COVID-19 အတွက်သတိရှိရှိနဲ့ကြိုတင်ပြင်ဆင်မှုလေးတွေပြုလုပ်ထားနိုင်ကြစေဖို့…

မိတ်ဆွေတို့ရေ…

“ ကာကွယ်ခြင်းဟာကုသခြင်းထက်ပိုထိရောက်တယ် ” ဆိုတဲ့သတိပေးနိုးဆော်ချက်လေးဟာလက်ရှိ COVID-19 ကာလမှာလူတိုင်းမမေ့သင့်တဲ့စကားလေးဖြစ်နေပါပြီ။ဒါကြောင့် “ သတိဆိုတာပိုတယ်မရှိ ” ဆိုတဲ့စကားလက်ကိုင်ထားပြီးအစစအရာရာဆင်ခြင်နေထိုင်နိုင်မှသာကိုယ်တိုင်ကူးစက်ခံရမယ့်ဘေးကကော၊ကိုယ့်ဆီကတစ်ဆင့်တခြားသူတွေပြန်ကူးစက်စေမယ့်ဘေးကပါရှောင်လွှဲနိုင်မှာပါ။ WHO နဲ့ပြည်တွင်းကျန်းမာရေးဌာနတွေကလည်း COVID-19 ကြိုတင်ကာကွယ်ဖို့အရေးနဲ့ပတ်သက်ပြီးတော့ဆောင်ရန်၊ရှောင်ရန်အချက်တွေကိုအချိန်နဲ့တစ်ပြေးညီထုတ်ပြန်ကြေညာပေးနေပါတယ်။အဲ့ဒီအချက်လေးတွေကိုသတိပြုအလေးထားလိုက်နာဖို့ အင်မတန်အရေးကြီးပါတယ်။ လိုက်နာရမယ့်အခြေခံအချက်လေးတွေကတော့…

၁။လက်သေချာဆေးပါ။

၂။လူစုလူဝေးရှိတဲ့နေရာတွေကိုတတ်နိုင်သမျှရှောင်ကြဉ်ပါ။

၃။နေမကောင်းဘူးထင်ရင်တစ်ယောက်တည်းသီးခြားနေပါ။

၎။လေ့ကျင့်ခန်းလုပ်ပါ။ရေများများသောက်ပါ။အိပ်ရေးဝအောင်အိပ်ပါ။

၅။ကိုယ်ခံအားပြည့်ဝအောင်နေထိုင်စားသောက်ပါ။

၆။တတ်နိုင်သမျှအိမ်ထဲမှာပဲနေပါ။မလွှဲသာလို့အပြင်ထွက်ရရင် mask ကိုအသုံးပြုပါ။

အထက်ပါအချက်တွေအပြင်ကျန်းမာရေးအာမခံ (Health insurance) လည်းရယူထားသင့်ပါတယ်။ကျန်းမာရေးတစ်ခုခုချို့ယွင်းလာတဲ့အခါဆေးကုသစရိတ်နဲ့ပတ်သက်ပြီးငွေကုန်ကြေးကျနည်းအောင်ပြန်အကာအကွယ်ပေးတဲ့ကျန်းမာရေးအာမခံထားရှိခြင်းဟာယနေ့ကမ္ဘာ့နိုင်ငံအများစုရဲ့ပုံမှန်စနစ်တစ်ခုတောင်ဖြစ်နေပါပြီ။အထူးသဖြင့်အခုလို COVID-19 ကာလမျိုးမှာကျန်းမာရေးအာမခံထားရှိခြင်းဟာမိမိကိုယ်တိုင်နဲ့မိသားစုအတွက်သတိရှိရှိနဲ့ကြိုတင်ပြင်ဆင်ကာကွယ်ရာရောက်ပါတယ်။ KBZ MS ကရောင်းချပေးနေတဲ့အာရောဂျံ Package မှာဆိုရင် COVID-19 ကြောင့်ဆေးခန်းသွားရတာ၊ဆေးရုံတက်ရတာနဲ့သေဆုံးရတာတွေဖြစ်ခဲ့ရင်ပုံမှန်အကျိုးခံစားခွင့်အပြင်အပိုဆောင်း၅ဝ% ကိုပါထပ်မံရရှိဦးမှာပါ။ “အာရောဂျံပရမံလာဘံ”  ဆိုတဲ့စကားအတိုင်းကျန်းမာရေးဟာလာဘ်ကြီးတစ်ပါးဖြစ်တာကြောင့်အာမခံထားခြင်းအပါအဝင်လုံလောက်တဲ့ကြိုတင်ပြင်ဆင်မှုတွေနဲ့မိမိတို့ကျန်းမာရေးကိုကာကွယ်ကြတာအကောင်းဆုံးပါပဲ။

သင်ကော COVID-19 ကာလမှာဘယ်အချက်လေးတွေကိုသတိရှိရှိနဲ့ကြိုတင်ပြင်ဆင်ထားဖြစ်လဲ။

စာချစ်သူများကျန်းမာရေးအာမခံနဲ့ပတ်သက်ပြီးဗဟုသုတရစေဖို့ဂန္ထဝင်မဂ္ဂဇင်းနဲ့ KBZ MS တို့မှပူးပေါင်းတင်ဆက်ထားပါတယ်။