အဆစ်အမြစ်နာကျင်ကိုက်ခဲခြင်းတွေကို မှန်ကန်တဲ့ စားသောက်နေထိုင်မှုတွေနဲ့ သက်သာအောင် ထိန်းချုပ်ဖို့

blank

စာချစ်သူတို့ရေ….။

အဆစ်အမြစ်နာကျင်ကိုက်ခဲခြင်းဟာ လူအများစု ခံစားရတတ်တဲ့ ရောဂါဝေဒနာတစ်မျိုးပါ။ လှုပ်ရှားမှုများတာ၊ စားသောက်နေထိုင်မှုမှားယွင်းတာ၊ ကိုယ်အလေးချိန်တက်လာတာနဲ့ အသက်ရလာတာစတဲ့ အရာတွေဟာ အရိုးအဆစ်တွေကို နာကျင်ကိုက်ခဲတတ်ပါတယ်။ လေးဖက်နာ၊ ဂေါက်နဲ့ အခြား အရိုးအဆစ်ဆိုင်ရာ ပြဿနာတွေကြောင့်လည်း အရိုးအဆစ်နာကျင်ခြင်းတွေကို ပြင်းထန်စွာခံရတတ်ပါတယ်။

အမေရိကန်နိုင်ငံမှာရှိတဲ့ ရောဂါကာကွယ်ရေးနဲ့ ထိန်းချုပ်ရေးဋ္ဌာနဆိုင်ရာ ကျွမ်းကျင်သူတွေ၊ အရိုးအကြောဆိုင်ရာ ဆရာဝန်တွေနဲ့ သုတေသနပညာရှင်တွေအနေနဲ့ ဘယ်လိုနေထိုင်စားသောက်နည်းတွေက အဆစ်အမြစ်နာကျင်ခြင်းတွေကို လျော့ပါးစေလဲဆိုတာကို လေ့လာကြည့်လိုက်တဲ့အခါမှာ အောက်ပါအချက်အလက်တွေကို ရှာဖွေတွေ့ရှိခဲ့ပါတယ်။ ဒါ့ကြောင့်သင့်အနေနဲ့ မကြာခဏဆိုသလို အရိုးအဆစ်တွေနာကျင်ကိုက်ခဲတတ်တယ်ဆိုရင် အောက်ပါအကြံပြုချက်တွေကို လိုက်နာကြည့်လိုက်ပါနော်။

ဤဆောင်းပါးကိုဂန္ထဝင်မဂ္ဂဇင်းမှရေးသားတင်ဆက်သည်။

၁။ အဝလွန်ခြင်းဟာ အရိုးနဲ့ အဆစ်တွေအပေါ် ဖိအားတွေဖြစ်စေတာကြောင့် အရိုးအဆစ်တွေ မကြာခဏ နာကျင်ကိုက်ခဲတတ်ပါတယ်။ ဒါ့ကြောင့် ကိုယ်အလေးချိန်ကို ဂရုတစိုက်နဲ့ ထိန်းသိမ်းပေးပါ။
၂။  သင့်တော်တဲ့ ကိုယ်လက်လှုပ်ရှားမှုတွေ ပြုလုပ်ခြင်းဟာ အရိုးအဆစ်တွေကို အားရှိစေပြီး လှုပ်ရှားမှုတွေကိုလည်း မှန်ကန်စေတဲ့အပြင် နာကျင်ကိုက်ခဲမှုတွေကို လျော့ပါးစေပါတယ်။ ဒါ့ကြောင့် အရိုးအဆစ်တွေ နာကျင်ကိုက်ခဲတတ်တယ်ဆိုရင် ကျွမ်းကျင်သူတွေနဲ့ တိုင်ပင်ပြီး သင့်တော်တဲ့ လေ့ကျင့်ခန်းတွေ လုပ်ပေးသင့်ပါတယ်။
၃။ ကျန်းမာရေးနဲ့ ညီညွတ်တဲ့ အစားအစာတွေ ဖြည့်စွက်စာတွေဟာ အရိုးအဆစ်တွေ ရောင်ရမ်းခြင်းတွေကို သက်သာစေတာပါ။ အိုမီဂါ ဖက်တီးအက်ဆစ်-၃ ဟာ အရိုးအဆစ်နာကျင်ကိုက်ခဲတတ်သူတွေ မရှိမဖြစ် ဖြည့်တင်းရမယ့် ဓာတ်စာတစ်မျိုးပဲ ဖြစ်ပါတယ်။
၎။ ဆေးလိပ်သောက်ခြင်းဟာ ခန္ဓာကိုယ်ရဲ့ နာကျင်မှုတွေကို သဘာဝအတိုင်း သက်သာစေတဲ့ လုပ်ဆောင်ချက်တွေကို နှေးစေပြီး သွေးစီးဆင်းမှုတွေကိုလည်း လျော့စေတာကြောင့် ဆေးလိပ်ဖြတ်ပါ။
၅။ စိတ်ဖိစီးမှုဟာ ခန္ဓာကိုယ်ရဲ့ ခုခံစွမ်းအားကို လျော့ပါးစေတာကြောင့် စိတ်ဖိစီးမှုတွေကို လျှော့ချပါ။ အသက်ရှူလေ့ကျင့်ခန်းလုပ်တာမျိုး၊ တရားထိုင်တာမျိုးတွေ လုပ်ပါ။
၆။ အအေးမိခြင်းဟာ အဆစ်အမြစ်နာကျင်ကိုက်ခဲခြင်းတွေကို ပိုဆိုးစေတာကြောင့် အအေးမမိအောင်ဂရုစိုက်ပါ။ မိုးရွာတဲ့အခါ၊ အေးတဲ့ရာသီတွေမှာ နွေးနွေးထွေးထွေးနေပါ။
၇။ အဆစ်အမြစ်နာကျင်ကိုက်ခဲတဲ့အခါမှာ ပိုဆိုးလာမယ့်အချိန်အထိ ထိုင်စောင့်မနေဘဲ ဆေးသောက်တာမျိုး၊ လိမ်းဆေးလိမ်းတာမျိုးတွေ လုပ်ပေးပါ။ ဆေးသောက်တဲ့အခါမှာလည်း ကျန်းမာရေးအတွက် ဘေးကင်းစိတ်ချရတဲ့ အရည်အသွေးကောင်းမွန်တဲ့ ဆေးဝါးတွေကို သောက်သုံးပါ။

စာချစ်သူတို့အတွက် ကျန်းမာရေးဗဟုသုတလေးကို ဂန္ထဝင်မဂ္ဂဇင်းနဲ့ Dolfenal တို့မှ ပူးပေါင်းစီစဉ်တင်ဆက်ပေးလိုက်ပါတယ်ရှင်။