စာမေးပွဲနီးနေတဲ့ သမီးလေးအတွက် အာရုံစူးစိုက်မှုအားနည်းတာနဲ့ ပင်ပန်းနွမ်းနယ်မှုတွေကို တိုက်ထုတ်နိုင်စေဖို့ အကြံပြုစာ

blank

သမီးလေးရေ…

          ဘာလိုလိုနဲ့ စာမေးပွဲတွေတောင် ဖြေရတော့မယ်နော်။ အရိပ်တကြည့်ကြည့်နဲ့ချစ်နေရတဲ့ သမီးလေးမို့ စာမေးပွဲဖိအားနဲ့ သမီးလေးအဆင်မပြေမှာကို မေမေစိတ်ပူမိတယ်။ သမီးလေးကလည်း စာတွေဘယ်လောက်ပဲ ရနေနေ စာမေးပွဲနားနီးပြီဆိုတာနဲ့ စိတ်ပူပန်တတ်တဲ့အကျင့်လေးရှိနေတာဆိုတော့လေ။ ပြီးတော့ စာတွေ နေ့မအိပ်၊ ညမအိပ်လုပ်ပြီး ခဏခဏအားနည်းတတ်လို့လည်း မေမေ့မှာစိတ်ပူရတယ်။ အခုဆိုရင် ရာသီဥတုက လည်း ပူလာပြီဆိုတော့ နည်းနည်းပင်ပန်းရင်တောင် လူတွေက ခါတိုင်းထက် ပိုပင်ပန်းနွမ်းနယ်ကြတယ်လေ။ နောက်တစ်ခုက သမီးလေးက ရာသီလာရင်လည်း များတတ်တော့ စာမေးပွဲဖိအားရယ်၊ ရာသီသွေးများတာ ရယ်တွေကြောင့် အားနည်းပြီး စာဘက်ကို လစ်ဟင်းသွားမှာကိုလည်း မေမေ့မှာ စိတ်ပူရပါတယ်။

          ဒါပေမဲ့ မေမေကိုယ်တိုင်အနားမှာ ရှိနေပေးနိုင်တဲ့အတွက်တော့ သမီးလည်း အားရှိသလို မေမေလည်း သမီးလိုအပ်သမျှ အသေးစိတ်ကအစ စောင့်ကြည့်ကူညီပေးနိုင်လို့တော့ တစ်မျိုးစိတ်အေးရပါတယ်။ မေမေက သမီးလေးအတွက် ခွန်အားအမြဲပေးနိုင်သူမို့ သမီးကိုယ်တိုင်ကိုက မေမေ့ကို သံမဏိမေမေလို့ကို ချစ်စနိုးခေါ်ခဲ့ ဖူးတာမဟုတ်လား။ မေမေကလည်း သမီးလေးအတွက် အကောင်းဆုံးတွေချည်းအမြဲပေးချင်တဲ့၊ အပြည့်ဝဆုံး ခွန်အားတွေ အမြဲပေးချင်နေတဲ့မေမေဆိုတော့ ဂရုစိုက်နေရင်းကပဲ စိတ်လည်း ပူပါတယ်။ သမီးတို့ခေတ်မှာက မေမေတို့ခေတ်တွေထက် အာရုံပျံ့လွင့်စေတဲ့အရာတွေက အများသားမဟုတ်လား။

ဖုန်းအသုံးများတာက အာရုံစူးစိုက်မှုကို အားနည်းစေတာကြောင့် စာကျက်ရင်းနဲ့ ဖုန်းမသုံးဖို့ တော့ မေမေက တားမြစ်ချင်ပါတယ်။

သံဓာတ်အားနည်းတာ၊ အိပ်ရေးမဝတာတွေကလည်း အာရုံစူးစိုက်မှုကိုအားနည်းစေတယ်သမီး။

သမီးလေးရေ…

          မေမေက သမီးကို အမှတ်ကောင်းကောင်းနဲ့ အောင်မြင်ရမယ်ဆိုတဲ့ သမီးအပေါ် ဖိအားဖြစ်စရာ မျှော် လင့်ချက်တွေထားထားတဲ့ မေမေမဟုတ်ပေမဲ့ သမီးလိုချင်တဲ့ အောင်မြင်မှုတွေကိုတော့ ရှောရှောရှူရှူရစေချင် ပါတယ်။ သမီးရချင်တဲ့ အောင်မြင်မှုမရအောင် တားဆီးနေတဲ့ ရန်သူ ၃ မျိုးရှိတယ် သမီးရဲ့။

  • အာရုံစူးစိုက်မှုအားနည်းပြီး စိတ်ပျံ့လွင့်တာ၊

  • သွေးအားနည်းတာနဲ့

  • ပင်ပန်းနွမ်းနယ်တာတွေပါ သမီးရေ။

မေမေကလည်း သမီးကို သွေးအားကောင်းစေမယ့် အစားအစာတွေ ချက်ပြုပြီး ကျွေးတယ်။ ဖုန်းအသုံးလျှော့ဖို့ အမြဲသတိပေးတယ်။ စာကျက်နေတဲ့အခါ သမီး ခေါင်းကြည်သွားအောင် သံပရာရည်လည်း ဖျော်တိုက်တယ်နော်။ ပြီးတော့ သမီးလေးရဲ့ အာရုံစူးစိုက်မှုအား ကောင်းမွန်အောင်၊ လန်းဆန်းတက်ကြွနေအောင်၊ အားပြည့်နေအောင် မေမေနဲ့ အတူဂရုစိုက်ပေးမယ့်အဖော် ကောင်းတစ်ယောက်လည်း မေမေရှာထားပါတယ်။ သူလေးကတော့ မိန်းကလေးတွေအတွက် သံဓာတ်ပမာဏကို အပြည့်အဝဖြည့်ဆည်းပေးနိုင်တဲ့ Ferrovit လေးပေါ့။ သူက မိန်းကလေးတစ်ယောက်အတွက် နေ့စဉ်လိုအပ်တဲ့ သံဓာတ်ပမာဏတွေကို ဖြည့်ပေးနိုင်တဲ့အပြင် ရာသီသွေးကြောင့် ကုန်ဆုံးသွားတဲ့ သံဓာတ်ကိုလည်း ဖြည့်တင်းပေးနိုင်တယ် သမီးရေ။

          ဒါ့ကြောင့် သမီးလေးရဲ့ စာမေးပွဲကို ရှောရှောရှူရှူဖြေနိုင်ဖို့အတွက် ဝီရိယရှိဖို့၊ အပျင်းမကြီးဖို့နဲ့ ဖုန်း လျှော့သုံးဖို့သာ သမီးက တာဝန်ယူပါ။ သမီးလေးကို အာရုံစူးစိုက်မှုအားကောင်းအောင်၊ ပင်ပန်းမှုတွေကို တိုက် ထုတ်နိုင်အောင်၊ လန်းဆန်းတက်ကြွနေအောင် Ferrovit က တာဝန်ယူပါလိမ့်မယ်။ သံမဏိမေမေညွှန်းတဲ့ သံဓာတ်အားတိုးဆေး Ferrovit ကို သမီးအပြည့်အဝယုံကြည်စွာနဲ့သာ သောက်သုံးလိုက်ပါ။

သမီးလေးရဲ့

သံမဏိမေမေ

စာချစ်သူတို့ကော စာမေးပွဲနီးနေတဲ့သမီးလေးတွေကို ပြောချင်တဲ့ စကားလေးတွေရှိလား။ Comment box မှာ မျှဝေပေးခဲ့ပါဦးနော်။ Ferrovit သောက်ဖို့ သတိပေးဖို့လည်း မမေ့ပါနဲ့ဦး။

စာချစ်သူတို့အတွက် ခံစားမှုရသလေးကို ဂန္ထဝင်မဂ္ဂဇင်းနှင့် Ferrovit တို့မှ ပူးပေါင်းစီစဉ်တင်ဆက်သည်။