ဇင့်သောက်သုံးခြင်းဖြင့် ကိုဗစ်ကို ကြိုတင်ကာကွယ်ကြရအောင်။

blank

စာချစ်သူတို့ရေ…

ဇင့်ဟာခန္ဓာကိုယ်ရဲ့ကူးစက်ရောဂါတိုက်ဖျက်မှုစွမ်းရည်ကိုမြှင့်တင်ပေးပြီးဗိုင်းရပ်စ်ဆန့်ကျင်မှုကိုအားပေးတယ်။ရောင်ရမ်းမှုတွေကိုလျှော့ချပေးခြင်းအားဖြင့်ကိုဗစ်ကိုထိရောက်စွာဆန့်ကျင်ကာကွယ်ပေးနိုင်စွမ်းရှိတယ်လို့ပညာရှင်တွေနဲ့လတ်တလောလေ့လာတွေ့ရှိမှုအရသိရှိရပါတယ်။

အစားအစာနဲ့ကျန်းမာရေးဟာအဓိကချိတ်ဆက်နေတဲ့အတွက်ပြည့်ဝကောင်းမွန်တဲ့အာဟာရဟာအနာရောဂါဖြစ်ပွားမှုကိုဆန့်ကျင်ဖို့၊ကူးစက်ရောဂါဖြစ်ပြီးနောက်နာတာရှည်ရောင်ရမ်းမှုတွေမဖြစ်အောင်ကိုယ်ခံအားစနစ်ကိုအဓိကထောက်ပံ့ကူညီပေးပါတယ်။ကိုဗစ်ကာလအတွင်းဖြည့်တင်းပေးရမယ့်အာဟာရတွေထဲမှာဇင့်ဓာတ်လည်းထိပ်ဆုံးကပါပါတယ်။

မော်စကိုနိုင်ငံဆက်ရှင်နယ် (Sechenov) တက္ကသိုလ်မှလေ့လာခဲ့တဲ့ပညာရှင်တွေကတော့ဇင့်ဟာဗိုင်းရပ်စ်နှိမ်နင်းမှုကိုကူညီပေးပြီးရောင်ရမ်းမှုတွေကိုလျှော့ချပေးခြင်းအားဖြင့်ကိုဗစ်ကိုဆန့်ကျင်ပေးနိုင်တဲ့သတ္တုဓာတ်လို့ညွှန်းဆိုထားကြပါတယ်။ခန္ဓာကိုယ်အတွင်းအမျိုးမျိုးသောအခန်းကဏ္ဍတွေအတွက်လည်းဇင့်ကမရှိမဖြစ်လိုအပ်ပြီးအင်ဇိုင်းပေါင်း၃ဝဝကျော်ရဲ့လုပ်ဆောင်ချက်တွေကိုလည်းကူညီပံ့ပိုးပေးပါတယ်။ပုံမှန်ဇီဝဖြစ်ပျက်မှု၊မျိုးပွားမှု၊နှလုံးသွေးကြောဆိုင်ရာနဲ့ဦးနှောက်အာရုံကြောစနစ်တွေပုံမှန်လည်ပတ်ဖို့အတွက်ခန္ဓာကိုယ်ကဇင့်ဓာတ်ကိုလိုအပ်ပါတယ်။ကိုယ်ခံအားစနစ်အတွက်အဓိကအကျဆုံးဖြစ်တဲ့သွေးဖြူဥထုတ်လုပ်မှုကိုလည်းဇင့်ဓာတ်ကပဲထောက်ပံ့ကူညီပေးရတာပါ။

ဒါကြောင့်ကိုယ်ခံအားအထူးပြည့်ဝကောင်းမွန်ဖို့လိုအပ်နေတဲ့အခုလိုကိုဗစ်ကာလမှာဇင့်ဓာတ်ကိုအလေးထားဖြည့်တင်းသင့်ပါတယ်။ဇင့်ဓာတ်ရရှိဖို့ဆိုရင်ဇင့်ဓာတ်ကြွယ်ဝတဲ့အသား၊ငါး၊ပဲအမျိုးမျိုး၊အခွံမာသီးများနဲ့အစေ့အဆန်များကိုစားပေးလို့ရပါတယ်။ဟင်းသီးဟင်းရွက်နဲ့ဆန်မှာပါတဲ့Phytatesကတော့သံဓာတ်စုပ်ယူမှုကိုတားဆီးပါတယ်။ဒါကြောင့်သက်သတ်လွတ်သမားတွေအနေနဲ့ဆိုရင်နေ့စဉ်အစားအစာထဲဇင့်ဓာတ်ကို၅ဝ% ပိုထည့်စားပေးဖို့လိုအပ်ပါတယ်။

အစားအစာအနေနဲ့မဟုတ်ဘဲဇင့်ဓာတ်ကိုအလုံအလောက်ရရှိဖို့ဆိုရင်ဇင့်ဓာတ်အားဖြည့်ဆေးဖြစ်တဲ့ ZinComplex ကိုလည်းမှီဝဲပေးနိုင်ပါတယ်။

ဇင့်ဓာတ်ပြည့်ဝအောင်နေထိုင်ခြင်းဖြင့်မိမိနဲ့မိသားစုကျန်းမာရေးကိုကာကွယ်စောင့်ရှောက်ဖို့မမေ့ကြပါနဲ့နော်။

စာချစ်သူများကျန်းမာရေးဗဟုသုတရစေဖို့ယခုစာစောင်လေးကိုဂန္ထဝင်မဂ္ဂဇင်းနဲ့ZinComplexတို့မှပူးပေါင်းတင်ဆက်ထားတာဖြစ်ပါတယ်။