အိမ်ထောင်တစ်ခုမှာ ကလေးမရတာနဲ့ဘဲ ယောက်ျားတွေက ဖောက်ပြန်ခွင့်ရှိသွားပြီလား။

blank

ရင်နဲ့မဆံ့အောင်ပြည့်နေတဲ့ ခံစားချက်တွေကို ရင်ဖွင့်ချင်လို့ပါ ဂန္ထဝင်ရေ။ ဘာလုပ်ရမယ်မှန်းလည်း မ သိတော့လို့ပါ။ ကျွန်မနဲ့ ကျွန်မအမျိုးသားက အိမ်ထောင်သက် ၈ နှစ်ရှိပါပြီ။ မိဘပေးစားလို့မဟုတ်ဘဲ ကိုယ် တိုင်ချစ်ကြိုက်ပြီး ယူထားကြသူတွေပါ။ ယေဘုယျအားဖြင့်လည်း စီးပွားရေးဘာညာလည်း အတန်အသင့် အဆင်ပြေပါတယ်။ ဒါပေမဲ့ အခုတော့ သူ့ဘက်ကစပြီး ဗွေဖောက်လာပါတယ်။ နောက်ထပ်ရည်းစားတွေ၊ အငယ်အနှောင်းတွေ ထားလာပါတယ်။ အကြောင်းပြချက်က ကလေးမရလို့ပါ။ အိမ်ထောင်ကျစကတော့ အစစအရာရာမပြည့်စုံသေးလို့ ကလေးခဏတားခဲ့တာမှန်ပါတယ်။ ဒါပေမဲ့ တစ်နှစ်နှစ်နှစ်နေပြီး ကလေးယူ တော့ အခုအချိန်ထိ မရတော့ပါဘူး။ စစ်ကြည့်တော့လည်း သူကော ကျွန်မပါ ချို့ယွင်းချက်မတွေ့ပါဘူး။ ဒါပေမဲ့ ကလေးက ဘာကြောင့်မရမှန်းကျွန်မလည်း မသိပါဘူး။

အဲ့ဒါကို အကြောင်းပြပြီး သူဖောက်ပြန်တော့ ကျွန်မ စိတ်နာပါတယ်။ ကျွန်မမှာ အခုအချိန်အထိ မယားဝတ္တရားဘာတစ်ခုမှ မပျက်ကွက်ခဲ့ပါဘူး။ ပိုဆိုးတာက ဖောက်ပြန်တာကို ကျွန်မသိအောင် နေပြတာပါ။ ကျွန်မလည်း ပတ်ဝန်းကျင်အလယ် သိက္ခာကျရတယ်။ ဆွေမျိုးတွေ၊ မိတ်ဆွေတွေအလယ်မှာ မျက်နှာငယ်ရပါတယ်။ ဒါကြောင့် ကွဲမယ်ဆိုတော့လည်း မကွဲပေးပါဘူး။ သူရှာကျွေးနိုင်လို့ နောက်မိန်းမယူတာကို ကျွန်မက လက်ခံရမယ်လို့ ပြောပါတယ်။ ပြီးတော့ “မင်းက ကလေးမှ မွေးမပေးနိုင်တာ” လို့လည်း ခဏခဏပြောပါတယ်။ သူ့စကားတွေထဲမှာ အဲ့ဒီစကားကို အနာဆုံးပါပဲ။ ကလေးမရတာ ကျွန်မကြောင့်မှမဟုတ်တာ။

ဤဆောင်းပါးကို ဂန္ထဝင်မဂ္ဂဇင်းမှ ရေးသားတင်ဆက်ခြင်းဖြစ်သည်။

ပြီးတော့ ကျွန်မတို့ယူခဲ့တုန်းကလည်း ချစ်လို့ယူခဲ့ကြတာပါ။ သူက ကျွန်မကို ကလေး တွေမွေးခိုင်းဖို့ ယူခဲ့တာလည်း မဟုတ်ပါဘူး။ နောက်မိန်းမတွေနဲ့လည်း တရားဝင်မယူဘဲ ကလေးယူလို့အဆင်ပြေတာမှမဟုတ်တာ။ ဒါကြောင့် ကျွန်မဘက်က ကွဲပေးမယ်။ မယားငယ်ယူပြီး ကလေးမွေးပါဆိုတော့လည်း မကွာရှင်းပေးပါဘူး။ သူ့ကိုမပေါင်းရင် ကျွန်မရောက်တဲ့နေရာမှာ ကောင်းကောင်း နေလို့မရအောင် လိုက်နှောင့်ယှက်မယ်။ အရှက်ခွဲမယ်လို့ ပြောပါတယ်။ သူနဲ့ရန်ဖြစ်ပြီး မိဘအိမ်ပြန်ပြေးတိုင်း လည်း လိုက်လာသောင်းကျန်းလို့ မိဘတွေကို အားနာရ၊ ပတ်ဝန်းကျင်မှာ အရှက်ကွဲရနဲ့ခဏခဏကြုံပြီးပါပြီ။ ဖြစ်နိုင်ရင် အပြီးပဲ ကွဲချင်ပါပြီ။ သူက လက်မှတ်မထိုးပေးပါဘူး။ မကွဲချင်ရင် မဖောက်ပြန်နဲ့ဆိုတော့လည်း လက်မခံပါဘူး။ ကျွန်မကို စိတ်ဆင်းရဲကိုယ်ဆင်းရဲဖြစ်အောင် တမင်နှိပ်စက်နေသလိုပါပဲ။

လောကကြီးမှာ ဒီလောက်ဆိုးတဲ့ယောက်ျားတွေရှိမှန်းသိရင် ကျွန်မအိမ်ထောင်မပြုခဲ့ပါဘူး ဂန္ထဝင်ရယ်။ အခုတော့ ကျွန်မလေ နေရတာလည်း မပျော်၊ ပြေးစရာမြေက မရှိနဲ့ ဒုက္ခရောက်နေပါပြီ။ ဘာလုပ်ရမှန်းတောင် မသိတော့ပါဘူး။