အဆစ်အမြစ်တွေ နာကျင်ကိုက်ခဲရတဲ့အကြောင်းရင်းတွေကို သင် သိပါသလား။

blank

စာချစ်သူတို့ရေ…

အဆစ်အမြစ်ဆိုတာ အရိုးတွေကြားမှာ ဆက်နွှယ်ဖွဲ့စည်းထားတဲ့အရာတွေဖြစ်ပါတယ်။ အဲ့ဒီအရာတွေ ကပဲ သင်လှုပ်ရှားနိုင်ဖို့ ထောက်ပံ့ကူညီပေးတယ်။ ရောဂါ၊ ဒါမှမဟုတ် ဒဏ်ရာကြောင့် အဆစ်အမြစ်တွေပျက်စီး လာတဲ့အခါ သင့်လှုပ်ရှားမှုတွေအတွက် အဟန့်အတားဖြစ်လာပြီး နာကျင်မှုတွေပါ ဖြစ်ပေါ်လာတော့တာပါပဲ။

အဆစ်အမြစ်နာကျင်မှုဟာ အရိုးပွရောဂါ၊ အဆစ်အမြစ်ရောင်ရမ်းခြင်း၊ ဂေါက်နာ၊ အကြောအဆစ်နာနဲ့ တခြားသောဒဏ်ရာတွေအပါအဝင် မတူညီတဲ့အကြောင်းတရားမျိုးစုံကြောင့် ဖြစ်ပေါ်နိုင်ပါတယ်။ အများစုလည်း ဖြစ်ကြပါတယ်။ နိုင်ငံတကာမှာ စစ်တမ်းကောက်ယူမှုတွေအရ အရွယ်ရောက်ပြီးသူသုံးယောက်မှာ တစ်ယောက် ဟာ ပြီးခဲ့တဲ့ ရက် ၃ဝ အတွင်းအဆစ်အမြစ်နာကျင်မှုကို ခံစားဖူးကြတယ်လို့ ဖော်ပြထားပါတယ်။ အဖြစ်များဆုံး ကတော့ ဒူးနာခြင်းပါပဲ။ နောက်ထပ်အဖြစ်များတာက ပခုံးနဲ့ တင်ပါးနာကျင်မှုတွေပါ။ အဆစ်အမြစ်နာကျင်မှုဟာ ခြေဆစ်၊ ခြေဖဝါးကနေ ပခုံး၊ လက်များအထိ ခန္ဓာကိုယ်ရဲ့ ဘယ်လိုအစိတ်အပိုင်းမျိုးမှာမဆိုလည်း ဖြစ်ပေါ်နိုင်ပါ တယ်။ အထူးသဖြင့် အသက်အရွယ်ရလာတဲ့အခါ အဆစ်အမြစ်နာကျင်မှုတွေက ပိုများပြားလာတတ်ပါတယ်။

အဆစ်အမြစ်နာကျင်မှုဟာ အနည်းငယ်နာကျင်ခြင်းနေ လုံးဝအားနည်းသွားတဲ့အထိလည်း ဖြစ်နိုင်တဲ့ ရောဂါပါ။ အချိန်ကာလအားဖြင့်လည်း ရက်သတ္တပတ်အနည်းငယ်ကနေ ရက်သတ္တပတ်ပေါင်းများစွာ၊ လပေါင်း များစွာအထိ ရှည်ကြာနိုင်ပါတယ်။ အခန့်မသင့်ရင် ရေတိုရောင်ရမ်းခြင်းကလည်း အသက်အန္တရာယ်ထိခိုက်တဲ့ အထိဖြစ်သွားနိုင်ပါတယ်။

ဘယ်လိုအကြောင်းရင်းကြောင့်ပဲ အဆစ်အမြစ်နာကျင်ရတာဖြစ်စေ သင့်အနေနဲ့ ဆေးဝါး၊ ရုပ်ပိုင်းဆိုင် ရာကုသမှု၊ တခြားသောရွေးချယ်စရာကုသမှုတွေကို ခံယူပြီး ဖြေရှင်းလို့ရပါတယ်။

ယေဘုယျအားဖြင့် နာကျင်ကိုက်ခဲမှုဖြစ်ရတဲ့အကြောင်းရင်းပေါ်မူတည်ပြီး ကိုယ်အလေးချိန်များနေရင် လျှော့ချတာ၊ ကိုယ်လက်လှုပ်ရှားမှုလေ့ကျင့်ခန်းတွေပြုလုပ်တာ၊ အကိုက်အခဲပျောက်ဆေးသောက်တာမျိုးတွေနဲ့ ကုသလို့ရပါတယ်။ သာမန်မဟုတ်ဘဲ ရောဂါလက္ခဏာပြင်းထန်တာ၊ မသက်သာတာမျိုးဆိုရင်တော့ ဆရာဝန်နဲ့ အမြန်ဆုံးပြသတာအကောင်းဆုံးပါပဲ။

စာချစ်သူများကျန်းမာရေးဗဟုသုတရစေဖို့ ယခုစာစောင်လေးကို ဂန္ထဝင်မဂ္ဂဇင်းနဲ့ Dolfenal အကိုက်အခဲ ပျောက်ဆေးတို့မှ ပူးပေါင်းတင်ဆက်ထားပါတယ်။