ဒီနှစ်ချစ်သူများနေ့မှာ ချစ်ရသူတွေအတွက် အံ့အားသင့်စရာ လက်ဆောင်တစ်ခုကိုပေးချင်လား။

blank

စာချစ်သူတို့ရေ….။

သိပ်မကြာခင်မှာ ချစ်သူများနေ့ကိုရောက်တော့မယ်နော်။ ချစ်သူများနေ့ကို ချစ်သူတွေပဲ ဆင်နွှဲရတယ်လို့ ထင်နေလား။ တကယ်တော့ ချစ်သူများနေ့ဆိုတာ ကိုယ့်ကိုချစ်တဲ့သူတွေအားလုံး၊ ကိုယ်ချစ်ရတဲ့သူတွေအားလုံးနဲ့ သက်ဆိုင်တဲ့နေ့လေးတစ်နေ့ပါ။ အဲ့ဒီနေ့လေးမှာ ချစ်ရသူတွေအတွက် အံ့အားသင့်စရာ လက်ဆောင်လေးတွေပေးဖို့ စဉ်းစားနေလား။ အမေပဲဖြစ်ဖြစ်၊ ချစ်သူပဲဖြစ်ဖြစ်၊ ဇနီးပဲဖြစ်ဖြစ်၊ အမျိုးသမီးတွေဆိုတာ စိန်ထည်တွေကို နှစ်သက်ကြတာပါပဲ။

ချစ်ရသူတွေအတွက် စိန်ထည်လေးတွေ ဝယ်ပေးတော့မယ်ဆိုရင်…..။

၁။ ကိုယ်ပေးမယ့်သူက ဘယ်လိုလက်ဝတ်ရတနာလေးတွေကို အနှစ်သက်ဆုံးလဲဆိုတာကို သိအောင်လုပ်ပါ။ လက်စွပ်လား၊ လက်ကောက်လား၊ ဘယက်လားဆိုတာ သိသင့်တဲ့အပြင် လေးထောင့်ဆန်ဆန်စိန်ပွင့်လေးတွေကို နှစ်သက်တာလား၊ အဝိုင်းပုံကို ကြိုက်တာလား၊ ဒါမှမဟုတ် ဘဲဥပုံကို သဘောကျတာလားဆိုတာကို တီးမိခေါက်မိအောင် လေ့လာထားပါ။

နံပါတ်(၂)နေရာမှာ

၂။ စိန်ထည်လေးတွေကို မရွေးချယ်ခင်မှာ လက်ရာသေသပ်မှုရှိမရှိ လေ့လာပါ။ စိန်ကို cut လုပ်ထားတဲ့ လက်ရာသေသပ်မှုမရှိဘူးဆိုရင် ဘယ်လောက်ပဲဈေးကြီးကြီး ချစ်ရသူတွေကို ရင်ခုန်စေမှာ မဟုတ်ပါဘူး။ စိန်ထည်တွေရဲ့ လက်ရာနဲ့ အရည်အသွေးအတွက် အာမခံချက် အပြည့်အဝပေးနိုင်တဲ့ ဆိုင်မျိုးကိုလည်း ရွေးချယ်တတ်ဖို့လိုတယ်နော်။

၃။ ကိုယ်ပေးမယ့်သူရဲ့ စတိုင်နဲ့လိုက်ဖက်မှုရှိမရှိ ချိန်ဆပါ။ Classy ဖြစ်တဲ့ အမျိုးသမီးတစ်ယောက်ကို ဖန်စီဒီဇိုင်းတစ်ခု ပေးမိမယ်ဆိုရင် သူတို့ရဲ့ ရင်ခုန်သံတွေ ဘယ်မြန်လာပါ့မလဲ။

၎။ စိန်ကိုပလက်တီနမ်နဲ့ ကွပ်ထားတာရွေးမလား။ ရွှေနဲ့ကွပ်ထားတာကို ရွေးမလားဆိုတာကိုလည်း သေချာစဉ်းစားပါ။ တချို့အမျိုးသမီးတွေက ရွှေကြိုက်ပြီး တချို့အမျိုးသမီးတွေက ပလက်တီနမ်ပဲ ကြိုက်တယ်မဟုတ်လား။

၅။ စိန်ရဲ့ အရည်အသွေးကို သေချာလေ့လာပါ။ လက်ဆောင်ပေးချင်လွန်းအားကြီးပြီး တန်ဖိုးနဲ့လက်ရာ တစ်ခုတည်းကိုပဲ မကြည့်ပါနဲ့။ စိန်ရဲ့အရည်အသွေးကိုလည်း အာမခံတဲ့ ဆိုင်တွေကို သေချာလေ့လာပါ။

၆။ ဝယ်မယ့်နေ့မတိုင်ခင်ကတည်းက သေချာလေ့လာထားခြင်းဟာ လောပြီးမဝယ်မိအောင်၊  စိတ်တိုင်းကျရွေးချယ်နိုင်အောင် ကူညီပေးနိုင်ပါတယ်။ ဖော်ရွေပျူငှာတဲ့ ဝန်ဆောင်မှုမျိုးပေးပြီး စိတ်ရှည်ရှည်နဲ့ရှင်းပြပေးတဲ့ဆိုင်မျိုးကို ရွေးချယ်ပါ။

၇။ စိန်ထည်လေးတွေ သွားမဝယ်ခင်မှာ ကိုယ့်ရဲ့ ဘတ်ဂျက်ကို ထည့်သွင်းစဉ်းစားပါ။ ဘယ်လောက်သုံးမလဲဆိုတာကို ချင့်ချိန်ပါ။

စာချစ်သူတို့ရေ….။

ချစ်သူများနေ့မှာ ချစ်ရသူတွေအတွက် ဘာလက်ဆောင်ပဲပေးပေး လက်ဆောင်လေးကို မပေးခင်မှာ သင့်ရဲ့လက်ရေးနဲ့ရေးထားတဲ့ စာလေးတစ်စောင်နဲ့ နှင်းဆီလေးတစ်ပွင့်ကို ပေးဖို့လည်း မမေ့ပါနဲ့နော်။ အဲ့ဒီနေ့မှာ သင့်ကိုချစ်ရတဲ့သူတွေက သင့်ရဲ့လက်ဆောင်တွေနဲ့အတူ ချစ်ခင်ကြင်နာခြင်းတွေ၊ ဂရုစိုက်မှုတွေလည်း အလိုရှိနေတယ်ဆိုတာကို မမေ့ပါနဲ့။

ချစ်ရသူတွေကို ဂရုစိုက်ဖို့ဆိုတာ ချစ်သူများနေ့တစ်နေ့တည်း မဟုတ်ပါဘူး။ နေ့စဉ်နေ့တိုင်းက အရေးကြီးတယ်။ ချစ်သူတစ်ယောက်တည်းတင်မကဘဲ ချစ်ရသူတွေအားလုံးနဲ့ သက်ဆိုင်တယ်ဆိုတာကိုလည်း အမြဲတမ်းသတိရပါ။

ချစ်ရသူတွေအတွက် အကောင်းဆုံးစိန်ထည်လေးတွေကို လက်ဆောင်ပေးချင်တယ်ဆိုရင်တော့ အရည်အသွေးနဲ့ လက်ရာ နှစ်ခုလုံးစိတ်ချရပြီး ကောင်းမွန်တဲ့ ဝန်ဆောင်မှုတွေပေးနေတဲ့ ရွှေမန္တလေးက တော်ဝင်စိန်တိုက်ကို သတိရပါနော်။

စာချစ်သူတို့အတွက်ဗဟုသုတလေးကို ဂန္ထဝင်မဂ္ဂဇင်းနဲ့တော်ဝင်စိန်တိုက်တို့မှ ပူးပေါင်းစီစဉ်တင်ဆက်ပေးလိုက်ပါတယ်ရှင်။