“အရိုးကွဲအောင်ရိုက်နေတာက အသည်းစွဲအောင်ချစ်နေလို့တဲ့လား”

blank

ကျွန်မလက်ထပ်ပြီး နှစ်လအကြာ ကျွန်မခင်ပွန်းနဲ့စကားများရင်းသူက ကျွန်မပါးကိုတစ်ချက်ရိုက်ခဲ့တယ်။ ကျွန်မငြိမ်နေခဲ့တယ်။ သူဒေါသထွက်သွားလို့ နေမှာပါလေ။

နောက်ထပ်သုံးလအကြာမှာ သူအရက်မူးလာပြီး ကျွန်မမျက်နှာမှာ အညိုအမည်းစွဲအောင် ရိုက်ပြန်တယ်။ အမေ့ကိုဖုန်းဆက်ပြီးလှမ်းပြောတော့ “မူးနေလို့ပါ သမီးရယ်။ သမီးကသူ့ကို ဒေါသထွက်အောင်မလုပ်နဲ့ပေါ့” တဲ့။  ကျွန်မငြိမ်နေခဲ့တယ်။ အမေပြောသလို ဖြစ်မှာပါပဲလေ။

နောက်ထပ် တစ်လလောက်ကြာတော့ သူအလုပ်မှာအဆင်မပြေလာတဲ့အချိန် သူမကြိုက်တဲ့ဟင်းချက်ထားမိတဲ့ ကျွန်မကိုခုံနဲ့ပစ်ပေါက်ခဲ့တယ်။ ငယ်ထိပ်ကို သုံးချက်ချုပ်လိုက်ရတယ်။ ယောင်းမတွေက “အိမ်ထောင်တစ်ခုတည်မြဲဖို့ မိန်းမကသည်းခံရတယ်။ အိမ်ထောင်ကွဲရင်ညည်းပဲဒုက္ခရောက်မှာ” တဲ့။ ယောက္ခမကြီးက “သားလေးက သူ့မိန်းမကိုချစ်ရှာပါတယ်။ လက်ပါတတ်တာက ခက်နေတာ။ အရိုးကွဲအောင်ရိုက်မှ အသည်းစွဲအောင်ချစ်တယ်ဆိုတဲ့ အဆိုလည်းရှိတယ်မဟုတ်လား” ဆိုပြီး ရယ်ရယ်မောမောနဲ့ပြောတယ်။

ဤဆောင်းပါးကိုဂန္ထဝင်မဂ္ဂဇင်းမှရေးသားတင်ဆက်သည်။

ကျွန်မစဉ်းစားမိတယ်။ ကျွန်မကမိန်းမဖြစ်တာနဲ့ပဲ အမြဲတမ်းငြိမ်နေရတော့မှာလား။

အိမ်ထောင်ကွဲမှာကြောက်ပြီး ဘယ်အချိန်မှာ ဘယ်လိုရိုက်မလဲဆိုတာကြောက်နေရတဲ့ဘဝမှာ ငြိမ်နေရမှာလား။

ချစ်တယ်ဆိုတာကို သွေးထွက်အောင်ရိုက်ပြီး သက်သေပြနေတဲ့အိမ်ထောင်ရေးမှာ ကျွန်မဆက်နေရမှာလား။

ပတ်ဝန်းကျင်က “တစ်ခုလပ်”လို့ခေါ်မှာကိုကြောက်ပြီး ငြိမ်ခံနေရမှာလား။

အမေကလည်း ကျွန်မသည်းခံသင့်တယ်တဲ့။

ခင်ပွန်းဘက်ကအမျိုးတွေက လိုလေးသေးမရှိအောင်ထားပြီး လက်ပါတတ်တာလေးကို ခွင့်လွှတ်ရမယ်တဲ့။

ပတ်ဝန်းကျင်က သာမန်အချိန်မှာစိတ်ရင်းကောင်းပြီး ဒေါသထွက်ရင်လက်ပါတတ်တဲ့ သူ့အားနည်းချက်ကို ဇနီးမယားဖြစ်တဲ့ကျွန်မက နားလည်ရမယ်တဲ့။

ရှင်တို့ကော…