အာမခံနဲ့ပတ်သက်ရင် သင့်အမြင်တွေကို ပြောင်းလဲချိန်တန်ပါပြီ။

blank

အာမခံဆိုတာကို သူဋ္ဌေးကြီးတွေပဲ ထားရတယ်လို့ ထင်ခဲ့ဖူးတယ်။ အာမခံထားဖို့အတွက် ငွေအလုံးအရင်းနဲ့ ပမာဏကြီးကြီးမားမားတွေလိုအပ်လိမ့်မယ်လို့ ထင်ခဲ့ဖူးသလို လစာနည်းတဲ့ သာမန်လူတွေအနေနဲ့ အာမခံထားဖို့ မလိုအပ်လာနိုင်ဘူးလို့လည်း ထင်ခဲ့တာပေါ့။ အာမခံလုပ်ငန်းအကြောင်းပြောလာရင် ကိုယ်နဲ့မသက်ဆိုင်တဲ့ ကိစ္စတစ်ခုကိုပြောနေသလိုပဲ သဘောထားခဲ့တယ်။ အသက်အာမခံ၊ ကျန်းမာရေးအာမခံ၊ ပညာရေးအာမခံ၊ ခရီးသွားအာမခံ၊ မော်တော်ယာဉ်အာမခံ၊ မီးအာမခံ စတဲ့အာမခံပေါင်းစုံအကြောင်း ကြားဖူးပေမယ့် ကိုယ်ထားရမယ့်အရာလို့လည်း မထင်ခဲ့ဘူးလေ။

ဒါပေမဲ့ ကိုရိုနာဗိုင်းရပ်စ်ရောက်လာတဲ့အခါ၊ ကိုယ်ဟာအချိန်မရွေးကူးစက်ခံရသူတွေထဲမှာ ပါသွားနိုင်တယ်ဆိုတာကို သိလာရတဲ့အခါမှာ ဆေးကုသမှုအတွက် ကုန်ကျစရိတ်တွေ ဘယ်လောက်ကြီးမားတယ်ဆိုတာကို မျက်ဝါးထင်ထင်သိမြင်လာခဲ့တယ်။ အကယ်၍ COVID-19 ကူးစက်ခံ့ခဲ့ရရင် ကုန်ကျမယ့် ဆေးကုသစရိတ်ကို တတ်နိုင်ပါ့မလား၊ ကိုယ်စုဆောင်းထားတာတွေကြောင့် တတ်နိုင်ခဲ့ရင်တောင် အလုပ်ဆက်မလုပ်နိုင်လို့ ဝင်ငွေမရှိတဲ့အခါ စုထားတာတွေကို ဘယ်လောက်ထိခိုက်သွားမလဲ၊ ကိုယ်သာတစ်ခုခုဖြစ်သွားခဲ့ရင် ကိုယ်ချစ်ရသူတွေ ဘယ်လိုကျန်ရစ်ခဲ့မလဲ။ သူတို့ရဲ့ ပညာရေးတွေအတွက် ဘယ်လိုဆက်လက်ရပ်တည်ရစ်မလဲဆိုတာကို တွေးပူမိလာတယ်။ လူတွေဟာ ကိုယ်ကိုယ်တိုင်ကျန်းမာရေးထိခိုက်ပြီး ဆေးကုသစရိတ်တွေကြောင့် မရှုနိုင်မကယ်နိုင်မဖြစ်ခင်အထိ ကျန်းမာရေးအာမခံအကြောင်းသိဖို့ခက်တယ်။ အိမ်ရဲ့စီးပွားရေးကို တာဝန်ယူထားရတဲ့သူဟာ ကျန်းမာရေးထိခိုက်ပြီး ငွေမရှာနိုင်တော့တာမျိုးဖြစ်လာတဲ့အထိ ပညာရေးအာမခံ အကြောင်းသိဖို့ခက်တယ်ဆိုတာကို သိလာခဲ့တယ်။ အထူးသဖြင့် COVID-19 ကြာင့် ကျောင်းတွေ၊ အလုပ်ရုံတွေပိတ်သွားတဲ့အခါမှာ ဘဝမှာ ဘယ်အရာမှ မသေချာဘူးဆိုတာကို သိလာခဲ့တယ်။ ဒါ့ကြောင့် ကျန်းမာရေးအာမခံထားတာက COVID-19 ကူးစက်ခြင်းကနေ ကာကွယ်နိုင်မှာတော့ မဟုတ်ပေမယ့် ကိုယ့်ကျန်းမာရေးအတွက်ကော ကျန်တဲ့မိသားစုဝင်တွေကိုပါ ငွေကြေးကြပ်တည်းခြင်းကနေကာကွယ်ဖို့ဆိုတာ သဘောပေါက်လာခဲ့တယ်။

မိဘတွေအနေနဲ့ မိမိရဲ့သားသမီးတွေအတွက် အကောင်းဆုံးတွေကိုပဲ ဖန်တီးပေးချင်တာက သဘာဝပါ။ ပညာရေးကတော့ သားသမီးတွေရဲ့ဘဝအတွက် အမှီအခိုကင်းကင်းနဲ့ အောင်အောင်မြင်မြင် ရပ်တည်နိုင်စေဖို့ မိဘတိုင်းဖန်တီးပေးထားချင်တဲ့ အရိပ်အာဝါသပါပဲ။ အဲ့ဒီအရိပ်အတွက် မိဘတွေက စီးပွားရေးကို ကြိုးစားပမ်းစားရှာရမယ်။ ရှာဖွေစုဆောင်းရမယ်။ အပတ်တကုတ်အလုပ်လုပ်ရမယ်လို့တော့ မိဘတိုင်းက သိထားကြပါတယ်။

ဒါပေမဲ့ ကမ္ဘာလောကထဲကို ကိုဗစ်ဆိုတဲ့ ကပ်ရောဂါကြီးမတော်တဆရောက်လာခဲ့သလိုပဲ မိဘတွေအနေနဲ့ ရောဂါဖြစ်ခဲ့လို့၊ မတော်တဆတစ်ခုခုဖြစ်ခဲ့လို့ ကလေးတွေရဲ့ ပညာရေးအတွက် ဆက်လက်ရပ်တည်ပေးနိုင်ခြင်းမရှိတော့ရင် ကလေးတွေရဲ့ ပညာရေးဟာရပ်တန့်သွားရတော့မှာလား။ ကလေးတွေဟာ ပညာကိုဆက်လက်သင်ယူနိုင်ခြင်းမရှိတော့ဘဲ နေရတော့မှာလား။ ကိုယ်ကြိုးစားပမ်းစားရှာဖွေထားတဲ့ငွေတွေကို ကျန်းမာရေးစရိတ်တွေအတွက် ပြန်သုံးရင်း အကုန်ခံရတော့မှာလားဆိုတာကို သုံးသပ်မိလာတယ်။

အာမခံထားခြင်းဆိုတာ မသေချာမရေရာဖြစ်နေတဲ့ မေးခွန်းတွေအတွက် သေချာရေရာတဲ့ အဖြေတစ်ခုပါပဲ။ မသေချာတဲ့မနက်ဖြန်ရဲ့ မသေချာတဲ့အခြေအနေတွေထဲမှာ ကိုယ်ချစ်ရသူတွေအတွက် သင့်ရဲ့ချစ်ခြင်းမေတ္တာတွေနဲ့အတူ ခိုင်မာတဲ့အာမခံချက်တစ်ခုကို ချန်ထားရစ်ခဲ့ချင်တယ်ဆိုရင် အသေချာဆုံးအဖြေက အာမခံထားခြင်းပါပဲ။

အာမခံထားခြင်းဆိုတာဟာ အရေးပါတယ်ဆိုတာကို အာမခံမထားလိုက်ရလို့ နောင်တတွေနဲ့အတူ ရခဲ့တဲ့ သင်ခန်းစာတစ်ခုမဖြစ်အောင်၊ အာမခံလိုအပ်တယ်ဆိုတာကို အရေးအကြီးဆုံးအခြေအနေရောက်မှ နားလည်သွားတာမျိုးမဖြစ်ရအောင် သင့်အတွက်လိုအပ်တဲ့ အာမခံချက်တွေ ကြိုတင်ယူထားဖို့အရေးကြီးပါတယ်။ မနက်ဖြန်ဆိုတာက မသေချာဘူးဆိုရင် သေချာတဲ့ဒီနေ့မှာ ကျွန်မတို့လုပ်လို့ရတာ တစ်ခုပဲရှိတယ်။ အဲ့ဒါဟာ အာမခံထားခြင်းပါပဲ။

သင်ကော…. အာမခံရဲ့အရေးပါပုံကို အာမခံလိုအပ်လာတဲ့အချိန်ကျမှ သိလာမှာလား။

စာချစ်သူတို့အတွက် ဗဟုသုတလေးကို ဂန္ထဝင်မဂ္ဂဇင်းနှင့် KBZMS တို့မှ ပူးပေါင်းစီစဉ်တင်ဆက်ပေးလိုက်ပါတယ်ရှင်။