မိနစ်ပိုင်းအတွင်း သွားကိုက်သက်သာသွားစေမယ့် နည်းလမ်းကောင်း ၇ ခု

blank

သွားကိုက်ဖူးသူတိုင်းကတော့ ကမ္ဘာမှာ အဆိုးဝါးဆုံးခံစားမှုက သွားကိုက်ဝေဒနာလို့ တညီတညွှတ် တည်း ဆိုကြပါတယ်။ အောင့်အည်းထားလို့မရတဲ့ဝေဒနာဟာ သွားကိုက်ဝေဒနာပါပဲ။ သွားကိုက်နေရင် အလုပ် လည်း ဖြောင့်ဖြောင့်မလုပ်နိုင်ပါဘူး။ ဒါကြောင့် သွားတစ်ခါကိုက်ဖူးသူတိုင်း နောက်ထပ်ခံစားရမှာကို ကြောက် ကြပါတယ်။ ဒါကြောင့် မကြာခဏသွားကိုက်တတ်သူတွေ၊ လက်ရှိမှာ သွားကိုက်နေသူတွေအတွက် မိနစ်ပိုင်း လေးအတွင်း သွားကိုက်သက်သာစေမယ့် အထိရောက်ဆုံးနည်းလမ်းလေးတွေကို မျှဝေပေးလိုက်ပါတယ်။

၁။ ရေခဲ

ရေခဲဝတ်ကပ်ပေးရင် မိနစ်ပိုင်းအတွင်း ရောင်ရမ်းမှုတွေလျော့ကျပြီး သွားကိုက်သက်သာသွား စေပါတယ်။

၂။ ငရုတ်ကောင်းလက်ဖက်ရည်

ရေနွေးကြမ်းပူပူထဲ ငရုတ်ကောင်းမှုန့်လက်ဖက်ရည်ဇွန်းတစ်ဇွန်းထည့်ပြီး မိနစ် ၂ဝ ထားပါ။ အဲ့ဒီရေနဲ့ အာလုတ်ကျင်းပါ။

၃။ လေးညှင်းပွင့်၊ ဒါမှမဟုတ် လေးညှင်းပွင့်အဆီ

လေးညှင်းပွင့်၊ ဒါမှမဟုတ် လေးညှင်းဆီကို ကိုက်နေတဲ့သွားကြားထဲထည့်ငုံပါ။

၎။ မာလကာရွက်

မာလကာရွက်ကို ရေနွေးပူပူထဲထည့်ပြုတ်ပါ။ အဲ့ဒီပြုတ်ရည်ကို ဆားခတ်ပြီး အာလုတ်ကျင်းပါ။

၅။ ဂျုံပင်

ဒီအတိုင်းဝါးပြီးငုံထားလို့ရသလို ဖျော်ပြီး ခံတွင်းဆေးရည်အနေနဲ့လည်း အသုံးပြုနိုင်ပါတယ်။

၆။ ကြက်သွန်ဖြူ

အနံ့ပြင်းသလောက် ဘက်တီးရီးယားပိုးတွေသေစေတဲ့၊ အဆိပ်အတောက်တွေပြေစေတဲ့ ကြက်သွန်ဖြူ ကို ငုံပေးလို့လည်း ရပါတယ်။

၇။ ဆားရေ

ဆားရေနွေးနွေးနဲ့ အာလုတ်ကျင်းပေးပါ။

အထက်ပါနည်းလမ်းလေးတွေက လွယ်ကူရိုးရှင်းတဲ့အတွက် လူတိုင်းပြုလုပ်နိုင်ကြပါတယ်။ အဲ့ဒီနည်း လမ်းတွေနဲ့ မသက်သာရင်တော့ အကိုက်အခဲမှန်သမျှကို မိနစ်ပိုင်းအတွင်းသက်သာပျောက် ကင်းစေတဲ့ Dolfenal အကိုက်အခဲပျောက်ဆေးသောက်ပါ။

စာချစ်သူများအားလုံးသွားကိုက်ဝေဒနာကင်းဝေးပြီး ကျန်းမာစေဖို့ ယခုစာစောင်လေးကို ဂန္ထဝင်မဂ္ဂဇင်း နဲ့ Dolfenal အကိုက်အခဲပျောက်ဆေးတို့မှ ပူးပေါင်းတင်ဆက်ထားပါတယ်။