သမီးနဲ့အဖေ ဘယ်သူပိုလည်လဲ။

blank

ကျွန်တော့်မှာ ပျာကလတ်စိန်သမီးတစ်ယောက်ရှိတယ်။ ငယ်ငယ်ကတည်းက လမ်းလျှောက်ရင်းနဲ့ တွေ့ကရာကို ဝင်တိုက်တယ်။ ပန်းကန်ဆေးခိုင်းရင် ပန်းကန်ကွဲတယ်။ ယောင်လို့များ ထမင်းဟင်းမချက်ခိုင်းနဲ့ လက်အပူလောင်ရင်လောင် မလောင်ရင် ထမင်းအိုးက ပျော့၊တူး၊ မနှပ်တစ်ခုခုပဲ။ လျှပ်စစ်ပေါင်းအိုးနဲ့ ချက်ပြီးနောက်ပိုင်းမှာတော့ သိပ်မတူးတော့ပါဘူး။ ပျော့တာနဲ့ မာတာလောက်ပဲဖြစ်တတ်တယ်။

ဒါပေမဲ့ ကျွန်တော့်ရဲ့ ပျာကလတ်စိန်လေးက စာတော့တော်တယ်ဗျ။ အိမ်မှာတာ ပျာတာတာလုပ်တာ။ စာမေးပွဲဖြေရင် အဆင့်တစ်ချည်းပဲ။ ကျောင်းမှာလည်း သွက်သွက်လက်လက်နဲ့ ကူညီတတ်သူလေးအဖြစ် နာမယ်ကြီးတယ်။ သူငယ်ချင်းတွေအပေါ် စာနာတတ်ပြီး ဆရာမတွေကို ကူညီတတ်တဲ့ သမီးလေးကို ကျောင်းမှာအားလုံးက ချစ်ကြတယ်။ သူ့ပါသူ ပျာယာပျာယာနေတတ်ပေမယ့် လူသားဆန်ပြီး ချစ်စရာကောင်းတဲ့ သမီးလေးကို အချစ်ပိုနေရတာပေါ့။ သူ့ရဲ့ရည်မှန်းချက်က ဆရာဝန်ဖြစ်ချင်တာတဲ့။ “နင်ပျာယာပျာယာလုပ်တာနဲ့ လူနာတွေ ဒုက္ခရောက်ပါဦးမယ်ကွာ” စတော့ အဖေကလည်း သမီးက စာနဲ့အလုပ်နဲ့ပတ်သက်ရင် ရေခဲတုံးထက်တောင် သွေးအေးအေးနဲ့ ဖြေရှင်းနိုင်သေးတယ်တဲ့။ အပြောကတော့ ကြွယ်တယ်ဗျ။

အခုဆိုရင် ကျွန်တော်သမီး မပျာယာလေးဟာ ဆေးတက္ကသိုလ်ကိုတောင် တက်နေပြီ။ ကျောင်းတက်ပြီး သုံးလလောက်နေတော့ ကားတစ်စီးလောက်ဝယ်ပေးပါ အဖေရယ်တဲ့။ ကိုယ့်သမီးအကြောင်းကိုယ်သိနေတော့ ငွေရှိရက်နဲ့ နောက်တွန့်နေမိတယ်။ ထိုင်နေတုန်းက အကောင်း ထသွားကာမှကျိုး ဆိုသလို ကားဝယ်ပေးပြီးမှာ သူဝင်တိုက်တာတွေ ပြင်ပေးရင်းနဲ့ စည်းစိမ်ပြုတ်မှာ စိုးရိမ်မိတယ်။ တိုက်မိပြုမိလို့ အခြားလူတွေ ထိခိုက်တာ၊ သူထိခိုက်မှာတွေကိုလည်း တွေးပူမိတယ်လေ။

အဲ့ဒီအကြောင်း မယ်တော်ချောကိုပြောပြတော့ “ဖေဖေကလည်း သမီးက တာဝန်ယူစိတ် အပြည့်ရှိတဲ့ မိန်းကလေးတစ်ယောက်ဖြစ်နေပါပြီတဲ့။ သမီးကိုယ်သမီး မထိခိုက်အောင် သူများတွေကိုလည်း မထိခိုက်အောင် ကားမောင်းမယ်။ ယာဉ်စည်းကမ်းလမ်းစည်းကမ်းလိုက်နာပြီး မောင်းမယ်။ ပြီးရင်လေ ကားပျက်တာတို့ ထိခိုက်ပျက်စီးတာတို့ဖြစ်ရင်လည်း သမီးမုန့်ဖိုးထဲက ပြင်ပါ့မယ်” တဲ့။ အဲ့ဒီလိုပြောတဲ့ သမီးတစ်ယောက်ကို ဘယ်ဖခင်မျိုးက ငြင်းရက်နိုင်မှာလဲဗျာ။ ဒါနဲ့ပဲ နှစ်ပတ်လောက်အတွင်းမှာ သူလိုချင်တဲ့ ကားပုံစံမျိုးကို ရှာဖွေပြီး ဝယ်ပေးလိုက်ရတာပေါ့။

တစ်ရက်မှာတော့ သမီးအခန်းထဲမှာ ထားထားတဲ့ စာရွက်စာတမ်းတချို့ကို ဝင်ယူရင်း KBZ MS ရဲ့ အလုံးစုံမော်တော်ယာဉ်အာမခံကနေ အလုံးစုံမော်တော်ယာဉ် အာမခံထားထားတဲ့ စာရွက်စာတမ်းတွေကို တွေ့တယ်။ အဲ့ဒါက ဘာတွေလဲလို့မေးကြည့်တော့ သမီးက “ဖေဖေ့ဆီက ကားပြင်ဖို့နဲ့ ထိခိုက်နစ်နာမှုတွေအတွက် မတောင်းဘူးလို့ ပြောပြီး နောက်နေ့မှာပဲ KBZ MS ရဲ့ Motor Insurance အကြောင်း သိခဲ့ရတယ်ဖေဖေရဲ့။ အလုံးစုံမော်တော်ယာဉ် အာမခံထားခြင်းအားဖြင့် မတော်တဆထိခိုက်ခြင်းနဲ့ တိမ်းမှောက်တာ၊ သဘာဝဘေးအန္တရာယ်ကြောင့် မဟုတ်ဘဲ အပေါ်က ကျတဲ့အရာတွေကြောင့် ပျက်စီးတာ၊ မီးလောင်တာ၊ ပေါက်ကွဲတာ၊ မလိုတမာဖျက်ဆီးခံရတာတွေအတွက် အာမခံထားလို့ရတယ် အဖေရဲ့။ သမီးပျာကလတ်စိန်လုပ်လို့ မပျက်စီးအောင် သမီး ကာကွယ်လို့ရပေမယ့် ဘေးအန္တရာယ်တွေအတွက်ကတော့ အာမခံနဲ့ ကာကွယ်ထားရမယ်လေ ဖေဖေရဲ့။ ဒီနည်းနဲ့ သမီးရဲ့မုန့်ဖိုးတွေကို ကာကွယ်ရမယ်” တဲ့။

ကျွန်တော့်သမီးပျာကလတ်စိန်လေးက ဒါမျိုးကျတော့ တော်လိုက်တာနော်လို့ တွေးပြီးပြုံးမိတယ်။

သင်ကော… သင့်မော်တော်ယာဉ်အတွက် အာမခံထားပြီးပြီလား။

စာချစ်သူတို့အတွက် ကျန်းမာရေးဗဟုသုတလေးကို ဂန္ထဝင်မဂ္ဂဇင်းနဲ့ KBZMS တို့မှ ပူးပေါင်းစီစဉ်တင်ဆက်သည်။