ဘဝထဲကို အလင်းပေးခဲ့တဲ့ သူမများ

blank

သူမ….။

ပျော့ပြောင်းတယ်။ နူးညံ့တယ်။ သိမ်မွေ့တယ်။ အားနည်းတယ်။ အားငယ်တတ်တယ် လို့ အများစုသတ်မှတ်ထားတတ်တဲ့ မိန်းကလေးတွေပေါ့။ သင်က သူမရဲ့ တန်ဖိုးတွေကို သိပ်တောင် မမြင်မိဘူးလေ။

သင်သိလား…

ကြောက်တတ်တယ်ဆိုတဲ့ သူမဟာ သင့်ရဲ့မှောင်နေတဲ့ ဘဝလမ်းတွေမှာ သင့်ကိုအဖော်ပြုပြီး သင့်ကိုအလင်းပေးခဲ့တယ်။

အားငယ်တတ်တယ်ဆိုတဲ့ သူမဟာ သင်အားငယ်နေတဲ့အချိန်မှာ သင့်စိတ်ဓာတ်တွေကို ပြန်လည်ပြည့်ဝစေခဲ့တယ်။

အသည်းငယ်တယ်ဆိုတဲ့ သူမဟာ သင့်အတွက် လောကကြီးကိုအံတုရဲတဲ့ သတ္တိတွေနဲ့ ပြည့်ဝနေခဲ့တယ်။

သူမဟာ တစ်ခါတရံမှာ နားလည်ရခက်တယ်။

တစ်ခါတစ်ရံမှာ လျှို့ဝှက်တတ်တယ်။

တစ်ခါတလေမှာ ရှုပ်ထွေးမှုတွေနဲ့ ရောထွေးနေတဲ့ ပဟေဠိတစ်ပုဒ်နဲ့ တူနေပြန်တယ်။

မျက်ရည်လွယ်တယ်။ အားငယ်တတ်တယ်။ ဒါပေမဲ့ သင့်ရဲ့မျက်ရည်တွေတိုင်းကို ခမ်းခြောက်စေခဲ့တယ်လေ။

သူမဟာ အသေးအဖွဲတိုင်းကိုခံစားနေတတ်တဲ့ သူမဟာ သင့်ရဲ့ အပြုအမူတိုင်းကို တန်ဖိုးထားနေတတ်တယ်။

သူမဆိုတာ သင့်ရဲ့ဘေးနားမှာ ပုံစံမျိုးစုံနဲ့ အတူတူရှိနေပေးတဲ့ သင့်ဘဝထဲက အမျိုးသမီးတွေပါပဲ။ သူမဟာ သင့်ဘေးမှာ အမေအဖြစ်နဲ့၊ ချစ်သူမိန်းကလေးအဖြစ်နဲ့၊ ညီမလေးအဖြစ်နဲ့၊ အစ်မအဖြစ်နဲ့၊ ဇနီးအဖြစ်နဲ့ သမီးအဖြစ်နဲ့ ပုံစံမျိုးစုံနဲ့ ရှိနေပါတယ်။ သူမရဲ့ ပုံစံတွေဟာ ကွဲပြားနေသလို သင့်အတွက် ချစ်ခြင်းမေတ္တာတွေ၊ ဂရုစိုက်မှုတွေ၊ နွေးထွေးမှုတွေ၊ ကြင်နာခြင်းတွေကိုလည်း ပုံစံအစုံနဲ့ ပေးနေပါတယ်။

သူမဟာ ကောင်းကင်ပေါ်က ကြယ်ပွင့်လေးတွေလို မှောင်မိုက်နေတဲ့အခါ လမ်းပြပေးတတ်ပြီး ဖိအားတွေကြားမှာ တောက်ပနေတဲ့ စိန်ပွင့်လိုပဲ ခိုင်မာတဲ့ခွန်အားတွေနဲ့ သင့်ကိုအားပေးနေပါတယ်။ သူမဟာ သင့်ကိုရယ်မောစေတယ်။ ပြုံးပျော်စေတယ်။ သင့်ရဲ့အခက်အခဲတွေကို လျော့ပါးစေတယ်။ သင့်ကို သင့်ထက်ပိုပြီးနားလည်ပေးပြီး သင့်အတွက် အမြဲအသင့်ရှိနေပေးတဲ့ သူမကို သင့်ဘက်က ဘာတွေပေးပြီးပြီလဲ။

မနက်ဖြန်ဟာ မြန်မာအမျိုးသမီးများနေ့ပါ။

နေ့ရက်တိုင်းမှာ သူမကိုကျေးဇူးတင်ကြောင်းပြောဖို့၊ ချစ်ခင်ကြင်နာကြောင်း ပြသဖို့မမေ့ပါနဲ့နော်။ ဘာဖြစ်လို့လဲဆိုတော့ သင်ပြန်ပေးတဲ့ ချစ်ခြင်းမေတ္တာတွေ၊ ဂရုစိုက်မှုတွေဟာ စိန်လိုသူမအတွက် မှန်ကန်လှပစွာ သွေးထားတဲ့ ရတနာတစ်ပါးလိုဖြစ်အောင် လင်းလက်တောက်ပစေလို့ပါ။ သင့်ရဲ့ ကြင်နာမှုသေးသေးလေးတွေ၊ ကျေးဇူးတင်စကားလေးတွေဟာ သူမကို ဒီဇိုင်းဆန်းတဲ့ စိန်ထည်လေးလိုပဲ ပိုပြီး ထူးခြားဆန်းသစ်စေလို့ပါ။

ဒါ့ကြောင့် သင့်ရဲ့ အဖိုးမဖြတ်နိုင်စရာ သူမကို ကျေးဇူးတင်ကြောင်းပြောပြပါ။ တော်ဝင်စိန်တိုက်က လက်ဝတ်ရတနာတွေလက်ဆောင်ပေးပြီး ဂရုစိုက်ကြောင်းပြသလိုက်ပါ။

ဒီနေ့ကျရောက်တဲ့ မြန်မာအမျိုးသမီးများနေ့ကို သင်ရယ်၊ သင်တန်ဖိုးထားတဲ့သူမရယ်နဲ့အတူ ဂန္ထဝင်နဲ့ တော်ဝင်စိန်တိုက်တို့ အတူတူပူးပေါင်းပြီး ဆင်နွှဲလိုက်ကြရအောင်။