ဇင့်ဓာတ်အားဆေးကို ဘယ်အချိန်သောက်တာ အထိရောက်ဆုံးလဲ။

blank

စာချစ်သူတို့ရေ…

ကိုဗစ်ကာလဆိုတော့ ကိုယ်ခံအားကောင်းစေတဲ့ အစားအစာတွေ၊ ဆေးဝါးတွေကို ပိုဂရုစိုက်မှီဝဲနေကြ လား။

ဒါဆိုရင်တော့ ဇင့်ဓာတ်ပါဝင်တဲ့ အားဆေးတွေကိုလည်း ဦးစားပေးနေရာမှာထားဖို့ အကြံပြုချင်ပါတယ်။ ဘာကြောင့်လဲဆိုတော့ ဇင့်ဓာတ်ဟာ ကိုယ်ခံအားကို ကောင်းမွန်စေတယ်။ ဖျားနာတာတွေကို မြန်မြန်သက်သာ စေတယ်။ အစားအသောက်ပျက်နေရင် ခံတွင်းပြန်ကောင်းလာစေတယ်။  သားသမီးရတနာရလိုသူများအတွက် လည်း အထောက်အကူဖြစ်စေပါတယ်။ ကလေးတွေကြီးထွားဖွံ့ဖြိုးမှုအတွက်ဆိုရင်လည်း ဇင့်က မရှိမဖြစ်ပါပဲ။

ဒါပေမဲ့… ဘယ်ဆေးမဆို သူ့အချိန်နဲ့သူ၊ သူ့ပမာဏနဲ့သူ မှန်ကန်စွာသောက်ပေးမှ ဆေးအာနိသင်ပိုထိ ရောက်စေတာပါ။ ဇင့်မှာလည်း ဆေးစွမ်းအာနိသင်ပိုထိရောက်စေဖို့ သောက်သင့်တဲ့အချိန်လေးတွေ ရှိပါတယ်။

အစားစားပြီးနောက် အနည်းဆုံးတစ်နာရီ၊ ဒါမှမဟုတ် ၂ နာရီအကြာမှသောက်တာဟာ ဇင့်ဓာတ်ကို ထိ ထိရောက်ရောက် ရရှိနိုင်ဆုံးပါပဲ။ အစာမရှိဘဲသောက်ရင်တော့ ရေရှည်မှာ အစာအိမ်ကို ထိခိုက်စေပါတယ်။ ဒါ့ အပြင် အချိန်မှန်မှန်သောက်ရာကနေ သောက်ဖို့မေ့သွားရင်လည်း တတ်နိုင်သမျှ မြန်မြန်ပြန်သောက်ပေးပါ။ ဒါမှ မဟုတ် နောက်တစ်ကြိမ်သောက်ဖို့နဲ့ သိပ်နီးကပ်သွားရင်တော့ မသောက်သင့်တော့ပါဘူး။ တစ်ခါတည်းနဲ့ နှစ် ကြိမ်စာလည်း မသောက်ပါနဲ့။ ဖြစ်နိုင်ရင်တော့ သင့်ခန္ဓာကိုယ်ရဲ့လိုအပ်မှုအပေါ်မူတည်ပြီး ဆရာဝန်ညွှန်ကြား ချက်အတိုင်း ဇင့်ဓာတ်သောက်သုံးနေတဲ့အခါ နေ့စဉ်အချိန်မှန်မှန်သောက်တာအကောင်းဆုံးပါ။

ဆေးကို သိမ်းဆည်းတဲ့အခါမှာလည်း ကလေးတွေလက်လှမ်းမမီနိုင်တဲ့ နေရာမျိုးမှာ ထားသင့်ပါတယ်။ အပူနဲ့နီးလွန်းတဲ့နေရာ၊ စွတ်စိုတဲ့နေရာနဲ့ နေရောင်တိုက်ရိုက်ထိတဲ့နေရာတွေနဲ့လည်း ဝေးဝေးမှာထားပါ။ ဆေး ဘူးကို လုံခြုံအောင်သေချာပိတ်ပြီး အအေးဓာတ်ရှိတဲ့အခန်းထဲထားတာ၊ ဒါမှမဟုတ် ရေခဲသေတ္တာထဲသိမ်းတာ တွေကတော့ အဆင်ပြေဆုံးပါပဲ။

ဇင့်ဓာတ်ကို မှန်ကန်စွာသောက်သုံးခြင်းဖြင့် ကျန်းမာရေးအတွက် ထိရောက်တဲ့ အကျိုးကျေးဇူးကောင်း တွေအများကြီးရရှိပါစေနော်။

ဂန္ထဝင်စာချစ်သူများကျန်းမာရေးဗဟုသုတရစေဖို့ ယခုစာစောင်လေးကို ဂန္ထဝင်မဂ္ဂဇင်းနဲ့ Zinc Complex အားဆေးတို့မှ ပူးပေါင်းတင်ဆက်ထားပါတယ်။