် ဘယ်အခြေအနေရောက်ရောက်အဆင်ပြေပြေဖြတ်သန်းနိုင်စေတယ်ဆိုတဲ့ သင်ခန်းစာလည်းပါပါတယ်။ လူတွေအတွက်တော့ တကယ်အဖိုးတန်တဲ့သင်ခန်းစာတွေပါ။

အခုဆိုရင်…

– ကိုဗစ်ကာလမတိုင်ခင်ကသားသမီးတွေရဲ့ပညာရေးကိစ္စကိုသင်ကြားရေးဆရာတွေရဲ့တာဝန်သက်သက်လို့ မမှတ်ယူဘဲကိုယ်တိုင်ပူးပေါင်းပါဝင်ခဲ့ကြတဲ့မိဘတွေဟာအခုလိုအိမ်မှာနေပြီးအွန်လိုင်းကစာသင်ကြရချိန်မှာသာမန်မိဘတွေထက် ကလေးတွေကိုပိုကူညီပံ့ပိုးပေးနိုင်ကြပါတယ်။

– အားကစားအမြဲလုပ်ပြီးကျန်းမာအောင်နေထိုင်စားသောက်ခဲ့ကြသူတွေဟာအခုအချိန်မှာကိုဗစ်မကူးအောင် ကိုယ်ခံအားတက်ဖို့ အထူးတလည်ကြိုးစားနေစရာမလိုတော့ပါဘူး။

– မီးဖိုချောင်အလုပ်ကိုကိုယ်နဲ့မဆိုင်သလိုမနေခဲ့ကြသူတွေကလည်းအခုလိုအပြင်ဆိုင်တွေပိတ်ပြီးကိုယ်တိုင် ချက်စားရချိန်မှာဟန်ကျနေကြပါပြီ။

– မသုံးမဖြုန်းဘဲစုစုဆောင်းဆောင်းရှိခဲ့ကြသူတွေကလည်းအခုလိုကိုဗစ်ကြောင့် အလုပ်အကိုင်ထိခိုက်၊ ဝင်ငွေနည်းပါးသွားချိန်မှာသိပ်ပူပန်စရာမလိုဘဲဖြတ်သန်းနိုင်ကြပါတယ်။

– အာမခံထားရှိခြင်းကိုငွေကုန်တဲ့အလုပ်၊ မလိုတဲ့အလုပ်လို့မထင်ဘဲရေရှည်စီမံကိန်းအနေနဲ့ ထားထားခဲ့သူတွေကလည်းအခုအချိန်မှာအာမခံရှိနေခြင်းကြောင့် တခြားသူတွေထက် ပိုသက်တောင့်သက်သာရှိနေကြပြီ။

အထူးသဖြင့် ငွေကြေးစုဆောင်းခြင်းဟာအလွန်ကောင်းတဲ့ကြိုတင်ပြင်ဆင်မှုဖြစ်တာမှန်ပေမဲ့ ကျန်းမာရေးစရိတ်တွေကြီးမြင့်လွန်းတဲ့ဒီနေ့ခေတ်ကြီးမှာအကြောင်းကြောင်းကြောင့် ကြီးကြီးမားမားခွဲစိတ်ရတာတွေဖြစ်လာတဲ့အခါ စုဆောင်းထားသမျှ ကုန်လုနီးပါးကုသကြရပါတယ်။ အသက်အာမခံ၊ ကျန်းမာရေးအာမခံသာကြိုတင်ဝယ်ယူထားမယ်ဆိုရင် ကြီးမားတဲ့ဆေးကုသစရိတ်တွေကြောင့် တစ်သက်လုံးရှာဖွေစုဆောင်းထားသမျှတွေမထိခိုက်အောင် အာမခံကုမ္ပဏီကအကောင်းဆုံးအကာအကွယ်ဖြစ်စေမှာအမှန်ပါ။

ဘယ်အရာမှ ကြိုမသိနိုင်တဲ့လောကကြီးမှာသေချာတာကကောင်းတဲ့အရာအများစုဟာကြိုတင်ပြင် ဆင်ခြင်းဆီကပဲဖြစ်တည်လာကြတာပါ။ သင်လည်းသင်ကိုယ်တိုင်နဲ့သင့်မိသားစုအတွက် ဘယ်လိုအပြောင်းအလဲကြုံကြုံစိတ်အေးရစေမယ့်အာမခံချက်တစ်ခုကိုရှာဖွေနေတယ်ဆိုရင် KBZ MS ကိုသတိရလိုက်ပါနော်။

ယခုစာစောင်လေးကိုဂန္ထဝင်မဂ္ဂဇင်းနဲ့ KBZ MS တို့မှ ပူးပေါင်းစီစဉ်တင်ဆက်ထားတာဖြစ်ပါတယ်။