အပျိုကြီးပဲ ဆက်လုပ်ရမလား။ ယောက်ျားယူရမလား။

blank

ဝေခွဲရခက်နေလို့ ပေးစာလေးလှမ်းရေးလိုက်တာပါ ဂန္ထဝင်ရေ။

ကျွန်မက အသက်သုံးဆယ်ကျော် အ ပျိုကြီးတစ်ယောက်ပါ။ လက်ရှိမှာချစ်သူရည်းစားလည်း မရှိပါဘူး။ ဒါပေမဲ့ စိတ်ဝင်စားတဲ့သူတွေတော့ ရှိပါ တယ်။ ဒီအရွယ်မှာ စိတ်ဝင်စားကြတာဆိုတော့ လူငယ်တွေလို ချစ်သူဆိုတာထက် အိမ်ထောင်ဘက်အနေနဲ့ သင့်တော်တဲ့သူတွေက ကမ်းလှမ်းကြတာမျိုးပါ။ ကျွန်မသူငယ်ချင်းတွေကလည်း တချို့က အရွယ်ရှိတုန်း ယူဖို့ တိုက်တွန်းနေကြပါတယ်။ အခုယူမထားရင် အသက်ကြီးလာတဲ့အခါ တစ်ယောက်တည်းဒုက္ခရောက်မယ်လို့ ပြောပါတယ်။ ကျွန်မလည်း အဲ့ဒါတော့ စိတ်ပူပါတယ်။ တချို့သူငယ်ချင်းတွေကလည်း “ နင့်ဘဝက အပူအငြိမ်း ဆုံးပဲ။ ကိုယ်ရှာကိုယ်သုံး၊ ပေးချင်တဲ့သူပေး၊ ဝတ်ချင်တာဝတ်၊ သွားချင်တာသွား။ ဘယ်လောက်အားကျစရာ ကောင်း လဲ” လို့ ပြောကြပါတယ်။ ကျွန်မက ပညာတတ်တစ်ယောက်ပါ။ တစ်ကိုယ်စာအတွက်တော့ စားစား သုံးသုံးနဲ့ကို ပိုလျှံတဲ့ဝင်ငွေလည်း ရှိပါတယ်။

ဤဆောင်းပါးကို ဂန္ထဝင် မဂ္ဂဇင်းမှ ရေးသားတင်ဆက်ခြင်းဖြစ်သည်။

သူငယ်ချင်းတွေက ရှာရသမျှ မိသားစုနဲ့တင်မလောက်ငှဘဲ ပူရပန် နေရချိန်မှာ၊ သွားလေရာကလေးတိုးလိုတွဲလောင်းနဲ့ ရှုပ်ရှက်ခတ်နေချိန်မှာ ကျွန်မက စိတ်သွားတိုင်းကိုယ်ပါ လွတ်လပ်ငြိမ်းအေးစွာ နေနေရတဲ့ဘဝကိုတော့ ကျွန်မလည်း ကြိုက်ပါတယ်။ အရေးကြုံလာတဲ့အခါ အိမ်ထောင် သည်သူ ငယ်ချင်းတွေလို တိုင်ပင်ဖော်တိုင်ပင်ဖက်၊ အဆိုးအကောင်းအတူမျှဝေခံစားပေးမယ့် ဘဝအဖော်မရှိ လို့ နည်းနည်းအဖော်မဲ့တာတော့ ရှိတာပေါ့။ အမြဲတမ်းအထီးကျန်နေတာမျိုးတော့ အခုချိန်ထိ မခံစားမိသေး ပါဘူး။ အသက်ကြီးလာတဲ့အချိန်တော့ မပြောတတ်ပါဘူး။ အရွယ်ကလည်း သုံးဆယ်ကျော်ဆိုတော့ တချို့သူ တွေပြောသလို အိမ်ထောင်ပြုမယ်ဆိုရင်လည်း အခုအရွယ်ရှိတုန်းပြုရတော့မှာပါ။ သင့်တော်တဲ့သူကို ခေါင်း ညိတ်မယ်ဆိုတော့လည်း ကျွန်မရဲ့လက်ရှိငြိမ်းအေးလွတ်လပ်နေတဲ့ဘဝလေးကို နှမြောနေမိပါတယ်။ တကယ် လို့များ အိမ်ထောင်ရေးက ကိုယ်မျှော်လင့်သလိုမဟုတ်ဘဲ အဆင်မပြေခဲ့ရင် ဒုက္ခရောက်မလားလို့လည်း တွေးပူ မိပါတယ်။ မယူခင်တော့ ယောက်ျားတိုင်းက လူကောင်းတွေချည်းလို့ပြောကြတာကိုး။ ယူပြီးမှ သိရမှာဆိုတော့ ခက်ပါတယ်။

အိမ်ထောင်ပြုပြီးတဲ့သူတွေ၊ မပြုဘဲတစ်ယောက်တည်းနေနေတဲ့ တခြားစာဖတ်ပရိသတ်တွေဆီက အကြံဉာဏ်ကောင်းလေးတွေများရမလားလို့ ဂန္ထဝင်ကို ရင်ဖွင့်ကြည့်တာပါ။