အမျိုးသမီးတွေအနေနဲ့ ဇင့်ဓာတ်ပြည့်ဝနေရင် ဘယ်လိုကောင်းကျိုးလေးတွေ ခံစားရမှာလဲ။

blank

စာချစ်သူတို့ရေ….။

ဇင့်ဓာတ်ဟာ ခန္ဓာကိုယ်အတွက် အရေးကြီးတဲ့ အာဟာရဓာတ်တစ်မျိုးဆိုတာကို အားလုံး သိကြပါတယ်။ အမျိုးသမီးတွေအနေနဲ့ ဇင့်ဓာတ်ပြည့်ဝခြင်းအားဖြင့် ဘယ်လိုကောင်းကျိုးလေးတွေ ခံစားရမလဲဆိုတာကိုတော့ ဒီစာစောင်လေးမှာ တင်ဆက်ပေးလိုက်ပါတယ်။

အမျိုးသမီးတွေအနေနဲ့ ဇင့်ဓာတ်ပြည့်ဝခြင်းအားဖြင့်…

၁။ ပြင်ပကဝင်လာတဲ့ အဆိပ်အတောက်တွေ၊ ရောဂါတွေကို ခုခံနိုင်မယ်။ ဗိုင်းရပ်စ်ပိုးတွေနဲ့ ကင်ဆာကိုတိုက်ဖျက်ပေးနိုင်တဲ့ T-cells တွေ ဖွံ့ဖြိုးလာမယ်။ ကိုယ်ခံစွမ်းအားမြှင့်တက်လာပြီး မကြာခဏဖျားနာခြင်းကို ကာကွယ်နိုင်မယ်။

၂။ သွေးတွင်းသကြားဓာတ်တွေ ညီမျှလာပြီး ဆီးချိုရောဂါဖြစ်ပွားနိုင်ချေ လျော့နည်းလာမယ်။

၃။ သွေးခဲတာတွေ လျော့နည်းလာတဲ့အပြင် အနာကျက်မြန်လာမယ်။

၎။ အစာကြေစေပြီး အာဟာရဓာတ်တွေကို ကောင်းစွာစုပ်ယူလာနိုင်မယ်။

၅။ အရသာခံနိုင်တဲ့ စွမ်းရည်တွေ မြှင့်တက်လာပြီး အစာစားလို့ ကောင်းလာမယ်။

၆။ အာရုံစူးစိုက်မှုကောင်းမွန်လာပြီး အလုပ်တွေကို ကောင်းကောင်းလုပ်လာနိုင်မယ်။

၇။ Metabolism တွေ ကောင်းမွန်လာပြီး အဆီလောင်ကျွမ်းမှုနှုန်းမြန်ဆန်လာမယ်။ ခန္ဓာကိုယ်ကျစ်လျစ်သွယ်လျလာမယ်။

ဇင့်ဓာတ်ပြည့်ဝတဲ့အခါ ခံစားရတဲ့ အကျိုးကျေးဇူးတွေကလည်း များပြားလှတာကြောင့် ဂန္ထဝင်စာချစ်သူပျိုမေတို့အနေနဲ့ ဇင့်ဓာတ်ပြည့်ဝအောင်နေဖို့ မမေ့ပါနဲ့နော်။

စာချစ်သူတို့အတွက် ဂန္ထဝင်မဂ္ဂဇင်းနဲ့  ZinComplex တို့မှ တင်ဆက်ပေးလိုက်တဲ့ ကျန်းမာရေးဗဟုသုတလေးကို နှစ်သက်တယ်ဆိုရင် ဝေမျှပေးလိုက်ပါဦး။