ခေါင်းတစ်ခြမ်းကိုက်တာကို သက်သာစေမယ့် နည်းလမ်းများ။

blank

ခေါင်းတခြမ်းကိုက်ခြင်းဟာ တဆစ်ဆစ်နဲ့ခံရခက်တာမို့ ခေါင်းကိုက်နေရင် အလုပ်လည်း မတွင်တော့ပါဘူး။ ဒါကြောင့် မြန်မြန်သက်သာအောင် ဆောင်ရန်၊ ရှောင်ရန်လေးတွေ သိထားတာ အကောင်း ဆုံးပါပဲ။ အထူးသဖြင့် သင့်ခေါင်းကိုက်ဝေဒနာကို ပိုမိုဆိုးဝါးစေတဲ့အချက်တွေကို သိထားသင့်ပါတယ်။

၁။ ပူပန်မှုများတာ။

လူအများစု ခေါင်းကိုက်ရခြင်းအကြောင်းရင်းက အတွေးတွေများတာကြောင့်ပါ။ ခေါင်းကိုက်နေချိန်မှာ စိတ်ပူစရာတွေတွေးလိုက်ရင် ပိုဆိုးလာစေပါတယ်။ တရားထိုင်ခြင်း၊ လေ့ကျင့်ခန်းလုပ်ခြင်း၊ သက်တောင့် သက်သာအနားယူခြင်းတို့နဲ့ စိတ်ပူပန်မှုနည်းအောင် နေသင့်ပါတယ်။

၂။ အိပ်ချိန်ပြောင်းလဲခြင်း

အိပ်စက်ခြင်းက ဦးနှောက်အပါအဝင် ခန္ဓာကိုယ်ရဲ့ အစိတ်အပိုင်းအားလုံးကို အသစ်ပြန်လည်ပြုပြင်ပေး တဲ့အတွက် အိပ်ချိန်ကမောက်ကမဖြစ်သွားရင် ခေါင်းပိုကိုက်စေပါတယ်။ အဲ့ဒီလိုမဖြစ်ဖို့ဆိုရင် ညတိုင်းပုံမှန်အိပ် ရာဝင်ပါ။ ၈ နာရီအပြည့်အိပ်ပါ။ အိပ်ရာထဲ သီချင်းနားထောင်တာ၊ တီဗွီကြည့်တာ၊ စာအုပ်ဖတ်တာရှောင်ပါ။

၃။ ဟော်မုန်းအပြောင်းအလဲ

အမျိုးသမီးတွေဟာ ရာသီလာချိန်မှာ ဟော်မုန်းပြောင်းလဲမှုတွေကြောင့် ခေါင်းတစ်ခြမ်းကိုက်တာကို ခံစားကြရပါတယ်။ နေထိုင်စားသောက်မှုပုံစံနဲ့ ကိုယ်ဝန်တားတဲ့နည်းလမ်းတွေကို ပြောင်းလဲကြည့်ခြင်းအားဖြင့် ဟော်မုန်းတွေကို တည်ငြိမ်အောင် ပြလုပ်နိုင်ပါတယ်။

၎။ ရာသီဥတုအပြောင်းအလဲ

အပူလွန်၊ အအေးလွန်ခြင်းစတဲ့ ရာသီဥတုအပြောင်းအလဲတွေကလည်း ခေါင်းတစ်ခြမ်းကိုက်စေပါ တယ်။ ရာသီဥတုကို မထိန်းချုပ်နိုင်ပေမဲ့ ရာသီဥတုအပြောင်းအလဲကိုကြည့်ပြီး ကိုယ့်ကိုယ်ကိုယ်ဂရုစိုက်သင့်ပါ တယ်။

၅။ အစားအစာ

အချိုမှုန့်၊ ချောကလက်၊ ချိစ်၊ နို့ထွက်ပစ္စည်းတွေ၊ ကဖိန်းဓာတ်ပါဝင်တဲ့ အစားအစာတွေဟာ ခေါင်း ပိုကိုက်စေတဲ့ အကြောင်းရင်းတွေထဲပါဝင်ပါတယ်။ ခေါင်းကိုက်နေချိန်မှာ အဲ့ဒီအစားအစာတွေကို ရှောင်ပါ။

၆။ ရေဓာတ်ခန်းခြောက်ခြင်း

ရေဓာတ်ခန်းခြောက်ခြင်းဟာ ခေါင်းကိုက်ခြင်း၊ မူးဝေခြင်းအပါအဝင် ခန္ဓာကိုယ်တစ်ခုလုံးနီးပါးကို ထိ ခိုက်စေပါတယ်။ အပြင်ထွက်ရင် ရေဘူးယူသွားပါ။ ရေဓာတ်ပြည့်ဝအောင်သောက်ပါ။

၇။ အလင်းရောင်

ခေါင်းတစ်ခြမ်းကိုက်သူများအတွက် သာမန်အလင်းရောင်ကလည်း ရန်သူပါပဲ။ အပြင်ထွက်ရင် နေကာ မျက်မှန်တပ်ပါ။ နေပြင်းတဲ့နေရာတွေကို ရှောင်ပါ။

၈။ အနံ့

ခေါင်းကိုက်နေချိန်မှာ တချို့သောအမွှေးအကြိုင်တွေရှူရှိုက်မိခြင်းကလည်း ခေါင်းကိုက်ဝေဒနာကို ပို ဆိုးစေပါတယ်။ ရေမွှေးနံ့၊ အနံ့ပြင်းတဲ့စားစရာတွေနဲ့ ဝေးဝေးနေပါ။

လူတစ်ယောက်ရဲ့အလုပ်လုပ်နိုင်စွမ်းဟာ ဦးနှောက်ပေါ်မူတည်တဲ့အတွက် ခေါင်းကိုက်နေတဲ့အခါ မပေါ့ ဆဘဲ မြန်မြန်သက်သာအောင် ပြုလုပ်သင့်ပါတယ်။ အထက်ဖော်ပြပါ ဖြေရှင်းနည်းလေးတွေအပြင် အကိုက် အ ခဲပျောက်ဆေးအကူအညီပါယူရင်တော့ ယူပစ်လိုက်သလို မြန်မြန်သက်သာသွားပြီပေါ့။

မိတ်ဆွေများကျန်းမာရေးဗဟုသုတရစေဖို့ ဒီစာစောင်လေးကို ဂန္ထဝင်မဂ္ဂဇင်းနဲ့ Dolfenal တို့မှ ပူးပေါင်းတင်ဆက်ထားပါတယ်။