မိန်းကလေးဘက်ကစချစ်မိတာ အပြစ်လား။

blank

ကျွန်မနာမည်က မေလင်းလို့ပဲ မှတ်ထားပေးပါ။ ကျွန်မက နယ်မြို့သေးသေးလေးမှာ နေပါတယ်။ ပြော ရမှာတော့ ရှက်လည်း ရှက်ပါတယ်။ ဒါပေမဲ့ ပြောပြစရာလူလည်း မရှိလို့ ဂန္ထဝင်ရဲ့ မိန်းမသားတို့ရင်ဖွင့်သံကဏ္ဍမှာပဲ ရင်ဖွင့်ပြီး အကြံဉာဏ်တောင်းလိုက်တာပါ။

ကျွန်မက အသက် ၂၃ ပါ။ ကိုယ့်အိနြေ္ဒသိက္ခာလေးနဲ့ကိုယ် အေးအေးဆေးဆေးနေတတ်တဲ့ မိန်းကလေးတစ်ယောက်လည်း ဖြစ်ပါတယ်။ လောလောဆယ်မှာ ကျွန်မ သ ဘောကျနေမိတဲ့ ကောင်လေးတစ်ယောက်ရှိပါတယ်။ သူနဲ့ကျွန်မက မေးထူးခေါ်ပြောအဆင့်လည်း ရင်းနှီးပါ တယ်။ ကျွန်မသဘောကျနေတာကို သူသိလားမသိလား ကျွန်မမသိပါဘူး။ ရှေးရိုးဆန်တယ်ပဲဆိုဆို အခုခေတ် တချို့မိန်းကလေးတွေ ဘယ်လောက်ရဲတင်းတင်း ကျွန်မကတော့ မိန်းကလေးဘက်က စရတာကို မကြိုက်ပါဘူး။ ရှက်ပါတယ်။ မိန်းကလေးဆိုတာ ကိုယ့်ကိုယ်ကိုယ်မှ တန်ဖိုးမထားရင် ဘယ်သူမှ တန်ဖိုးထားမှာ မဟုတ်ဘူးလို့ ထင်တယ်။ ဒါကြောင့် ကျွန်မကြိုက်နေတာကို သူရိပ်မိမှာတောင် စိုးရွံ့မိပါတယ်။

ဤဆောင်းပါးကို ဂန္ထဝင်မဂ္ဂဇင်းမှရေးသားတင်ဆက်သည်။

ကျွန်မတွေးတာက သူ ကလည်း ကျွန်မကို သဘောကျနေလို့ ကျွန်မဘက်က သဘောကျနေတာကို ရိပ်မိသွားတာမျိုးဆို တော်ပါသေး တယ်။ သူ့ ဘက်က သဘောမကျဘူးဆိုရင် ကျွန်မစိတ်ကို သူရိပ်မိသွားရင် ရှက်လွန်းလို့ သေရပါလိမ့်မယ်။ သူနဲ့ ချစ်သူဖြစ် ခွင့်မရရင်နေပါစေ။ အရှက်တော့ အကွဲမခံနိုင်တာ ကျွန်မ ဆန္ဒပါပဲ။ ဒါပေမဲ့ အချစ်ဆိုတာ တားမရတော့ သူ့ကိုချစ်နေမိတဲ့ စိတ်တွေကလည်း ရပ်မရပါဘူး။ သူကလည်း အေးအေးဆေးဆေးသမားပါပဲ။ ကျွန်မနဲ့ တွေ့ရင်တော့ ကျွန်မက မမြင်ရင်တောင် သူက အရင်စနှုတ်ဆက်တတ်ပါတယ်။ ကျွန်မကပဲ စိတ်ဝင်စားနေလို့ လားမသိပါဘူး။ သူ့အကြည့်ကလည်း ကျွန်မအပေါ် နွေးထွေးသလိုပါပဲ။ ဒါကလည်း ဟုတ်ချင်မှ ဟုတ်မှာပါ။ ကျွန်မကတော့ ကျွန်မရင်ထဲက ခံစားချက်တွေ သူရိပ်မိမှာစိုးလို့ ခပ်မှန်မှန်ပဲ ဆက်ဆံမိပါတယ်။ အဲ့ဒါကြောင့်ပဲ သူကလည်း ရှေ့မတိုးတာလားပေါ့။

ယောက်ျားလေးတွေဘက်က စိတ်ဝင်စားနေတယ်ဆိုတာကိုကော ဘယ်လိုအချက်တွေကိုကြည့်ပြီး သိနိုင်လဲ။ ကျွန်မကိုယ်ကျွန်မလည်း စိတ်ညစ်မိပါတယ်။ ကျွန်မဘက်က စကြိုက်နေမိရတဲ့ အဖြစ်အတွက်လည်း ကသိကအောက်ဖြစ်မိပါတယ်။ ဒါပေမဲ့လည်း နှလုံးသားက သူ့ဘာသာကြိုက်နေတာဆိုတော့ ဘာမှလည်း လုပ်မရပါဘူး။
ဘာဆက်လုပ်ရမလဲမသိတော့ပါဘူး ဂန္ထဝင်ရေ။