ကျားချောင်းချောင်းနေတဲ့ ယောက္ခထီးရဲ့ အကျင့်ဆိုးကြောင့် စိတ်ညစ်နေရသူ

blank

ကျွန်မအိမ်ထောင်ကျတာ တစ်နှစ်နီးပါးရှိပါပြီ။ ကျွန်မမှာ ရင်သွေးလေးလွယ်ထားရပြီဆိုတာကို သိလိုက်တဲ့အချိန်မှာ ကျွန်မအမျိုးသားက သူ့မိဘတွေအိမ်မှာပဲ အတူတူနေလိုက်ဖို့ပြောပါတယ်။ ကျွန်မကိုအိမ်အလုပ်တွေမလုပ်စေချင်တော့တာရယ်၊ အရေးအကြောင်းဆိုရင် ကူညီပေးမယ့် မိသားစုကလည်း အရေးကြီးတာကြောင့်ရယ် ယောက္ခမအိမ်ကိုပြောင်းလာခဲ့တယ်။ သူ့မိဘနှစ်ယောက်တည်းနေတဲ့အိမ်ဟာ ကျွန်မတို့ရောက်လာတော့ စိုစိုပြည်ပြည်ဖြစ်လာခဲ့တယ်။ ကျွန်မလည်း လူကြီးတွေနဲ့အတူတူနေရတဲ့ နွေးထွေးမှုကြောင့် ပျော်နေခဲ့တာပေါ့။

ဤဆောင်းပါးကိုဂန္ထဝင်မဂ္ဂဇင်းမှရေးသားတင်ဆက်သည်။

မကြာမီမှာ ကျွန်မအတွက် ပြဿနာတစ်ခုစလာခဲ့တယ်။ ကျွန်မရဲ့ ယောက္ခထီးဟာ ကျွန်မကို မရိုးသားတဲ့အကြည့်တွေနဲ့ ကြည့်နေတာကို ကျွန်မသတိထားမိတာ ကြာခဲ့ပြီ။ အစကတော့ ကျွန်မအတွေးလွန်နေတာဖြစ်မယ်လို့ တွေးပြီး မေ့မေ့ပျောက်ပျောက်နေခဲ့တာပါ။ ပြီးတော့ သူ့မြေးလေးကို လွယ်ထားရတဲ့ မိန်းကလေးတစ်ယောက်ကို ဂရုစိုက်တဲ့အကြည့်နဲ့ ကြည့်တာလည်း ဖြစ်နိုင်တာပဲ မဟုတ်လား။ ဒါပေမဲ့ ထမင်းစားဝိုင်းမှာ ကျွန်မရင်ဘတ်နားကို ကြည့်နေတာတို့၊ ရေချိုးတဲ့အခါ မလှမ်းမကမ်းကနေ ထိုင်ကြည့်နေတာတို့ များလာတော့ ကျွန်မနေရတာ ကြဉ်းကြပ်လာတယ်။ အရင်ကသူနဲ့စကားလက်ဆုံကျပေမယ့် နောက်ပိုင်းမှာ သူ့ရှေ့ကလျှောက်ရမှာတောင် ကြောက်လာတယ်။

ကျွန်မအမျိုးသားကလည်း အပြင်မှာနေရတဲ့အချိန်ကပိုများတာကြောင့် ကျွန်မလည်း အခန်းပဲအောင်းနေမိတော့တယ်။ တစ်နေ့နေ့လယ်မှာတော့ ကျွန်မအဝတ်လဲနေတဲ့အချိန် ယောက္ခထီးက ယောင်လည်လည်နဲ့ ကျွန်မအခန်းထဲကို ဝင်လာခဲ့တယ်။ ကျွန်မက “အဖေ ဘာလိုချင်လို့လဲ” လို့ အသံမာမာနဲ့မေးလိုက်တော့ ဘာမှမဟုတ်ပါဘူးဆိုပြီး အပြင်ကိုထွက်သွားတယ်။ ကျွန်မအဲ့ဒီအိမ်မှာနေရတာ မလုံခြုံတော့သလို ခံစားနေရတယ်။ ကျွန်မအမျိုးသားကို ဖွင့်ပြောရင်လည်း သူစိတ်အနှောင့်အယှက်ဖြစ်မှာ၊ စိတ်ဆင်းရဲရမှာကို စိုးရိမ်မိတယ်။ အဖေနဲ့သားကြားမှာ ပြဿနာတွေဖြစ်မှာစိုးရိမ်မိတယ်။ ကျွန်မဘာလုပ်ရမလဲ။