ခေါင်းကိုက်ခြင်းနဲ့တူတဲ့ လူအမျိုးမျိုး

blank

စာချစ်သူတို့ရေ…

လူကိုနေရခက်စေတယ်၊ စိတ်ကိုမွန်းကြပ်ရှုပ်ထွေးစေတယ်။ အလုပ်ကိုကောင်းကောင်းလုပ်လို့မရအောင်၊ သွားရလာရခက်ခဲအောင် နှောင့်ယှက်တယ်။ ပြောရရင်တော့ ခေါင်းကိုက်ခြင်းနဲ့တူတာပေါ့။ ကျွန်မတို့ပတ်ဝန်းကျင်မှာ ရှိနေတဲ့ အဲ့ဒီလိုလူတွေကတော့….။

၁။ အမြဲတမ်း ဘိုင်ကျနေတတ်ပြီး တွေ့တိုင်းငွေချေးတတ်သူ။
          စားသောက်ဆိုင်မှာ အတူတူထိုင်မိရင် ပိုက်ဆံအိတ်အိမ်မှာကျန်ခဲ့တယ်ဆိုတဲ့ အကြောင်းပြချက် ပေးလိမ့်မယ်။ နောက်ကျပြန်ပေးမယ်ဆိုပြီး ဘယ်တော့မှ ပြန်မဆပ်တဲ့သူတွေ၊ သူများကျွေးရင် ဈေးကြီးကြီးဆိုင်တွေကို ရွေးတတ်ပြီး သူတို့သာကျွေးရလို့ကတော့ ဝမ်းတီး၊ တူးတီးလောက်နဲ့ ပြီးတတ်သူတွေပေါ့။

၂။ အကြွားတစ်လိုင်း။

သူကိုင်ထားတဲ့ အိတ်ကဘယ်လောက်တန်တာ၊ အလုပ်ထဲမှာ သူသာအတော်ဆုံး၊ သူကဘယ်လို လူရာဝင်တာစတဲ့ သူများမကောင်းကြောင်း ကိုယ့်ကောင်းကြောင်း ပြောပြီး ခေါင်းကိုက်စေတဲ့သူတွေပေါ့။ မကောင်းတတ်လို့ နားထောင်နေရပေမယ့် တကယ်ကို မောဟိုက်စေတဲ့ သူတွေပေါ့။

၃။ လေလုံးကြီးတဲ့ ကိုလေပေါ မလေပေါ။

သူတို့ရဲ့အကြောင်း ကကြီးကနေ အ အထိ သင့်ကိုပြောပြလိမ့်မယ်။ ပြဿနာတွေကို ညည်းညူပြလိမ့်မယ်။ ကိုယ်မတောင်းတဲ့ အကြံဉာဏ်တွေပေးတတ်တယ်။ ကိုယ့်အကြောင်းတွေကို မေးတတ်တယ်။ ကိုယ်ပြောခွင့်မရှိဘဲ တစ်ဖက်သတ်ကြီးပြောပြီးသွားရင် နောက်တစ်ယောက်ကို ကိုယ်ပြောတယ်ဆိုပြီး ဖောက်သည်ချတတ်သူတွေပေါ့။

၎။ Tag တွဲကြမ်းသူ။

Selfie ပုံတင်တဲ့အခါ အယောက် (၂ဝ) လောက်ကို tag တွဲပြီး တင်တာတို့၊ ဒီပုံကို share ရင် ငွေဝင်လိမ့်မယ်တို့၊ သတင်းတို့ကို tag တွဲပြီး share ထားတာတွေထက် ခေါင်းကိုက်စေတာထက် ဘာရှိမှာလဲ။ ဒီကြားထဲ messenger မှာ မီးစိမ်းနေတိုင်း စာတွေ တတောင်တောင်နဲ့ ပို့တတ်သေးတယ်။

၅။ လူကြားထဲမှာ ဖုန်းအကျယ်ကြီးသုံးတတ်သူ။

ခုနှစ်အိမ်ကြားအောင် ဖုန်းပြောတတ်သူ၊ ဘေးနားကလူတွေကို ဂရုမစိုက်ဘဲ ဗွီဒီယိုတွေကို အသံကျယ်ကျယ်နဲ့ဖွင့်တတ်သူတွေဟာ ခေါင်းကိုက်ခြင်းလိုပဲ ခက်ရခက်ခက် ပြောရခက်ခက် လူတွေပါ။

၆။ နေရာတကာ ဆရာကြီးလုပ်တတ်တဲ့သူ….။

အဲ့ဒီလို လူမျိုးနဲ့တွေ့လို့ကတော့ ငြိမ်းချမ်းမှုက ဘယ်ရောက်နေတာလဲလို့ မနည်းရှာရလိမ့်မယ်။ မလိုအပ်တဲ့အကြံဉာဏ်တွေ၊ လမ်းညွှန်ချက်တွေကို ပေးတတ်တာကြောင့် ခေါင်းကိုက်စေပါလိမ့်မယ်။

၇။ စကားကို စောင်းမြောင်းပြောတတ်တဲ့သူ….။

ပြောစရာရှိတာကို အတည့်တိုင်း မပြောဘဲ စောင်းချိတ်ပြီးပြောတတ်တဲ့သူတွေ၊ စကားနာထိုးတတ်တဲ့သူတွေဟာ ခေါင်းကိုက်ခြင်းထက်တောင်ဆိုးတဲ့သူတွေပေါ့။

စာချစ်သူတို့ရေ….။

ခေါင်းကိုက်တဲ့အခါ အာရုံစူးစိုက်ဖို့ခက်ခဲစေသလို အဲ့ဒီလိုလူတွေကလည်း စိတ်ကိုထွေပြားစေတယ်။ ခေါင်းကိုက်ခြင်းက အလုပ်ပျက်စေသလို အဲ့ဒီလိုလူတွေကလည်း စိတ်ကိုညစ်နွမ်းစေတယ်။ တချို့လူတွေကတော့ ခေါင်းကိုက်ခြင်းထက်တောင်ဆိုးတယ်လေ။ ခေါင်းကိုက်တဲ့အခါ Dolfenal သောက်ရင် အချိန်တိုအတွင်း သက်သာစေပါတယ်။ ကိုယ့်ကိုခေါင်းကိုက်စေတဲ့သူတွေနဲ့ တွေ့ရင်အကောင်းဆုံးအကြံပြုချက်ကတော့ အဝေးဆုံးကို ရှောင်ပြေးဖို့ပါပဲ။

စာချစ်သူတို့ရဲ့ ခံစားမှုရသအတွက် ဂန္ထဝင်မဂ္ဂဇင်းနှင့် Dolfenal တို့မှပူးပေါင်းစီစဉ်တင်ဆက်သည်။