ဝက်ခြံကင်းစင်တဲ့ အသားအရေလေးပိုင်ဆိုင်ချင်ရင် ဇင့်ဓာတ်ကို မှီဝဲပါ။

blank

ဂန္ထဝင်စာချစ်သူတို့ရေ…

ပြစ်မျိုးမှဲ့မထင် ချောမွေ့တဲ့မျက်နှာလေးမဟုတ်ရင်တောင် ဝက်ခြံကင်းစင်တဲ့ မျက်နှာလေးတစ်ခုကို ပိုင်ဆိုင်ချင်တာကတော့ လူတိုင်းရဲ့ဆန္ဒပဲလို့ ထင်ပါတယ်။ ဝက်ခြံရှိခြင်းက အမျိုးသမီးတွေအတွက် အလှတရားကို ထိခိုက်စေသလို အမျိုးသားတွေအနေနဲ့လည်း တစ်ခါတရံမှာ ဝက်ခြံကြောင့် ကိုယ့်ကိုယ်ကိုယ်ယုံကြည်မှုကို ထိခိုက်စေတာ ရှိပါတယ်။ ဒါ့အပြင် ဝက်ခြံသက်သာပျောက်ကင်းဖို့ အစားရှောင်ရတာတွေ၊ အသားအရေနဲ့ ပတ်သက်ပြီး တခြားသူတွေထက် အများကြီးပိုဂရုစိုက်ထိန်းသိမ်းရတာကလည်း လွယ်ကူတဲ့ကိစ္စတော့ မဟုတ်ပါဘူး။

ဆယ်ကျော်သက်အရွယ်မှာ ဝက်ခြံထွက်ရခြင်းဟာ ဟော်မုန်းပြောင်းလဲမှုနဲ့ဆိုင်ပါတယ်။ အရွယ်ရောက်လာချိန်အထိ ဝက်ခြံအမြဲထွက်နေတာကိုတော့ လေ့လာသူပညာရှင်တွေက အရေပြားနဲ့ သွေးထဲမှာ လိုအပ်တဲ့ သတ္တုဓာတ်ပမာဏလျော့နည်းနေတာကြောင့်လို့ ဆိုထားကြပါတယ်။ အထူးသဖြင့် ဇင့်ဓာတ်ချို့တဲ့ခြင်းက ဝက်ခြံထွက်စေပါတယ်။ ဒါကြောင့် ဝက်ခြံပျောက်ဆေးတွေ၊ အလှကုန်တွေဖော်စပ်ရာမှာ ဇင့်ဓာတ်ကို မဖြစ်မနေ ထည့်သွင်းအသုံးပြုကြတာဖြစ်ပါတယ်။ ဇင့်မှာ ရောင်ရမ်းခြင်းတွေကို ဆန့်ကျင်ပေးတဲ့ ဂုဏ်သတ္တိရှိပြီး၊ ခန္ဓာကိုယ်အတွက် သက်စောင့်ဓာတ်လို့ ခေါ်ဆိုကြတဲ့ အင်တီအောက်ဆီဒင့်စ်လည်း ပါဝင်နေပါတယ်။

ဒါကြောင့်… ဝက်ခြံသက်သာပျောက်ကင်းလိုသူများအနေနဲ့ ဇင့်ဓာတ်ကြွယ်ဝတဲ့ အစားအစာတွေကို လုံလောက်တဲ့ပမာဏအထိနေ့စဉ်စားသုံးပေးရင်လည်း ရပါတယ်။ ဇင့်ဓာတ်ကြွယ်ဝတဲ့ ထိပ်တန်းအစားအစာ တွေထဲက တချို့ကတော့ ကနုကမာ၊ အမဲသား၊ ကြက်ခြေထောက်၊ ပဲပြား၊ လျှော်စေ့၊ ပဲနီကလေး၊ အဆီထုတ်ထားတဲ့ ဒိန်ချဉ်၊ အုတ်ဂျုံ တို့ပဲဖြစ်ပါတယ်။ အဲ့ဒါတွေစားပေးသင့်သလို ဝက်ခြံသမားတွေရှောင်ကြဉ်သင့်တဲ့ အစားအစာတချို့လည်း ရှိပါသေးတယ်။ အဲ့ဒါတွေကတော့ သကြား၊ အဆီထုတ်မထားတဲ့ နွားနို့၊ နို့ထွက်ပစ္စည်းများ၊ ကြက်သား၊ ကော်ဖီတို့ပါပဲ။

ရှောင်လို့ရပေမဲ့၊ ဇင့်ဓာတ်ပါဝင်တဲ့ အစားအစာတွေကို လုံလောက်တဲ့ ပမာဏအထိ နေ့စဉ်စားသုံးမိဖို့ဆိုတာက မလွယ်ကူပြန်ပါဘူး။ ဒါကြောင့် နေ့စဉ်လိုအပ်နေတဲ့ဇင့်ဓာတ်ပမာဏကို ဖြည့်တင်းဖို့ ဇင့်ဓာတ်အားဆေးကို သောက်သုံးဖို့လည်း မမေ့သင့်ပါဘူးနော်။

စာဖတ်ပရိသတ်များအားလုံး ဝက်ခြံကင်းဝေးပြီး ကျန်းမာလှပတဲ့နေ့ရက်များကို ပိုင်ဆိုင်နိုင်ပါစေ။  ဗဟုသုတလေးတွေမျှဝေဖို့ ဒီစာစောင်လေးကို တခြားသူတွေအတွက်လည်း SHARE  ပေးလိုက်ပါဦးနော်။

စာချစ်သူများအတွက် ယခုစာစောင်လေးကို ဂန္ထဝင်မဂ္ဂဇင်းနဲ့ ZinComplex တို့မှ ပူးပေါင်းတင်ဆက်ထားပါတယ်။