“အိမ်မှာနေကြပါ” တဲ့လား။

blank

ဂန္ထဝင်ရေ…

ကျွန်မက အိမ်ရှင်မတစ်ယောက်ပါ။ ကျွန်မအမျိုးသားကတော့ အပြင်စီးပွားရေးလုပ်ပါတယ်။ သူက ကျွန်မအတွက် အိမ်ထောင်ဖက်ဆိုတာထက် နိုင်ထက်စီးနင်းလုပ်တဲ့လင်ဆိုးတစ်ယောက်ပါ။ အသောက် အစား လည်း ရှိပါတယ်။ အလုပ်မသွားဘဲ သူ အိမ်မှာနေတဲ့ရက်ဟာ ကျွန်မအတွက်တော့ ငရဲကျသလိုပါပဲ။ အရက် သောက်တယ်။ မူးလာရင် မရှိရှိတာရှာရစ်ပြီး ကျွန်မကို ရိုက်ပါတယ်။ ကလေးနှစ်ယောက်ရှိပြီး သမီးတွေချည်း မွေးထားတာဆိုတော့ ကျွန်မလည်း သမီးတွေ ပတ်ဝန်းကျင်အလယ်မျက်နှာမငယ်စေချင်လို့ သူ့ကို အမြဲသည်းခံ ပေါင်းခဲ့ပါတယ်။

ကျွန်မကို ပိုက်ဆံရှာခွင့်မပေးသလို အိမ်ထဲအိမ်ပြင်လည်း မထွက်ရပါဘူး။ သူ့လုပ်စာထိုင်စား နေရပေမယ့် အမြဲတမ်းမျက်ရည်နဲ့ မျက်ခွက်နဲ့ နေရပါတယ်။ လူကြီးတွေအမြင်ကျတော့လည်း သူက မဖောက်ပြန်ဘူး။ ကျွန်မကိုလည်း လိုလေသေးမရှိပြည့်စုံအောင်ထားတဲ့ယောက်ျားဆိုတော့ မကွဲစေချင် ကြပါဘူး။ အိမ်ကိုထွက်ပြေးရင်လည်း သူပြန်လိုက်ခေါ်ရင် အတင်းနားချပြီးထည့်ပေးလိုက်ကြတာပါပဲ။ အဲ့ဒီ လိုနဲ့ပဲ အိမ်ထောင်သက်ရှည်ကြာနေတာပါ။

ဤဆောင်းပါးကို ဂန္ထဝင်မဂ္ဂဇင်းမှ ရေးသားတင်ဆက်ခြင်းဖြစ်သည်။

သူ့ကို ကျွန်မတစ်သက်လုံးကြောက်လာရတာပါ။ သူရှိနေရင် ဘာတစ်ခုမှကို မလုပ်ရဲတဲ့အထိပါပဲ။ သူအပြင်ထွက်နေချိန်ပဲ ကျွန်မစိတ်ချမ်းသာတာပါ။ အခုတော့ ကိုရိုနာ ဗိုင်းရပ်စ်ဖြစ်လာတော့ အလုပ်တွေအကုန်နားပြီး အိမ်ထဲမှာ နေရမယ်ဆိုတော့ ကျွန်မ ငိုတောင်ငိုချင်ပါတယ်။ ဘယ်လောက်ကြာတဲ့အထိ နေနေကြရဦးမှာလဲမသိတော့ ပိုဆိုးပါတယ်။ မဖောက်ပြန်တိုင်း၊ ရှာဖွေကျွေးမွေး ထားတိုင်း ယောက်ျားဆိုးမဟုတ်တော့ဘူးလား။

ယူထားတာကလည်း ကျွန်မတို့ချင်း ချစ်ကြိုက်ပြီးယူထားကြ တာပါ။ ချစ်လို့ယူထားတဲ့မိန်းမတွေကိုလည်း တချို့ယောက်ျားတွေက ရိုက်ကြတာပဲလား။ တချို့ယောက်ျား တွေများ သူတို့မိန်းမတွေက မဟုတ်တာလုပ်တာတောင် ရိုက်တာမတွေ့ပါဘူး။ ရိုက်တဲ့ယောက်ျားနဲ့ မရိုက်တဲ့ ယောက်ျားဆိုတာ ဘာကွာတာလဲ။ ကြိုမသိနိုင်လို့ ကျွန်မသမီးတွေအလှည့်ကျရင်တောင် အိမ်ထောင်မပြုစေ ချင်တော့ပါဘူး။ လောလောဆယ်တော့ ဝူဟန်မြန်မြန်ပြီးချင်ပါပြီ။ ကျွန်မယောက်ျားအိမ်မြဲနေတာကို ကြောက် လို့ပါ။

ကျွန်မလိုဘဝတူအမျိုးသမီးတွေကော ရှိကြလားဟင်။