လူတွေမသိတဲ့ single တွေရဲ့ဒုက္ခတစ်ခု။

ဂန္ထဝင်ရေ…

ရင်ဖွင့်ပါရစေနော်။

အွန်လိုင်းပေါ်မှာ တွေ့နေရတဲ့ တချို့မိန်းကလေးတွေကို နားမလည်လို့ပါ။ ကျွန်မကပဲ single ဖြစ်နေလို့ RS တွေရဲ့ ခံစားချက်တွေကို နားမလည်တာလားတော့မသိပါဘူး။ ကျွန်မက အွန်လိုင်းရှော့သမားဆိုတော့ အ ကောင့်စစ်၊ ပုံအစစ်နဲ့ friend တွေလည်း များတဲ့သူပါ။ လူများများသိမှ ဈေးရောင်းရအဆင်ပြေတော့ ကျွန်မ Friend တွေထဲလည်း လူမျိုးစုံပါပါတယ်။ တချို့ကလည်း ငယ်ငယ်ရွယ်ရွယ်ကောင်မလေးဈေးရောင်းနေတော့ လာပြီး hi ကြပြုကြတာရှိပါတယ်။ ဈေးဝယ်မဟုတ်ရင် ကျွန်မက ဘယ်ယောက်ျားလေးနဲ့မှ စကားပြန်မပြောပါ ဘူး။ အချစ်ရေးကိုစိတ်မဝင်စားလို့မှ တမင်တစ်ယောက်တည်းနေနေတာပါ။ အခုနောက်ပိုင်း ပိုသတိထားမိလာ တာက ကျွန်မပို့စ်ကို ယောက်ျားလေးတစ်ယောက်ယောက်ကများ like တွေ comment တွေ လာပေးမိရင် သူတို့နဲ့ RS ချိတ်ထားတဲ့သူတို့ကောင်မလေးတွေက လာလာ add ကြတော့တာပဲ။ အဲ့ဒီအထိက သည်းခံနိုင်ပါ သေးတယ်။ သူတို့ဘာသာချစ်ကြတာ၊ သဝန်တိုကြတာ ကျွန်မကိစ္စမဟုတ်ဘူးလေ။ ဆိုးတာက မဆီမဆိုင် ကျွန်မကိုပါ စကားလာပြောကြပြီး အဲ့ဒီကောင်လေးနဲ့သူက RS တွေဆိုတာမျိုး သွယ်ဝိုက်ပြီးလာပြောတာပါ။ အံ့လည်းသြရ၊ စိတ်လည်းပျက်မိရပါတယ်။ တစ်ခါလည်းမဟုတ်၊ နှစ်ခါလည်းမဟုတ်ဆိုတော့ စိတ်အနှောင့် အယှက်လည်း တော်တော်ဖြစ်ရပါတယ်။ ကျွန်မသူငယ်ချင်းတွေကတော့ “ နင်က single လို့တင်ထားတော့ သူတို့လူတွေကို စိတ်မချတာ နေမှာပေါ့” လို့ပြောပါတယ်။ Single မို့ single တင်ထားတာ ကျွန်မအပြစ်လား။ Single ဖြစ်နေတိုင်း သူများရည်းစားကို လုနိုင်ခြေရှိတယ်လို့ ထင်စရာလား။ ကိုယ့်အကြောင်းနဲ့ကိုယ် single ဘဝမှာ နေနေတာကော မရှိနိုင်ဘူးလား။

ဤဆောင်းပါးကို ဂန္ထဝင်မဂ္ဂဇင်းမှ ရေးသားတင်ဆက်ခြင်းဖြစ်သည်။

ပြီးတော့ နားမလည်တာတစ်ခုက ဒီလောက်လေးတောင် စိတ်မချရဘူးဆိုရင် သူတို့လူတွေကို သူတို့ ဘာလို့ဆက်တွဲနေကြသေးလဲဆိုတာပါ။ ကျွန်မမြင်ဖူးသမျှ မိန်းကလေး ၁ဝ ယောက်မှာ ၉ ယောက်က သူတို့လူ တွေကို သူတို့စိတ်မချကြပါဘူး။ အဲ့ဒီ ၉ ယောက်လုံးကလည်း မကောင်းတဲ့သူတွေတော့ ဟုတ်မယ်မထင်ပါဘူး။ စိတ်မချတာအထိလည်း လက်ခံနိုင်ပါသေးတယ်။ စိတ်မချတဲ့အပြင် ဘာသက်သေအထောက်အထားမှလည်း မရှိဘဲ ကိုယ့်ရည်းစားက like လုပ်မိတဲ့ပို့စ်ပိုင်ရှင် single တိုင်းကို လိုက်ပြဿနာရှာနေရရင်တော့ သူတို့အတွက် မဟုတ်သေးဘူးလို့ မြင်ပါတယ်။ အဲ့ဒါကျတော့ တစ်ဖက်သားကို အလကားနေရင်း စိတ်အနှောင့်အယှက်ပေးရာ၊ သိက္ခာစော်ကားရာကျတယ်လို့ မြင်ပါတယ်။ သက်သေလည်းမရှိဘဲနဲ့ သူတစ်ဖက်သားကို သွားပြောမယ်ဆိုရင် တစ်ဖက်သားဘက်က ခံစားချက်ကို အရင်စဉ်းစားပေးဖို့ ပြောချင်ပါတယ်။
ဒီစာဖတ်မိတဲ့ single တွေလည်း single ဖြစ်ဖြစ်ကြောင့် ကြုံရတဲ့ကိုယ်ပိုင်အတွေ့အကြုံလေးတွေရှိရင် မျှဝေပေးခဲ့ကြပါဦး။