အာမခံ (Insurance) ဆိုတာ ဘာလဲ။ အာမခံထားဖို့ ဘာကြောင့်အရေးကြီးတာလဲ။

blank

မိတ်ဆွေတို့ရေ…

ဒီနေ့ခေတ်ကြီးမှာ အာမခံ (Insurance) ဆိုတဲ့စကားလုံးဟာ အများစုကြားဖူးနားဝရှိနေကြပြီလို့ ဆိုနိုင်ပါတယ်။ ဒါပေမဲ့ တကယ်အာမခံထားရှိတဲ့သူတွေကတော့ လူနည်းစုသာ ရှိပါသေးတယ်။ ဒါဟာ အာမခံဆိုတာ လူတစ်ယောက်ရဲ့ ဝင်သက်၊ ထွက်သက်လို မရှိမဖြစ်အရေးကြီးတဲ့အရာလို့ မသိကြသေးတာကြောင့် လည်းပါပါတယ်။

တကယ်တော့ အာမခံ (Insurance) ဆိုတာ လူတစ်ဦးတစ်ယောက်အနေနဲ့ ဆုံးရှုံးမှုတွေကြုံ ရတဲ့အခါ  အကာအကွယ်ဖြစ်စေဖို့ ချုပ်ဆိုထားတဲ့ သဘောတူညီမှု စာချုပ်တစ်ခုဖြစ်ပါတယ်။ တစ်နည်းအားဖြင့် ငွေကြေးပမာဏတစ်ခုကို ပုံမှန်ပေးထားသမျှကာလပတ်လုံး အာမခံကုမ္ပဏီအနေနဲ့ ဆုံးရှုံးမှုတွေကို အထောက်အကူပြုနိုင်မယ့် ပမာဏတစ်ခုကို ပြန်လည်ပေးအပ်မယ်ဆိုတဲ့ အာမခံချက်လည်း ဖြစ်ပါတယ်။

အပေါ်ယံအနေနဲ့ကြည့်ရင် ကိုယ့်ကိုယ်ကိုယ်ကာကွယ်ခြင်းဆိုတာ ထူးဆန်းတဲ့အရာတော့ မဟုတ်ပါ ဘူး။ ဒါပေမဲ့ ဥပဒေနဲ့ကာကွယ်လိုက်တဲ့အခါ ပိုပြီးလုံခြုံစိတ်ချစရာ အာမခံချက်တစ်ခုဖြစ်သွားပါတယ်။ အာမခံဆိုတာ အာမခံကုမ္ပဏီနဲ့ အာမခံထားထားတဲ့သူတို့ပါဝင်တဲ့ ဥပဒေဆိုင်ရာ သဘောတူညီမှုစာချုပ် တစ်ခုလည်းဖြစ်ပါတယ်။ အာမခံဝယ်ယူထားသူက အာမခံကုမ္ပဏီကို ငွေကြေးပမာဏတစ်ခု ပုံမှန်ပေးဆောင် သွားရပြီး တစ်ခုခုဖြစ်လာတဲ့အခါ သူပေးဆောင်ထားတဲ့ပမာဏပေါ်မူတည်ပြီး အာမခံကုမ္ပဏီက ပမာဏတစ်ခုကို ပြန်လည်ထောက်ပံ့ပေးမှာပါ။ ဥပမာအားဖြင့် ကျန်းမာရေးအာမခံဝယ်ယူထားသူတစ်ယောက် နေထိုင်မကောင်းဖြစ်လို့ (သို့) မတော်တဆတစ်ခုခုကြောင့် ဆေးရုံတက်ရတဲ့အခါ မပျက်မကွက် ပေးဆောင်ခဲ့တဲ့အပေါ် မူတည်ပြီး အာမခံကုမ္ပဏီက ပမာဏတစ်ခုကို ပြန်လည်ထောက်ပံ့ပေးပါတယ်။ တခြားအာမခံတွေဖြစ်တဲ့ ပစ္စည်း၊ ဥစ္စာ၊ အိုးအိမ်တွေဆို တာလည်း အချိန်မရွေးပျက်စီးဆုံးရှုံးနိုင်တာကြောင့် အာမခံထားရှိထားမယ်ဆိုရင် တစ်ခုခုကြုံလာတဲ့အခါ သုညကနေ ပြန်ထူထောင်စရာမလိုတော့ပါဘူး။ လက်ရှိရောက်နေတဲ့နေရာကနေ ပြန်စတင်ဖို့ အထောက် အကူဖြစ်စေပါတယ်။

ဒါကြောင့် အာမခံထားရှိဖို့ဆိုတာ လူတိုင်းအတွက် အရေးကြီးပါတယ်။ အာမခံဝယ်ယူရာမှာလည်း ကိုယ်က ဘယ်အရာကို ကာကွယ်ချင်တာလဲဆိုတဲ့အပေါ် မူတည်ပြီး…

–        အသက်အာမခံ

–        ကျန်းမာရေးအာမခံ

–        ပစ္စည်းဥစ္စာအာမခံ

–        ယာဉ်အာမခံ စသဖြင့် အမျိုးအစားတွေအများကြီး ကွဲပြားနိုင်ပါတယ်။

ကိုယ်အာမခံထားချင်တဲ့ အရာပေါ်မူတည်ပြီး ခရီးသွားရင် ခရီးသွားအာမခံဝယ်ယူလို့ရပါတယ်။ ကိုယ် ဝယ်ယူထားတဲ့ ကား၊ ဆိုင်ကယ်စသဖြင့် ယာဉ်တွေအတွက်လည်း အာမခံဝယ်ယူထားလို့ရပါတယ်။ ကျန်းမာ ရေးအတွက်ဆိုရင်လည်း လောလောဆယ် ကိုရိုနာဗိုင်းရပ်စ် (Coronavirus) အတွက် ပူပန်နေရချိန်မျိုးမှာ မိသားစုအတွက် စိတ်ချရတဲ့ ကျန်းမာရေးအာမခံတွေ ဝယ်ယူထားခြင်းဖြင့် ပူပန်မှုတွေကို လျှော့ချနိုင်ပါတယ်။

သင်ကော ဘဝမှာ အာမခံဝယ်ယူထားဖို့ ဘာကြောင့်အရေးကြီးတယ်လို့ ထင်ပါသလဲ။

စာချစ်သူများဗဟုသုတရစေဖို့ ယခုစာစောင်လေးကို ဂန္ထဝင်မဂ္ဂဇင်းနဲ့ KBZMS တို့မှ ပူးပေါင်းတင်ဆက် ထားပါတယ်။