အဆစ်အမြစ်တွေနာကျင်ကိုက်ခဲတာက ရာသီဥတုအပြောင်းအလဲနဲ့ဆိုင်လား။

blank

စာချစ်သူတို့ရေ…

“ အေးတော့မယ်ထင်တယ်။ မိုးရွာတော့မယ်ထင်တယ်” လို့ ရာသီဥတုအခြေအနေကို သေချာ ပေါက်ခန့်မှန်းနိုင်တဲ့သူတွေကို တွေ့ဖူးမှာပါ။ သေချာတာက အဲ့ဒီလူတွေထဲက အများစုဟာ ရာသီဥတု ပြောင်းလဲမယ့်အရိပ်အယောင်ရတာနဲ့ အဆစ်အမြစ်တွေ နာကျင်ကိုက်ခဲလာတတ်ကြသူတွေပါ။ မှန်ပါ တယ်။ ဒီလိုခံစားမိတာဟာ သိပ္ပံပညာအရ တိကျသေချာတဲ့ စမ်းသပ်ချက်တစ်ခုလား။ ဒါမှမဟုတ် လူ တွေစိတ်ထဲထင်နေတဲ့ လွဲမှားတဲ့ယုံကြည်မှုတစ်ခုလားဆိုတာ စိတ်ဝင်စားစရာပါ။

၂ဝ၁၇ မှာ ထုတ်ပြန်ခဲ့တဲ့ လေ့လာဆန်းစစ်မှုတစ်ခုအရ အေးတဲ့နေ့တွေ၊ မိုးရွာတဲ့နေ့တွေနဲ့ အ ဆစ်အမြစ်တွေနာကျင်ကိုက်ခဲမှုတွေ၊ နောက်ကျောနာကျင်မှုတွေဟာ တိုက်ရိုက်ဆက်စပ်မှုမရှိဘူးလို့ သိရပါတယ်။ ဒါပေမဲ့ ဟားဗတ်ကျန်းမာရေးဆိုင်ရာအစီရင်ခံစာမှာတော့ ရာသီဥတုအပြောင်းအလဲ၊ လေထုဆိုင်ရာဖိအား၊ ရေခိုးရေငွေ့တွေဟာ အဆစ်အမြစ်ကိုက်ခဲနာကျင်မှုဖြစ်စေတဲ့ အကြောင်း ရင်းတွေဖြစ်နိုင်တယ်လို့ ဖော်ပြထားပါတယ်။ နောက်ထပ်အကြောင်းရင်းတွေလည်း ရှိပါသေးတယ်။  အဲ့ဒါတွေကတော့…

  • ရာသီဥတုအေးလာတဲ့အခါ ကြွက်သားတွေထဲ သွေးစီးဆင်းမှုလျော့နည်းသွားပါတယ်။ ဒါကြောင့် အကြောတက်တာ၊ တောင့်တင်းနာကျင်တာတွေ ဖြစ်လာစေပါတယ်။
  • အေးတဲ့အခါ လှုပ်ရှားမှုနည်းခြင်းကလည်း ကြွက်သားထဲသွေးစီးဆင်းမှု နည်းစေပါတယ်။
  • သွေးစီးဆင်းမှုနည်းခြင်းဟာ ကြွက်သားတွေထဲ အဆိပ်အတောက်ဖြစ်နေတဲ့အဓိပ္ပာယ်ဖြစ်ပြီး နေထိုင်မကောင်းဖြစ်လာစေပါတယ်။
  • ရာသီဥတုကြောင့်နေထိုင်မကောင်းတဲ့စိတ်ခံစားမှုအခြေအနေကလည်း အဆစ်အမြစ်တွေ ကိုက်ခဲနာကျင်မှုကို ဖြစ်ပေါ်စေပါတယ်။

ရာသီဥတုကြောင့်ဖြစ်လာတဲ့ ကိုက်ခဲနာကျင်မှုတွေ သက်သာပျောက်ကင်းဖို့ဆိုရင် နည်းလမ်း လေးတချို့ရှိပါတယ်။

  • ကိုက်ခဲနေတဲ့အဆစ်အမြစ်နေရာတွေကို ရေနွေးအိတ်ကပ်ပေးပါ။ တစ်ကိုယ်လုံးနွေးနေအောင် ထားပါ။
  • အပြင်မထွက်ခင် အကြောဆန့်ပါ။ လေ့ကျင့်ခန်းလုပ်ပါ။
  • တစ်နေ့တာလှုပ်ရှားမှုတွေထဲမှာ မလိုအပ်ဘဲ အလေးအပင်မတာတွေကို ရှောင်ကြဉ်ပါ။
  • အဆစ်အမြစ်နဲ့ ဒူးဆစ်ပေါ် ဒဏ်မပိစေဖို့ ကျန်းမာရေးနဲ့ ညီညွှတ်တဲ့ ကိုယ်အလေးချိန်ကို ထိန်း သိမ်းထားပါ။
  • အိပ်ရေးဝဝအိပ်စက်ပါ။
  • အကိုက်အခဲပျောက်ဆေးသောက်ပါ။

ဒါဆိုရင်တော့ ရာသီဥတုအပြောင်းအလဲမှာ ကိုက်ခဲနာကျင်မှုတွေဖြစ်မှာကို စိတ်ပူစရာ မလို တော့ပါဘူးနော်။

ဂန္ထဝင်စာချစ်သူများ ကျန်းမာရေးဗဟုသုတရစေဖို့ ဂန္ထဝင်မဂ္ဂဇင်းနဲ့ အကိုက်အခဲပျောက်ဆေး Dolfenal တို့မှ ပူးပေါင်းတင်ဆက်ထားပါတယ်။