သွားနာ၊ သွားကိုက်ဖြစ်စေတဲ့ နေ့စဉ်အမူအကျင့်ဆိုးများ

blank

ခံရအခက်ဆုံးဝေဒနာတွေထဲမှာ သွားကိုက်ဝေဒနာလည်း ပါပါတယ်။ အရသာရှိတဲ့အစားအသောက် တွေကို ကျေညက်အောင် ဝါးပေးနေတဲ့ သွားလေးတွေဟာ ကျန်းမာရေးဖောက်ပြီဆိုရင်လည်း ခံစားရတာ မ သက်သာလှပါဘူး။ ဒါကြောင့် သွားကျန်းမာရေးထိခိုက်စေတဲ့ နေ့စဉ်အမူအကျင့်ဆိုးတွေကို စောစောစီးစီးကြို တင်စွန့်လွှတ်ထားဖို့ လိုအပ်ပါတယ်။ လူအများရဲ့နေ့စဉ်ဘဝမှာ ကိုယ်တိုင်တောင် မသိလိုက်ဘဲ ရေရှည်သွား ကျန်းမာရေးကို ထိခိုက်အောင်ပြုလုပ်မိနေတဲ့ အမူအကျင့်ဆိုးလေးတွေရှိပါတယ်။

၁။ လက်မစုပ်ခြင်း

ကလေးအများစုပြုလုပ်လေ့ရှိတဲ့ အမူအကျင့်လေးဖြစ်ပြီး သွားနဲ့ခံတွင်းကျန်းမာရေးကို ထိခိုက်စေပါ တယ်။

၂။ အချဉ်သီးကိုက်စားတာများခြင်း

အရည်ရွှမ်းပြီးချဉ်တဲ့ သံပရိုလိုအသီးမျိုးတွေဟာ အက်ဆစ်ဓာတ်များလွန်းတဲ့အတွက် စားပါများရင် သွားမျက်နှာပြင်ကို ကြမ်းလာစေပြီး သွားကျန်းမာရေးကို ထိခိုက်စေပါတယ်။

၃။ သွားတိုက်တဲ့အခါ ဖိတိုက်ခြင်း

သွားတွေကို ဖိတိုက်ရင်တော့ သွားဖုံးတွေကို နာကျင်စေပြီး အအေးထိရင် သွားကျင်တာတွေ၊ သွားအ ခေါင်းပေါက်တွေ ဖြစ်လာစေပါတယ်။

၎။ အံကြိတ်ခြင်း၊ သွားကြိတ်ခြင်း

စိတ်ဖိစီးမှုများတဲ့လူတွေမှာ ညအိပ်တဲ့အခါ သွားကြိတ်တာ၊ အံကြိတ်တာတွေ ရှိပါတယ်။ အဲ့ဒီအရာတွေ က အလွန်သေးငယ်တဲ့သွားကျိုးပဲ့မှုတွေဖြစ်စေပြီး သွားထိခိုက်ပျက်စီးစေပါတယ်။

၎။ ရေခဲတုံးဝါးစားခြင်း

အေးစက်မာကြောတဲ့ ရေခဲတုံးတွေဟာ သွားပျက်စီးစေပါတယ်။

၅။ ပစ္စည်းတွေကို ကပ်ကြေးအစား သွားနဲ့ကိုက်ဖြတ်ခြင်း

တစ်ခါတလေမှာ လူတွေဟာ ကြယ်သီးတပ်ရင်း အပ်ချည်ကြိုးဖြတ်ဖို့လိုလာတဲ့အခါ၊ မုန့်ထုပ်တွေ ဖောက်တဲ့အခါ၊ ပုလင်းဖော့အဆို့တွေ ဖယ်တဲ့အခါ၊ တိပ်ကပ်တဲ့အခါ ကပ်ကြေးမရှာဘဲ သွားနဲ့လွယ်လွယ်နဲ့ ကိုက်ဖြတ်ပစ်တတ်ကြပါတယ်။ ဒါကလည်း သွားကျန်းမာရေးကို ထိခိုက်စေပါတယ်။

၆။ ခဲတံ၊ ဘောပင်န်ကိုက်ခြင်း

လူတွေဟာ အာရုံစူးစိုက်စရာတစ်ခုခုရှိနေတဲ့အခါ ခဲတံ၊ ဘောလ်ပင်န်ကိုက်ပြီး စဉ်းစားတာ၊ မျက်မှန် ကိုင်း ကိုက်တာမျိုးတွေ ပြုလုပ်လေ့ရှိကြပါတယ်။ ကြာလာတဲ့အခါ အမူအကျင့်ဖြစ်လာပြီး သွားကျန်းမာရေးကို ထိခိုက်စေပါတယ်။

၇။ လက်သည်းကိုက်ခြင်း

လက်သည်းကိုက်ခြင်းက လက်ချောင်းတွေကိုသာ အလှပျက်စေတာမဟုတ်ပါဘူး။ သွားနဲ့ခံတွင်းဆိုင် ရာ ကျန်းမာရေးပြဿနာတွေကိုပါ ဖြစ်စေပါတယ်။

၈။ ဆိုဒါသောက်များခြင်း

ကာဗွန်နိတ်ပါတဲ့ ဖျော်ရည်တွေဟာ သွားကို ထိခိုက်ပျက်စီးစေပါတယ်။ ဘာကြောင့်လဲဆိုတော့ အက် ဆစ်ဓာတ်အလွန်များလို့ ဖြစ်ပါတယ်။

၉။ သွားကြားထိုးတံအသုံးပြုခြင်း

သွားကြားထိုးတံတွေတွေဟာ သွားအကြိုအကြားထဲက အစာတွေကိုပါ ဖယ်ရှားပေးနိုင်ပါတယ်။ ဒါပေမဲ့ သွားဖုံးတစ်ရှူးတွေကို ပျက်စီးစေပြီးသွားကျန်းမာရေးကို ထိခိုက်စေပါတယ်။

အထက်ပါအချက်လေးတွေကို သတိပြုဆင်ခြင်မယ်ဆိုရင်တော့ သွားကျန်းမာရေးမထိခိုက်အောင် ကာ ကွယ်နိုင်မှာပါ။ အားလုံးလည်း ကျန်းမာပျော်ရွှင်သော နေ့ရက်လေးတွေကို ပိုင်ဆိုင်နိုင်ပါစေ။

စာချစ်သူများကျန်းမာရေးဗဟုသုတရစေဖို့ ယခုစာစောင်လေးကို ဂန္ထဝင်မဂ္ဂဇင်းနဲ့ အကိုက်အခဲပျောက် ဆေး Dolfenal တို့မှ ပူးပေါင်းတင်ဆက်ထားပါတယ်။