The World Of The Married ဇာတ်ကားမှ ရခဲ့တဲ့ အတွေးလေးတွေ…

blank

လွန်ခဲ့တဲ့လအနည်းငယ်က ကိုရီးယားဇာတ်လမ်းတွဲချစ်သူတွေကြားမှာ ရေပန်းစားခဲ့တဲ့ ဇာတ်လမ်းလေးတစ်ခုကတော့ “The World of the Married” လို့ ခေါ်တဲ့ ဇာတ်ကားလေးပေါ့။ အိမ်ထောင်ရေး၊ အချစ်ရေးနဲ့ အပြင် လူမှုပတ်ဝန်းကျင်မှာဖြစ်တတ်တဲ့ ပြဿနာလေးတွေရဲ့ အရှုပ်တော်ပုံ ဒရာမာဇာတ်ကားလေးဟာ ငြင်းခုံဆွေးနွေးစရာ အများကြီးဖြစ်စေခဲ့တယ်။

အဲ့ဒီဇာတ်ကားလေးကို ကြည့်ပြီးတဲ့အခါ ဒီလိုတွေးစရာလေးတွေ ရလာခဲ့တယ်။

၁။ အရာရာပြီးပြည့်စုံနေတဲ့ ဘဝဆိုတာ မရှိပါဘူး။

၂။ လောကမှာ ဘယ်သူ့ကိုမှ ပြီးပြည့်စုံနေတာ မရှိပါဘူး။

၃။ သူတပါးကိုလက်စားချေခြင်းဟာ ကိုယ့်ရဲ့ပျော်ရွှင်မှုကိုလည်း ထိခိုက်စေပါတယ်။

ဤဆောင်းပါးကိုဂန္ထဝင်မဂ္ဂဇင်းမှရေးသားတင်ဆက်သည်။

၎။ အဆိပ်တက်နေတဲ့ အိမ်ထောင်ရေးတစ်ခုဟာ သားသမီးတွေကိုလည်း ထိခိုက်စေပါတယ်။

၅။ ဘဝမှာ အဆိုးဆုံးအခြေအနေတွေကပဲ ကိုယ့်ရဲ့မိတ်ဆွေစစ်တွေက ဘယ်သူလဲဆိုတာကို သိစေတယ်။

သင်ကော…

The World of the Married ကို ကြည့်ပြီးပြီလား။ ဘာလေးတွေ တွေးမိသွားလဲ။