သင့်ကိုယ်သင်ချစ်ရင် ဒီနေ့ကစပြီး ဇင့်ဓာတ် (Zinc) ဖြည့်တင်းပေးပါ။

blank

စာချစ်သူတို့ရေ…

ကိုယ့်ကိုယ်ကိုယ်ချစ်တယ်ဆိုတာ စိတ်ချမ်းသာအောင်၊ ကိုယ်ကျန်းမာအောင် နေထိုင်ဂရုစိုက်ခြင်းကို ခေါ်တာပါ။ တစ်နည်းအားဖြင့် ကိုယ်ကျန်းမာရင် စိတ်လည်း ချမ်းသာပါတယ်။ ဆေးပညာရှင်တွေကတော့ ကိုယ် ကျန်းမာဖို့အတွက်ဆိုရင် ဇင့်ဓာတ်ကို နေ့စဉ်မှီဝဲပေးဖို့ ညွှန်းဆိုထားကြပါတယ်။ ဘာကြောင့်ညွှန်းဆိုထားတယ် ဆိုတာကိုတော့ အောက်မှာမျှဝေထားတဲ့ ဇင့်နဲ့ပတ်သက်ပြီး သိကောင်းစရာလေးတွေကို အရင်ဖတ်ကြည့်လိုက် ပါနော်။

၁။ ဇင့်ဓာတ် (Zinc) ဆိုတာဘာလဲ။

ဇင့်ဆိုတာ သံဓာတ်ပြီးရင် ခန္ဓာကိုယ်ထဲမှာ ဒုတိယမြောက်တွေ့ရအများဆုံးသတ္တုဓာတ်တစ်မျိုးဖြစ်ပါ တယ်။ ကိုယ်တွင်းအင်္ဂါကနေ အရိုး၊ တစ်ရှူးနဲ့ အရည်တွေထဲအထိ ဆဲလ်တိုင်းမှာ ဇင့်ဓာတ်ရှိနေပါတယ်။

၂။ ဇင့်ဓာတ် (Zinc) ကို ဘာကြောင့်လိုအပ်တာလဲ။

ဇင့်က ခန္ဓာကိုယ်ကို ထိထိရောက်ရောက်အလုပ်လုပ်နိုင်အောင် အများကြီးကူညီပေးပါတယ်။ လိုအပ်တဲ့ ပမာဏကတော့ အမျိုးသမီးများအတွက် တစ်ရက်ကို ၇ မီလီဂရမ်၊ အမျိုးသားအတွက် ၉.၅ မီလီ ဂရမ်ဖြစ်ပါ တယ်။

၃။ ဇင့်ဓာတ် (Zinc) ရဲ့အကျိုးကျေးဇူးများ။

အအေးမိဖျားနာခြင်းကို မြန်မြန်ပြန်သက်သာလာစေပါတယ်။ ဖျားနာသူတွေထဲမှာ ဇင့်ဓာတ်သောက်သုံး သူတွေဟာ တခြားသူတွေထက် ပိုသက်သာမြန်တာကို တွေ့ရပါတယ်။

ရောင်ရမ်းခြင်းဆိုတာ ကူးစက်မှုတွေကို တိုက်ခိုက်ဖို့ ခန္ဓာကိုယ်ရဲ့သဘာဝတုံ့ပြန်မှုဖြစ်ပေမဲ့ ကြာလာတဲ့ အခါ နှလုံးရောဂါ၊ စိတ်ကျရောဂါနဲ့ အယ်လ်ဇိုင်းမားရောဂါတွေကို ဖြစ်စေပါတယ်။ လေ့လာတွေ့ရှိမှုအရ ဇင့်မှာ ရောင်ရမ်းမှုတွေကို ဆန့်ကျင်တိုက်ခိုက်ပေးတဲ့အစွမ်းရှိနေပါတယ်။

ဒါ့အပြင် ကိုယ်ခံအားစနစ်ကို မြှင့်တင်ပေးပါတယ်။ သားသမီးရတနာရလိုသူများအတွက်လည်း ဇင့်က အများကြီးအထောက်အကူပြုပါတယ်။

၎။ ဇင့်ဓာတ် (Zinc)  ကြွယ်ဝတဲ့အစားအစာများ။

ခရု၊ ချိစ်၊ အသား၊ ကုလားပဲအပါအဝင် ပဲပင်များ၊ အခွံမာသီးနဲ့အစေ့အဆန်များ၊ ပေါင်မုန့်ကြမ်းနဲ့ သက် သတ်လွတ်အစားအစာများကနေ ဇင့်ဓာတ်ကို ရရှိနိုင်ပါတယ်။

နေ့စဉ်ဘဝမှာ လိုအပ်တဲ့ဗီတာမင်တွေက များပြားလှတာကြောင့် အစားအစာတစ်ခုတည်းကနေ လုံ လောက်တဲ့ဇင့်ဓာတ်ပမာဏကို နေ့စဉ်ရရှိဖို့ဆိုတာ လွယ်တော့မလွယ်ကူပါဘူး။ ဒါကြောင့် ဇင့်ဓာတ်ပါဝင်တဲ့ အားဆေးတွေမှီဝဲရင်လည်း ရပါတယ်။ ကျန်းမာခြင်းဆိုတာ ဘဝကို ပျော်ရွှင်စေတဲ့ အစွမ်းထက်ဆုံးဆေးတစ် ခွက်ဖြစ်တာကြောင့် သင့်ကိုယ်သင်ချစ်ရင် နေ့စဉ် ဇင့်ဓာတ်မှီဝဲပေးဖို့ မမေ့ပါနဲ့နော်။

စာချစ်သူများကျန်းမာရေးဗဟုသုတရစေဖို့ ဂန္ထဝင်မဂ္ဂဇင်းနဲ့ Zinc  Complex တို့မှ ပူးပေါင်းတင်ဆက် ထားပါတယ်။