အသားမည်းပြီး ရုပ်ဆိုးတိုင်း ခွဲခြားဆက်ဆံခံရတော့မှာလား။

blank

ဂန္ထဝင်ရေ…

ခံစားချက်တွေရင်ထဲမဆံ့တော့လို့ ရင်ဖွင့်ပါရစေ။

ကျွန်မက ငယ်ငယ်လေးကတည်းက မိသားစုထဲ အနှိမ်ခံဘဝပါ။ တစ်အိမ်လုံးဖြူဖြူဖွေးဖွေးနဲ့ ပိန်ပိန်ပါး ပါးလေးတွေကြားမှာ ကျွန်မတစ်ယောက်တည်း အသားမည်းမည်းနဲ့မွေးလာတာပါ။ ပြီးတော့ ဝလည်း ဝပါတယ်။ အဲ့ဒါကြောင့် အဖေတို့အမေတို့က ကျွန်မကို ဘယ်တော့မှ ပွဲမထုတ်ပါဘူး။ ဧည့်သည်လာရင်လည်း ကျန်တဲ့သူ တွေနဲ့သာ ဦးစားပေးပြီး မိတ်ဆက်ပေးပါတယ်။ အဖေတို့အမေတို့ကိုယ်တိုင်က ကျွန်မကို အဲ့ဒီလို ခွဲခြားဆက်ဆံ တော့ မောင်နှမချင်းလည်း ရန်ဖြစ်တာနဲ့ ကျွန်မကို အသားမည်းမ၊ ရုပ်ဆိုးမလို့ ခဏခဏ ခေါ်ကြပါတယ်။ ရန် ဖြစ်မှ ခေါ်ကြတာပေမဲ့ ကျွန်မကတော့ ရင်ထဲမှာ စွဲနေပါတယ်။

ဤဆောင်းပါးကို ဂန္ထဝင်မဂ္ဂဇင်းမှ ရေးသားတင်ဆက်ခြင်းဖြစ်သည်။

ကျွန်မမိသားစုထဲမှာ ကျွန်မက အနှိမ်ခံဘဝ လို့လည်း စိတ်ထဲအမြဲစွဲနေပါတယ်။ မိသားစုဆိုတော့ စိတ်နာစိတ်ဆိုးလို့လည်း မရပါဘူး။ သူတို့က ကျွန်မကို မချစ်ပေမဲ့ ကျွန်မကတော့ သူတို့ကို ချစ်ပါတယ်။ သူတို့တွေအသားဖြူကြ၊ ချောကြတဲ့အတွက်လည်း မုဒိတာ ပွားပါတယ်။ ဒါပေမဲ့ သူတို့အသားဖြူကြ၊ ချောကြတာကလည်း သူတို့ရွေးချယ်ခဲ့ကြလို့မှမဟုတ်တာ။ ကျွန်မ အသားမည်းတာ၊ ရုပ်ဆိုးတာကလည်း ကျွန်မရွေးချယ်ခဲ့တာမဟုတ်ပါဘူး။

အရွယ်ရောက်လို့ ရည်းစားထားတော့ လည်း ရည်းစားနဲ့အဆင်ပြေပေမယ့် ရည်းစားအိမ်က ကျွန်မကို အသားမည်းမည်း၊ ရုပ်ဆိုးဆိုးနဲ့ဆိုပြီး ကြုံတိုင်း ပြောကြပါတယ်။ ရည်းစားကလည်း ဖြူဖြူချောချောပါ။ သူ့အိမ်ကလူတွေစတိုင်း သူက “ နင့်ကို ချစ်စနိုးနဲ့ပြော တာပါ” လို့ ဘာမှမဖြစ်သလို ပြန်ပြောတတ်ပါတယ်။ ယူပြီးရင် သူ့အိမ်လိုက်သွားရမှာဆိုတော့ ကျွန်မ ပိုအနှိမ်ခံ ရမလားလို့ တွေးမိပါတယ်။ ကိုယ့်မိသားစုကတော့ ဘာပဲဖြစ်ဖြစ် မိသားစုဖြစ်နေတော့ သည်းခံနိုင်ပေမဲ့ သူစိမ်း တွေကပါ ပြောရင်တော့ ကျွန်မခံနိုင်ရည်ရှိပါ့မလားလို့လည်း တွေးမိပါတယ်။ ကျွန်မလေ အသားမည်းမည်းရုပ် ဆိုးဆိုးနဲ့မွေးလာခဲ့တဲ့ ကိုယ့်ကံတရားကိုယ်လည်း မုန်းတယ်။ ကျွန်မကို ခွဲခြားဆက်ဆံကြတဲ့ လူတွေကိုလည်း မုန်းပါတယ်။

ကျွန်မလို ဘဝတူတွေရှိလား။ အားပေးစကားလေးတွေပြောပေးကြပါဦးနော်။