ကိုယ်ခံအားကောင်းစေတဲ့ ဗီတာမင်နဲ့သတ္တုဓာတ်တွေမှီဝဲရင်း ကိုရိုနာဗိုင်းရပ်စ်မကူးစက်အောင် ကာကွယ်ကြစို့။

blank

ကိုယ်ခံအားနည်းနေတဲ့အခါ လူမှာ ကူးစက်ရောဂါတွေ ဝင်ရောက်လာဖို့ အခွင့်အလမ်းများပါတယ်။ အ ထူးသဖြင့် အခုလို ကိုရိုနာဗိုင်းရပ်စ်က အရှိန်အဟုန်နဲ့ပျံ့နှံ့နေချိန်မှာ ကျန်းမာရေးဌာနတွေက ထုတ်ပြန်တဲ့ အ ရေးပေါ်သတိပေးချက်တွေကို လိုက်နာတဲ့အပြင် ကိုယ်တိုင်လည်း ကိုယ်ခံအားကောင်းအောင် ပြင်ဆင်ထား သင့်ပါတယ်။ ဒါကြောင့် ကိုယ်ခံအားကောင်းစေမယ့် ဗီတာမင်နဲ့သတ္တုဓာတ်တွေကို မျှဝေပေးလိုက်ပါတယ်။

၁။ ဗီတာမင် C

ကိုယ်ခံအားစနစ်ကို မြှင့်တင်ပေးနိုင်ဆုံးပါ။ အချဉ်သီးတွေဆီက အများဆုံးရရှိပြီး ဟင်းနုနွှယ်၊ ကိုက် လန်၊ ငရုတ်ပွ၊ စတော်ဘယ်ရီနဲ့ သင်္ဘောသီးတို့ကနေလည်း ရရှိနိုင်ပါတယ်။

၂။ ဗီတာမင် E

ဗီတာမင် C လိုပဲ ကူးစက်ရောဂါတွေကို တိုက်ထုတ်ပေးနိုင်တဲ့ အင်တီအောက်ဆီဒင့်စ်တစ်မျိုး ဖြစ်ပါ တယ်။ ဗီတာမင် E ကို သစ်ကြားစေ့၊ မြေပဲ၊ နေကြာစေ့၊ ကြိမ်စေ့တို့ကနေ ရရှိနိုင်ပါတယ်။

၃။ ဗီတာမင် B6

ကိုယ်ခံအားစနစ်ကို တိုးမြှင့်ပေးတဲ့ ဗီတာမင် B6 ကို ငှက်ပျောသီး၊ ကြက်ရင်ပုံသား၊ အအေးပိုင်းငါးဖြစ် တဲ့ တူနာငါး၊ အာလူးကင်နဲ့ ကုလားပဲတို့ကနေ ရရှိနိုင်ပါတယ်။

။ ဗီတာမင် A

ဗီတာမင် A ကြွယ်ဝတဲ့ မုန်လာဥနီ၊ ကန်စွန်းဥ၊ ဖရုံသီး၊ သခွားမွှေးတို့ဟာ ကူးစက်ရောဂါတွေကို ဆန့် ကျင်ပေးပြီး ကိုယ်ခံအားစနစ်ကို ကောင်းမွန်စေပါတယ်။

၅။ ဗီတာမင် D

ဗီတာမင် D ကြွယ်ဝတဲ့အစားအစာတွေကတော့ ဆယ်လ်မွန်၊ ငါးကွမ်းရှပ်၊ တူနာငါး၊ ငါးသေတ္တာငါး၊ ငါး ကြီးဆီ၊ နို့၊ လိမ္မော်ရည်နဲ့ အားဆေးတွေသောက်ပါ။

၆။ ဖောလစ်အက်ဆစ်

ဖောလစ်အက်ဆစ်ကြွယ်ဝတဲ့ အစားအစာတွေကတော့ ပဲအမျိုးမျိုး၊ အစိမ်းရောင်ဟင်းသီးဟင်းရွက်များ၊ ၁ဝဝ% အပြည့် နှံစားပြောင်းနဲ့ပြုလုပ်ထားတဲ့ ပေါင်မုန့်၊ ထမင်း၊ ပါစတာ တို့ပဲဖြစ်ပါတယ်။

၇။ သံဓာတ်

သံဓာတ်ဟာ ခန္ဓာကိုယ်ရဲ့ဆဲလ်တွေထဲကို အောက်ဆီဂျင်တွေ ကူညီသယ်ဆောင်ပေးပါတယ်။ အထူး သဖြင့် ပင်လယ်စာ၊ ကြက်ဆင်သား၊ ကြက်သားတွေထဲပါတဲ့ သံဓာတ်တွေကို ခန္ဓာကိုယ်က စုပ်ယူဖို့ ပိုလွယ်ပါ တယ်။ ဒါပေမဲ့ အသီးအရွက်သမားတွေအတွက်လည်း ပဲအမျိုးမျိုး၊ ပန်းဂေါ်ဖီစိမ်းနဲ့ ကိုက်လန်တို့ဆီကနေ သံ ဓာတ်ကို ရယူနိုင်ပါတယ်။

၈။ ဆလီနီယမ်

ဆလီနီယမ်ဟာ ကိုယ်ခံအားစနစ်ကို ကောင်းမွန်စေပြီး တချို့ကင်ဆာရောဂါတွေအပေါ် ခန္ဓာကိုယ်ရဲ့ တုံ့ပြန်မှုကို နှေးကွေးစေပါတယ်။ ဆလီနီယမ်ကို ကြက်သွန်ဖြူ၊ ပန်းဂေါ်ဖီစိမ်း၊ ငါးသေတ္တာငါး၊ တူနာ၊ မုယော စပါး၊ အခွံမာသီးတွေနဲ့ တခြားသောအစားအစာတွေမှာ ရရှိနိုင်ပါတယ်။

၉။ ဇင့်ဓာတ်

ဇင့်ဟာ ခန္ဓာကိုယ်ထဲရောင်ရမ်းမှုတွေကို ထိန်းချုပ်ပေးပြီး ကိုယ်ခံအားကောင်းစေပါတယ်။ ဇင့်ကို ကမာ၊ ဂဏန်း၊ ကြက်သားလို အဆီနည်းတဲ့အသားတွေ၊ ပဲမီးဖုတ်နဲ့ ဒိန်ချဉ်၊ ကုလားပဲတို့ကနေ ရရှိနိုင်ပါတယ်။ လိုအပ်တဲ့ဇင့်ဓာတ်ပမာဏကို နေ့စဉ်အစားအသောက်ထဲက ရရှိနိုင်ဖို့ခက်တယ်ဆိုရင်လည်း ဇင့် ဓာတ်ပါဝင်တဲ့ အားဆေးတွေကို နေ့စဉ်မှီဝဲပေးနိုင်ပါတယ်။

အားလုံးပဲ ဗိုင်းရပ်စ်ဘေးကင်းဝေးပြီး ကျန်းမာပျော်ရွှင်သောဘဝတွေကို   ပိုင်ဆိုင်နိုင်ကြပါစေ။

စာချစ်သူများကျန်းမာရေးဗဟုသုတရစေဖို့ ယခုစာစောင်လေးကို ဂန္ထဝင်မဂ္ဂဇင်းနဲ့ ZinComplex တို့မှ ပူးပေါင်းတင်ဆက်ထားပါတယ်။