ကလေးတွေကို ဦးနှောက်ဉာဏ်ရည်ထက်မြက်စေတဲ့ စူပါအစားအစာများ

ဖေဖေ၊ မေမေတို့ရေ…

အာဟာရဓာတ်စုံလင်မျှတပြီး ကျန်းမာရေးနဲ့ညီညွှတ်တဲ့ အစားအစာတွေဟာ ကလေးတွေရဲ့ ခန္ဓာကိုယ် အတွက်ပဲ ကောင်းတာမဟုတ်ပါဘူး။ ကလေးရဲ့ဦးနှောက်လုပ်ဆောင်ချက်တွေ၊ မှတ်ဉာဏ်နဲ့ အာရုံစူးစိုက်မှုအား တွေကိုလည်း တိုးတက်ကောင်းမွန်စေပါတယ်။ ဘာကြောင့်လဲဆိုတော့ ခန္ဓာကိုယ်နဲ့ဦးနှောက်ဟာ လိုအပ်တဲ့ အာဟာရတွေကို စားလိုက်တဲ့အစားအစာတွေဆီကနေ စုပ်ယူတာကြောင့် ဖြစ်ပါတယ်။ ဉာဏ်ရည်ထက်မြက် တဲ့ကလေးလေးတွေဖြစ်ဖို့ဆိုရင် မိဘတွေအနေနဲ့ အောက်ပါအစားအစာများကို ဂရုတစိုက် ကျွေးမွေးသင့်ပါ တယ်။

၁။ ဆယ်လ်မွန်ငါး

ငါးကြီးဆီတစ်မျိုးဖြစ်တဲ့ ဆယ်လ်မွန်ငါးဟာ ကလေးတွေရဲ့ဦးနှောက်ဖွံ့ဖြိုးမှုနဲ့လုပ်ဆောင်ချက်တွေ အ တွက် လိုအပ်တဲ့ အိုမီဂါ ၃ ဖက်တီးအက်ဆစ်ကို ရရှိစေပါတယ်။ ဖက်တီးအက်ဆစ်လုံလောက်အောင် ရရှိခြင်း အားဖြင့် ကလေးတွေရဲ့စိတ်ပိုင်းဆိုင်ရာအရည်အသွေးကိုလည်း တိုးတက်စေပါတယ်။

၂။ ဥအမျိုးမျိုး

ဥတွေဟာ ပရိုတင်းဓာတ်ကြွယ်ဝပြီး ဥအနှစ်တွေမှာပါတဲ့ choline ဟာ မှတ်ဉာဏ်ဖွံ့ဖြိုးစေပါတယ်။

၃။ မြေပဲထောပတ်

ကလေးတွေကြိုက်နှစ်သက်ကြတဲ့ မြေပဲထောပတ်မှာ ဗီတာမင် E ကြွယ်ဝစွာပါဝင်ပါတယ်။ ဒါ့အပြင် အာရုံကြောအမြှေးတွေကို ကာကွယ်ပေးတဲ့ အင်တီအောက်ဆီဒင့်၊ စွမ်းအင်ပေးတဲ့ ဂလူးကို့စ်နဲ့ ဦးနှောက်ဖွံ့ဖြိုး စေတဲ့ thiamin ကိုလည်း ရရှိစေပါတယ်။

၎။ အစေ့အဆန်များ

နှံစားပြောင်းနဲ့ အစေ့အဆန်တွေဟာ ဦးနှောက်အတွက် လိုအပ်တဲ့ စွမ်းအင်တွေ ရရှိစေတဲ့ အရင်းအမြစ် တစ်ခုဖြစ်ပါတယ်။ ဒါ့အပြင် အာရုံကြောစနစ်ကို ကောင်းမွန်စေတဲ့ ဗီတာမင် B လည်း ပါဝင်ပါတယ်။

၅။ ဂျုံ

ဂျုံဟာ ဦးနှောက်စွမ်းရည်ထက်မြက်စေပြီး ဂျုံမှာပါဝင်တဲ့ အမျှင်ဓာတ်တွေဟာ ကလေးတွေကို ဗိုက်ပြည့် နေအောင် ထိန်းထားပေးတဲ့အတွက် သရေစာတွေ၊ အသင့်စားအစားအစာတွေကို သိပ်မစားမိစေတော့ပါဘူး။ ဒါ့ အပြင် ဗီတာမင် E, B complex နဲ့ ဇင့် (zinc) တွေပါဝင်ပြီး အလုပ်ကို အလုပ်ကောင်းကောင်းလုပ်စေပါတယ်။

၆။ ပဲအမျိုးမျို

ပဲစေ့တွေဟာ နှလုံးကျန်းမာစေပြီး ဦးနှောက်အတွက် အထောက်အကူပြုတဲ့ ပရိုတင်း၊ complex၊ ကာ ဗိုဟိုက်ဒရိတ်၊ အမျှင်ဓာတ်နဲ့ သတ္ထုဓာတ်တွေပါဝင်ပါတယ်။ အထူးသဖြင့် ထောပတ်ပဲနဲ့ မြေတောက်ပဲဟာ တခြားပဲတွေထက် အိုမီဂါ ၃ ဖက်တီးအက်ဆစ်ကို ပိုရရှိစေပါတယ်။

၇။ ရောင်စုံဟင်းသီးဟင်းရွက်များ

အရောင်ရင့်အသီးအရွက်တွေမှာ ဦးနှောက်ဆဲလ်တွေကျန်းမာစေတဲ့ အင်တီအောက်ဆီဒင့်စ်တွေပါဝင် ပါတယ်။ ကလေးရဲ့တစ်နေ့တာအစားအစာတွေထဲ ခရမ်းချဉ်သီး၊ ကန်စွန်းဥ၊ ဖရုံသီး၊ မုန်လာဥနီနဲ့ ဟင်းနုနွယ် တွေ ပါဝင်အောင် စီမံကျွေးမွေးပါ။

၈။ နို့နဲ့ဒိန်ချဉ်

ဦးနှောက်တစ်ရှူးတွေ ဖွံ့ဖြိုးဖို့၊ အာရုံခံဆဲလ်တွေနဲ့ အစာချေစနစ်တွေကောင်းမွန်စေဖို့ ဗီတာမင် B တွေ မရှိမဖြစ်လိုအပ်ပါတယ်။ အဆီမပါတဲ့နို့၊ ဒါမှမဟုတ် ဒိန်ချဉ်ဟာ ကလေးရဲ့ဦးနှောက်အတွက် ကာဗိုဟိုက်ဒရိတ်နဲ့ ပရိုတင်းဓာတ်တွေ ရရှိစေပါတယ်။ အထူးသဖြင့် နို့ထွက်ပစ္စည်းတွေဟာ အရွယ်ရောက်သူတွေထက် ကလေး တွေ၊ ဆယ်ကျော်သက်တွေမှာ ပိုလိုအပ်တဲ့ ဗီတာမင် D ကို ရရှိစေပါတယ်။

၉။ အမဲသား

အမဲသားမှာ သံဓာတ်နဲ့ဇင့်ဓာတ်တွေ ပါဝင်ပါတယ်။ သံဓာတ်က ကလေးတွေကို ကျောင်းမှာ အာရုံစူး စိုက်နိုင်စွမ်းကောင်းမွန်စေပြီး ဇင့်ဓာတ်ကတော့ မှတ်ဉာဏ်ကောင်းမွန်စေပါတယ်။

၁ဝ။ သံဓာတ်နဲ့ဗီတာမင်တွေကြွယ်ဝတဲ့ အားဆေး

ကလေးတွေအတွက် စုံလင်လုံလောက်တဲ့အာဟာရဓာတ်တွေကို အစားအစာတွေကနေပဲ နေ့စဉ်ရရှိနေ ဖို့ဆိုတာ မဖြစ်နိုင်ပါဘူး။ ဒါကြောင့် သံဓာတ်နဲ့ ဗီတာမင်တွေပါဝင်တဲ့ ကလေးအားဆေးတွေ ပုံမှန်တိုက်ပေးပါ။

အာဟာရပြည့်ဝစုံလင်တဲ့ အစားအစာနဲ့ လိုအပ်တဲ့အားဆေးတွေ တိုက်ကျွေးခြင်းဖြင့် ဦးနှောက်ဉာဏ် ရည်ထက်မြက်ပြီး ကျန်းမာတဲ့ရင်သွေးများကို ပြုစုပျိုးထောင်နိုင်ကြပါစေ။

စာချစ်သူများဗဟုသုတရစေဖို့ ယခုစာစောင်လေးကို ဂန္ထဝင်မဂ္ဂဇင်းနဲ့ သန်စွမ်းထက်မြက် အနာဂတ်အတွက် အကောင်းဆုံး Nutroplex  အားဆေးတို့မှ ပူးပေါင်းတင်ဆက်ထားပါတယ်။