လူတစ်ယောက်ကို တကယ်ချစ်တယ်ဆိုတာ ဘယ်လိုမျိုးလဲ။

blank

မေမေဆုံးပြီးတဲ့နောက်ပိုင်းမှာ ကျွန်မရဲ့ ကမ္ဘာမှာ ဖေဖေနဲ့ကျွန်မနှစ်ယောက်တည်း ရှိလာခဲ့တယ်။  ဆယ်ကျော်သက်အရွယ်သမီးတစ်ယောက်အတွက် တီးတိုးဖော်လိုအပ်တဲ့ အချိန်မှာပဲ မေမေက လောကထဲက ရုတ်တရက်ထွက်သွားခဲ့တယ်။ မေမေ့ရုပ်အလောင်း မြေကျတဲ့ နေ့က ကျွန်မငိုတောင် မငိုနိုင်ခဲ့ဘူး။ အစကတည်းက အစေးမကပ်တဲ့ ဖေဖေနဲ့ဘယ်လို စခန်းသွားရမလဲဆိုတာကို တွေးတွေးပြီးကျွန်မ ခေါင်းတွေရှုပ်ထွေးနောက်ကျိနေခဲ့တယ်။

ထင်တဲ့အတိုင်းပဲလေ မေမေဆုံးပြီး တစ်နှစ်လောက်လောက်ကတည်းက ဖေဖေအိမ်မကပ်တော့ဘူး။ ကျွန်မအတွက် စားစရာကို အုပ်ဆောင်းထဲမှာပြင်ဆင်ပေးခဲ့ရုံ၊ ကျောင်းမှာလိုအပ်တာတွေကို ဝယ်ဖို့ ပိုက်ဆံကို ကျွန်မစာကြည့်စားပွဲမှာ တင်ထားခဲ့ရုံနဲ့ ဖခင်ဝတ်ငါးဖြာကို ပြည့်ပြီလို့ ထင်နေပြီလားတော့ မသိ။ အိမ်ကပ်တယ်လို့မရှိဘဲ အပြင်မှာအနေများလာခဲ့တယ်လေ။

ကျွန်မသူငယ်ချင်းတွေကို ကျွန်မသိပ်အားကျရတယ်။ သူတို့ရဲ့ဖေဖေတွေက သူတို့ကို ကျောင်းကိုလာကြိုတယ်။ လာပို့တယ်။ ကျောင်းပိတ်ရက်တွေမှာ လျှောက်လည်ပေးသေးတယ်တဲ့လေ။ သူတို့သိချင်တဲ့အရာတွေကို ရှင်းပြပြောပြပေးတယ်။ ကျွန်မရဲ့ဖေဖေကတော့ ကျွန်မမသိတာတွေနဲ့ လုံးချာရိုက်နေချိန်မှာ အပြင်မှာပဲရောက်နေခဲ့တယ်လေ။ ဖေဖေကကျွန်မအဖော်ရအောင် ခေါ်ထားတဲ့ ကျွန်မရဲ့အဒေါ်ကလည်း ကျွန်မရဲ့မေးခွန်းတွေကို မဖြေပေးနိုင်ဘူး။

ဖေဖေနဲ့မျက်နှာချင်းဆိုင်တဲ့အချိန်က နည်းရတဲ့အထဲ ဖေဖေပြောတဲ့စကားတွေက ကျွန်မမကြားချင်တဲ့ စကားတွေပဲဖြစ်နေခဲ့တယ်။ အိပ်ချိန်မှန်အောင် ဂရုစိုက်တို့၊ ဘာမစားနဲ့ ဘယ်မသွားတို့နဲ့တို့၊ စာကြိုးစားတို့၊ ဆံပင်ကို ဘယ်လိုမညှပ်နဲ့တို့စတဲ့ စကားတွေပဲပေါ့။ ကျွန်မက ဖုန်းတစ်လုံးပူဆာနေတာကို ကျတော့ ဆယ်တန်းအောင်မှ ဝယ်ပေးမယ်ဆိုတဲ့ စကားနဲ့ လျစ်လျူရှုထားနေတယ်လေ။ သမီးတစ်ယောက်လိုချင်တဲ့ ချစ်ခြင်းမေတ္တာတွေကို မပေးနိုင်ဘဲနဲ့ ကျွန်မကို ဆုံးမစကားတွေချည်းလိမ့်ပြောနေတာ ရယ်ချင်တာပေါ့လို့။

“လူတစ်ယောက်ကိုတကယ်ချစ်ရင် ကိုယ်မရှိတော့တဲ့အခါမှာ သူ့ဘဝကိုသူကိုယ်တိုင်ရပ်တည်နိုင်အောင် လုပ်ပေးခဲ့ရတယ်”တဲ့။ အခုတစ်လော ဖေဖေခဏခဏပြောနေတဲ့ စကားပေါ့။ အဲ့ဒီစကားကိုကြားတိုင်း ဖေဖေ့ကိုကျွန်မသံသယဝင်မိတယ်။ ဖေဖေ့မှာ နောက်ထပ်တွယ်တာရမယ့်သူများရှိနေပြီလားလို့ပေါ့။ ကျွန်မဟာ ဖေဖေ့အပေါ်မှာ  ဝန်ထုပ်ဝန်ပိုးတစ်ခုများ ဖြစ်နေပြီလား။

တစ်နေ့မှာ ကျွန်မကကျူရှင်မှာရှိနေတဲ့အချိန် ဆရာမဆီကို ဖုန်းဝင်လာခဲ့တယ်။ ဖေဖေ ရုတ်တရက်မူးလဲသွားလို့တဲ့။ ကျွန်မဆေးရုံကိုရောက်သွားတဲ့အချိန်မှာ ဖေဖေကတော့ ခွဲစိတ်ခန်းထဲကို ရောက်သွားခဲ့ပြီ။ ဦးနှောက်ထဲမှာ သွေးခဲသွားတယ်လို့ ဆရာဝန်ကပြောတယ်။ အဒေါ်က ခွဲစိတ်ခတွေ၊ ဆေးရုံခတွေကို ဘယ်လိုလုပ်ရမလဲတဲ့။ ဖေဖေဟာ အရာရာအားလုံးကို ကျွန်မရဲ့ ပညာရေးအတွက်ပဲ ထားခဲ့လိမ့်မယ်လို့ ကျွန်မဘယ်သိပါ့မလဲ။ ကျွန်မလိုအပ်တာတွေကို ဖြည့်ဆည်းနိုင်ဖို့ အလုပ်တွေ အပိုလုပ်တယ်။ အပြင်မှာ အနေများလာခဲ့တယ်။ အဲ့ဒါကိုပဲ ကျွန်မကအထင်လွဲခဲ့မိတယ်လေ။

သိပ်မကြာခင်မှာပဲ ဦးလေးကြီးတစ်ယောက် ရောက်လာခဲ့တယ်။ သူက KBZMS က ကိုယ်စားလှယ်ပါတဲ့။ ဖေဖေက သူတို့ရဲ့ ကုမ္ပဏီမှာ အသက်အာမခံထားထားတာကြောင့် ကျန်းမာရေးအာမခံနဲ့ ပြင်းထန်တဲ့ ရောဂါကုသမှုတွေအတွက် ဘဏ်ကနေ ကုသစရိတ်ပေးမယ်တဲ့လေ။”သူတစ်ခုခုများဖြစ်သွားခဲ့ရင်” ဆိုပြီး စိတ်ပူတဲ့ဖေဖေဟာ ကျွန်မအတွက် ပညာရေးအသက်အာမခံလည်း ထားခဲ့သတဲ့လေ။ ကျွန်မလေဖေဖေ အခုတစ်လော ပြောပြောနေတဲ့ စကားရဲ့အဓိပ္ပါယ်ကို အခုမှနားလည်သွားတော့တယ်။ ဖေဖေသာတစ်ခုခုဖြစ်သွားခဲ့ရင် ကျွန်မရဲ့ဘဝရပ်ဆိုင်းသွားမှာ၊ ပညာရေးရပ်ဆိုင်းသွားမှာကို ဖေဖေတွေးပူခဲ့တာပဲ။

ဖေဖေကလွဲရင် ဘာမှအားကိုးစရာမရှိတဲ့ ကျွန်မအတွက် ဖေဖေ ကြိုတင်ပြင်ဆင်ထားခဲ့တယ်။ ဦးလေးကြီးပေးတဲ့ အာမခံကြေးငွေတွေကို လက်ခံယူရင်း အာမခံဆိုရင် သူဠေးကြီးတွေပဲ ထားရတာလားလို့ တွေးခဲ့မိတဲ့ကျွန်မ အာမခံထားခြင်းဆိုတာ ကျွန်မတို့လို အခြေခံလူတန်းစားတွေအတွက် တကယ့်အကာအကွယ်ပါလားဆိုတာကို သိလာခဲ့တယ်။ အခက်အခဲရှိလာတဲ့အခါ ယိုင်လဲမသွားအောင် second plan တစ်ခုကို အကွက်ကျကျ စီစဉ်ထားခဲ့တဲ့ ဖေဖေ့ကိုလည်း ကျေးဇူးတင်မိတယ်။

ကျေးဇူးတင်ပါတယ်ဖေဖေ မိုးရွာနိုင်တယ်ဆိုတာကို ကြိုသိပြီး ခိုင်မာယုံကြည်ရတဲ့ ထီးလေးတစ်ချောင်းကို ကြိုတင်စီစဉ်ထားခဲ့တဲ့အတွက်ပေါ့။ ဖေဖေခွဲခန်းထဲကထွက်လာလို့ သတိရလာတဲ့အခါ ပြစ်မှားမိခဲ့တာတွေအတွက်လည်း ဝန်ချကန်တော့ရဦးမယ်။

သင်ကော…သင်နဲ့ သင်ချစ်ရတဲ့သူတွေအတွက် အရေးကြီးတဲ့ အကာအကွယ်ဖြစ်တဲ့ အသက်အာမခံထားပြီးပြီလား။

စာချစ်သူတို့အတွက် ခံစားမှုရသလေးကို ဂန္ထဝင်မဂ္ဂဇင်းနဲ့ KBZ MS တို့မှ ပူးပေါင်းစီစဉ်တင်ဆက်သည်။