သွားကိုက်လို့ စိတ်ညစ်နေသူများအတွက်….

blank

စာချစ်သူတို့ရေ….။

သွားကိုက်နေလို့ စိတ်ညစ်နေလား။ သွားတွေကလည်း မခံမရပ်နိုင်အောင် ကိုက်နေတယ်၊ ဆေးခန်းသွားပြဖို့လည်း အဆင်မပြေသေးဘူးဆိုရင် အိမ်မှာပဲ သွားကိုက်ခြင်းကို သက်သာအောင် ပြုလုပ်နိုင်မယ့် နည်းလမ်းလေးတွေကို တင်ဆက်ပေးလိုက်ပါတယ်ရှင်။

၁။ ရေနွေးထဲမှာ ဆားလက်ဖက်ရည်တစ်ဇွန်းထည့်ပြီး စက္ကန့်သုံးဆယ်ကြာအောင် ပလုတ်ကျင်းပေးပါ။ ဆားရည်ဟာ သွားမှာရှိတဲ့ အညစ်အကြေးတွေကို သန့်စင်ပေးပြီး ရောင်ရမ်းမှုတွေကို သက်သာစေပါတယ်။ 

၂။ လက်ဖက်ခြောက်ခပ်ထားတဲ့ ရေနွေးကို အအေးခံပြီး ပလုတ်ကျင်းပေးပါ။ သောက်ပြီးသား ဂရင်းတီး အထုပ်လေးတွေကို အအေးခံပြီး ကိုက်နေတဲ့သွားနားမှာ စက္ကန့်အနည်းငယ်လောက် ကပ်ထားပေးပါ။

၃။ ရေခဲတုံးလေးကို အဝတ်စနဲ့ ထုပ်ပြီး ကိုက်နေတဲ့ သွားပေါ်မှာတစ်လှည့် ကိုက်နေတဲ့သွားနဲ့တည့်တည့် ပါးပေါ်မှာတစ်လှည့်  ၁၅ မိနစ်လောက်တင်ထားပေးပါ။

၎။ Sensitive ဖြစ်တဲ့ သွားတွေအတွက် အထူးထုတ်ထားတဲ့ သွားတိုက်ဆေးတွေကို ပြောင်းသုံးကြည့်ပါ။

၅။ လက်ကိုသေသေချာချာဆေးကြော သန့်စင်ပြီး သွားဖုံးကို နှစ်မိနစ်ကြာအောင် အသာအယာ နှိပ်နယ်ပေးပါ။

၆။ အရည်အသွေးကောင်းတဲ့ အကိုက်အခဲပျောက်ဆေးတစ်ခုခုသောက်ထားပါ။

၇။ သင်ဟာ ကိုယ်ဝန်ဆောင်ထားရတယ်၊ ဒါမှမဟုတ် အခြားရောဂါအခံတစ်ခုခုရှိနေတဲ့သူ ဖြစ်နေတယ်ဆိုရင်တော့ သွားဆရာဝန်တစ်ယောက်ဆီကို အွန်လိုင်းကနေ ဒါမှမဟုတ် ဖုန်းဆက်ပြီးတော့ပဲဖြစ်ဖြစ် မေးမြန်းပြီးမှ အထက်ပါအချက်လေးတွေကို လုပ်ဖို့ အကြံပေးပါရစေ။

စာချစ်သူများအတွက် ကျန်းမာရေးဗဟုသုတလေးကို ဂန္ထဝင်မဂ္ဂဇင်းနဲ့ Dolfenal တို့မှပူးပေါင်းစီစဉ်တင်ဆက်ပေးလိုက်ပါတယ်ရှင်။