COVID-19 ရဲ့ အခြားတစ်ဖက်မှာ ဘာတွေရှိနေတာလဲ။

blank

COVID-19 ရောက်လာခဲ့ရင် ကျွန်မတို့ကို တစ်စစီဖြစ်အောင် ဖြိုခွဲပစ်လိမ့်မယ်။ ကျွန်မတို့အားလုံးကို ပြိုလဲပျက်စီးသွားအောင်လုပ်လိမ့်မယ်လို့ ကျွန်မတို့တွေးထားခဲ့ကြတယ်။ အဆိုးတွေအတွက် ပြင်ဆင်ထားခဲ့ကြတယ်။ တကယ်လည်း COVID-19 ရောက်လာတဲ့အခါမှာ အဆိုးတွေချည်းပဲ မဟုတ်ဘဲ ကျွန်မတို့မြန်မာလူမျိုးတွေမှာ ကိန်းဝပ်နေတဲ့ ကောင်းမြတ်တဲ့ စိတ်စေတနာတွေကို မြင်တွေ့ခွင့်ရခဲ့တယ်။ အရေးကြီးလာတဲ့အခါ သွေးနီးလာခဲ့ကြတယ်။

ပြည်သူတွေရဲ့ လိုအပ်ချက်တွေကို ဖြည့်ဆည်းပေးနိုင်ဖို့ အကောင်းဆုံးကြိုးစားဆောင်ရွက်နေတဲ့ အစိုးရအဖွဲ့ရဲ့ စေတနာတွေ

Quarantine ဝင်မယ့်သူတွေအတွက် စားဝတ်နေရေးတွေကို အစစအရာရာ တာဝန်ယူပေးတဲ့ သာသနာ့ဝန်ထမ်းတွေ

လက်လှမ်းမီသလောက် အားတက်သရောပါဝင်လှူဒါန်းပေးကြတဲ့ စေတနာရှင်၊ ကုသိုလ်ရှင်တွေ

ပြည်သူ့ကျန်းမာရေးအတွက် ရှေ့တန်းကနေ တိုက်ခိုက်ပေးတဲ့ ကျန်းမာရေးဝန်ထမ်းတွေ

ပြည်သူတွေကို ကျန်းမာရေးအသိတွေပေးဖို့၊ စားနပ်ရိက္ခာတွေကို အိမ်တိုင်ရာရောက် ရောက်ရှိဖို့ ကူညီပေးနေတဲ့ စေတနာ့ရှင်လူငယ်တွေ

ကျန်းမာရေးဝန်ကြီးဌာနက ချမှတ်ထားတဲ့လမ်းညွှန်ချက်တွေအတိုင်းလိုက်နာပြီး စည်းကမ်းတကျနေခဲ့ကြတဲ့ ပြည်သူတွေရဲ့ ကောင်းကွက်လေးတွေကို ဒီကပ်ဆိုးကြီးကြောင့်ပဲ ကျွန်မတို့ မြင်တွေ့ခံစားခွင့်ရခဲ့တယ်။

ဒီကပ်ဆိုးကြီးဟာ နှစ်သက်စရာတစ်ကွက်မှမရှိပါဘူး။ ဒါပေမဲ့ အကောင်းထဲက အဆိုးက မိသားစုတွေအတွက် အချိန်ပေးလာနိုင်ခဲ့တယ်။ ကိုယ့်ကိုယ်ကိုယ်သုံးသပ်ဖို့ ကိုယ့်ကိုယ်ကိုယ်အချိန်ပေးခွင့်ရလာခဲ့တယ်။ ပြေးလွှားရုန်းကန်နေရတဲ့ဘဝကနေ ခဏတာရပ်ပြီး ချစ်ရတဲ့သူတွေအတွက် အချိန်ပေးလာနိုင်ခဲ့တယ်။ မေတ္တာတရားတွေအတွက် တန်ဖိုးကြီးပုံ၊ ကျန်းမာခြင်းဆိုတာ ဘဝမှာအရေးအကြီးဆုံးဆိုတာကို နားလည်လာခဲ့တယ်။ မျှဝေခြင်းရဲ့ ချိုမြမြအရသာကို မြင်တွေ့ခွင့်ရခဲ့တယ်။

ဒါ့ကြောင့် ဒီကပ်ဆိုးကြီးပြီးရင် ကျွန်မတို့အားလုံး ကျန်းကျန်းမာမာပျော်ပျော်ရွှင်ရွှင်နဲ့ ပြန်ဆုံနိုင်ဖို့အတွက် အခုအချိန်မှာ ကိုယ့်ကိုယ်ကိုယ်နဲ့ ချစ်ရသူတွေရဲ့ ကျန်းမာရေးကို အထူးဂရုစိုက်ပေးပါ။

အာဟာရပြည့်ဝအောင် စားသောက်ပါ။

ပြည့်ပြည့်ဝဝအနားယူပါ။ စိတ်ဖိစီးမှုတွေကို လျှော့ချပါ။

ကိုယ်လက်လှုပ်ရှားမှုတွေ ပြုလုပ်ပါ။

ကိုယ်ခံစွမ်းအားကို မြှင့်တင်ပေးတဲ့ ဗီတာမင်နဲ့ သတ္တုဓာတ်တွေအစုံအလင်ပါအောင် မှီဝဲသုံးစွဲပါ။

တစ်နေ့တာအတွက်လိုအပ်တဲ့ ဇင့်၊ ဗီတာမင်နဲ့ သတ္တုဓာတ် ၂၂ မျိုးပါဝင်တဲ့ ZinComplex ကို တစ်နေ့တစ်လုံးသောက်သုံးပါ။

စာချစ်သူတို့အတွက် ဗဟုသုတလေးကို ဂန္ထဝင်မဂ္ဂဇင်းနဲ့ ZinComplex တို့မှ ပူးပေါင်းစီစဉ်တင်ဆက်ထားပါတယ်ရှင်။