တစ်ဖက်သားရဲ့ယုံကြည်ချက်ကို လှောင်တာက သူငယ်ချင်းကောင်းတွေရဲ့လုပ်ရပ်လား။

ကျွန်မက ငယ်ငယ်လေးကတည်းက ဝလာတဲ့သူပါ ဂန္ထဝင်ရေ…

ဝတော့ မလှပါဘူး။ ကျွန်မနဲ့ပေါင်းတဲ့သူငယ်ချင်းတွေကတော့ ပိန်ပိန်လေးတွေနဲ့ လှကြပါတယ်။ ကျွန်မ တို့ကြားက ဆက်ဆံရေးလည်း အဆင်ပြေပါတယ်။ အခု ကျွန်မဝိတ်ချနေပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ အ သက်အစိတ်ကျော်လာတော့ ဝတာက ကျွန်မကို နေရထိုင်ရတာ အဆင်မပြေစေတော့လို့ပါ။ ခြေမျက်စိတွေနာ၊ ခြေဖနောင့်တွေနာဆိုတော့ ဆရာဝန်က ကိုယ်အလေးချိန်လျှော့ခိုင်းပါတယ်။ ဒါနဲ့ ကျွန်မလည်း ပိန်ဖို့ကြိုးစားပါ တယ်။ Gym ကစားတယ်။ ညနေတိုင်း လမ်းလျှောက်တယ်။ ကြိုးခုန်တယ်။ အစားလျှော့ပါတယ်။

ဤဆောင်းပါးကို ဂန္ထဝင်မဂ္ဂဇင်းမှ ရေးသားတင်ဆက်ခြင်းဖြစ်သည်။

အခုထိတော့ မပိန်သေးပါဘူး။ ဒါပေမဲ့ ကျွန်မမပိန်မချင်းဆက်ကြိုးစားမယ်လို့ ဆုံးဖြတ်ထားပါတယ်။
အဲ့ဒီလိုပြောတော့ ကျွန်မသူငယ်ချင်းတွေက ရယ်ကြပါတယ်။ “ အလကားအပင်ပန်းခံမနေနဲ့။ နင့်ခန္ဓာ ကိုယ်ကြီးနဲ့ ဘယ်တော့မှလည်း ပိန်မှာမဟုတ်ဘူး ” လို့ ပြောကြပါတယ်။ သူတို့နဲ့ခါတိုင်းလို မုန့်စားတိုင်းအတူ မ လိုက်ရင်လည်း စိတ်ဆိုးကြပါတယ်။ သူတို့အဲ့ဒီလိုတွေလုပ်ကြတော့ ကျွန်မမှာ စိတ်မကောင်းဖြစ်ရပါတယ်။

အမှန်အတိုင်းပြောရရင် အခုအချိန်က ကျွန်မစိတ်နဲ့ကျွန်မတောင် အားပေးနေရတဲ့အချိန်ပါ။ ကောင်းတဲ့ပြောင်း လဲခြင်းအတွက် သူတို့က ကျွန်မကို အားပေးရမှာမဟုတ်ဘူးလား။ ဘာဖြစ်လို့ ကျွန်မတို့ စိတ်ဓာတ်ကျစေမယ့် စကားတွေ ပြောကြရတာလဲ။ စိတ်ဆိုးကြတာလဲ။ ပြီးတော့ ကျွန်မရဲ့ပိန်ချင်တဲ့ ရည်ရွယ်ချက်၊ ကျွန်မရဲ့ကြိုးစား မှုအပေါ် ကျွန်မရဲ့ယုံကြည်ချက်ဟာ သူတို့အတွက် လှောင်စရာလား။ ကျွန်မမပိန်မချင်း သူတို့နဲ့မတွေ့တော့ ဘူးလို့ ဆုံးဖြတ်ထားပါတယ်။ အဲ့ဒီလိုလုပ်ရင် သူတို့နဲ့ပိုဝေးသွားနိုင်လား။ ကျွန်မဆုံးဖြတ်ချက်တွေမှားနေလား။ အမြင်လေးတွေ ပြောခဲ့ကြပါဦးနော်။