ရာသီဥတုက ဓမ္မတာလာခြင်းအပေါ်မှာ အကျိုးသက်ရောက်မှုရှိနိုင်လား။

blank

မိန်းမသားတို့ရေ…

တစ်ခါတလေမှာ ရာသီလာတာက ပုံမှန်အတိုင်းတစ်လမှာ တစ်ကြိမ်ပေါ်မလာတာ ရှိပါတယ်။ ဒါက စိုးရိမ်စရာတော့ မဟုတ်ပါဘူး။ ပုံမှန်ဓမ္မတာလာခြင်းကို အနှောင့်အယှက်ဖြစ်စေတဲ့အရာတွေ အ များကြီးရှိနေပါတယ်။ ရာသီဥတုအခြေအနေကအစ ဓမ္မတာလာခြင်းအပေါ်မှာ အကျိုးသက်ရောက်မှု တွေရှိနေတယ်လို့ လေ့လာတွေ့ရှိချက်တွေက ဖော်ပြထားပါတယ်။

ဘယ်လိုရာသီဥတုအခြေအနေတွေက မိန်းမသားတွေရဲ့ ရာသီကာလကို သက်ရောက်မှုရှိစေ လဲဆိုတာလေးတချို့ကို မျှဝေပေးလိုက်ပါတယ်။

၁။ ရာသီဥတုအပြောင်းအလဲပြင်းထန်ခြင်း

တကယ်လို့ သင်ဟာ ရာသီဥတုအပြောင်းအလဲပြင်းထန်မြန်ဆန်တဲ့ နေရာဒေသမျိုးကို ရောက် နေတယ်ဆိုရင် သင့်ရဲ့ဓမ္မတာလာခြင်းကလည်း ရာသီဥတုနဲ့လိုက်ပြီး ပြောင်းလဲတတ်ပါတယ်။ ကွဲပြား ခြားနားတဲ့ ရာသီဥတုအခြေအနေကြောင့် နေထိုင်မှုပုံစံပြောင်းလဲပါတယ်။ အဲ့ဒီအချက်က ဘယ်အချိန် မှာ ဓမ္မတာစလာမယ်၊ သင့်အပေါ် ဘယ်လိုသက်ရောက်မှုရှိမယ်ဆိုတာကို ဆုံးဖြတ်ပေးပါတယ်။

  • ၂။ ဆောင်းရာသီမှာ ကိုယ်လက်လှုပ်ရှားမှုနည်းခြင်း

ဆောင်းရာသီမှာ ကိုယ်လက်လှုပ်ရှားမှုမရှိရင်လည်း ဓမ္မတာလာစဉ်မှာ ပိုမိုကိုက်ခဲနာကျင်ပြီး PMS လက္ခဏာရပ်တွေကို ပိုခံစားရတတ်ပါတယ်။

၃။ ရာသီဥတုအလိုက် အလှုပ်အရှားများခြင်း

ရာသီဥတုအလိုက် လှုပ်ရှားမှုတွေကလည်း ရာသီလာခြင်းမလာခြင်းအပေါ် သက်ရောက်မှုရှိ စေပါတယ်။ ဒါ့အပြင်  သာမန်ရာသီဥတုအခြေ အနေမှာတောင် အမျိုးသမီးအင်္ဂါမှာ မှိုတွေပေါက်ဖွား တတ်ပါတယ်။ ပူလောင်ပြီး ချွေးထွက်တတ်တဲ့ နွေရာသီဆိုရင်တော့ သန့်ရှင်းရေးကို အထူးဂရုစိုက် သင့်ပါတယ်။

အထက်ပါအချက်တွေအပြင် စိတ်ဖိစီးမှုဖြစ်ခြင်း၊ အစားအသောက်ပြောင်းလဲခြင်း၊ ခရီးဝေး ထွက်ခြင်းတို့ကလည်း ဓမ္မတာမှန်ခြင်း၊ မမှန်ခြင်းတို့ကို ဖြစ်ပေါ်စေပါတယ်။

စာချစ်သူမိန်းမသားများ ကျန်းမာရေးဗဟုသုတရစေဖို့ ဂန္ထဝင်မဂ္ဂဇင်းနဲ့ Dolfenal အကိုက်အခဲ ပျောက်ဆေးတို့မှ ပူးပေါင်းတင်ဆက်ထားပါတယ်။