နာကျင်စရာတွေများခဲ့တဲ့ မေမေ့ကို ကြင်နာရမယ့် အချိန်ရောက်ပြီ။

blank

အမျိုးသမီးတစ်ယောက်ဟာ သမီးအဖြစ်နဲ့ လောကကြီးထဲကို ရောက်လာခဲ့တယ်။ တစ်စုံတစ်ယောက်ရဲ့ ညီမ၊ တစ်စုံတစ်ယောက်ရဲ့အစ်မ၊ တစ်စုံတစ်ယောက်ရဲ့ မိတ်ဆွေသူငယ်ချင်း အဖြစ်ရှိနေတတ်တဲ့ အမျိုးသမီးတစ်ယောက်ရဲ့ အခန်းကဏ္ဍတွေကများလွန်းလှတယ်။ ဆယ်ကျော်သက်ဘဝမှာ ရာသီဓမ္မတာဆိုတဲ့ အမျိုးသမီးတစ်ယောက်ရဲ့ ဘဝတစ်ဆစ်ချိုးကို တွေ့ကြုံခဲ့ရတယ်။ အဲ့ဒီအချိုးအကွေ့လေးဟာ သူမဘဝကို ပိုပြီးလှပစေခဲ့သလို နာကျင်ခြင်းတွေနဲ့ ရောယှက်လို့ပေါ့။ ဒါပေမဲ့ အမျိုးသမီးတွေဆိုတာ အဲ့ဒီနာကျင်ခြင်းတွေကို ဘယ်မှုခဲ့ပါ့မလဲ။ အဲ့ဒီအရွယ်မှာပဲ သူမဟာ အခြားသူတွေရဲ့ နာကျင်မှုတွေကို မျှဝေခံစားတတ်နေပြီ။

အရွယ်ရောက်လာတဲ့ အမျိုးသမီးလေးဟာ သျှောင်နောက်ဆံထုံးပါပြီး သူမချစ်ရတဲ့ မိသားစုတွေနဲ့ ခွဲခွာရတဲ့ နာကျင်ခြင်းကို မြည်းစမ်းရပြန်တယ်။ အနာဂတ်အတွက် မျှော်လင့်ချက်အသစ်တွေကို ပွေ့ပိုက်ရင်း ခွဲခွာခြင်းဆိုတဲ့ နာကျင်ခြင်းကို လျစ်လျုရှုခဲ့တယ်။ အိမ်ထောင်ဦးကာလရဲ့ တာဝန်ဝတ္တရားတွေကို ထမ်းဆောင်ရင်း ပျော်ရွှင်ခြင်းတွေတစ်လှည့်၊ ရင်ခုန်ခြင်းတွေတစ်လှည့်၊ ချစ်ခြင်းတွေနွေးထွေးမှုတွေကို တစ်လှည့်ခံစားခဲ့တယ်။ အဲ့ဒီအချိန်မှာပဲ သူမဘဝထဲကို သားသမီးတွေတစ်ယောက်ပြီးတစ်ယောက်ရောက်လာခဲ့တယ်။ မီးဖွားတဲ့အခါမှာ ကြုံရတဲ့နာကျင်ခြင်းဟာ ကမ္ဘာပေါ်မှာ အပြင်းထန်ဆုံးတဲ့။ ဒါပေမဲ့ သားသမီးမျက်နှာကို မြင်လိုက်ရတဲ့ခဏမှာ သူမကအဲ့ဒီနာကျင်ခြင်းတွေကို မေ့ထားခဲ့တယ်လေ။

သားသမီးတွေကို ကြီးပြင်းလာအောင် ပြုစုပျိုးထောင်ဖို့၊ ကိုယ့်ခြေထောက်ပေါ် ကိုယ်ရပ်တည်နိုင်ဖို့ သင်ပေးခဲ့တယ်။ အချိန်တန်အရွယ်ရောက်လာလို့ အတောင်အလက်ကိုယ်စီနဲ့ ပျံသန်းသွားကြတဲ့အခါမှာ နာကျင်မှုကိုခံစားရပြန်တယ်။ သူမဘဝရဲ့အဲ့ဒီနာကျင်ခြင်းဟာ ခန္ဓာကိုယ်က နာကျင်ခြင်းတွေထက်ပိုပြီးတော့ ဆိုးဝါးပြင်းထန်ပါတယ်။ မိဘတွေကို ခွဲခွာခဲ့စဉ်တုန်းက နာကျင်မှုကြီးကို ကိုယ်ချင်းစာစွာ သိလိုက်ရပြန်တော့တယ်။

အဲ့ဒီထက်ပိုပြီးအရေးကြီးတာက ကျွန်မတို့ရဲ့ မိခင်တွေအသက်ကြီးလာတဲ့အချိန်မှာ သူတို့ကို နာကျင်စေဖို့ ချောင်းနေတဲ့ သွေးဆုံးကိုင်ဝေဒနာဆိုတဲ့ ရန်သူကြီးပါပဲ။ သွေးဆုံးကိုင်ဝေဒနာခံစားရတဲ့အခါ အဆစ်အမြစ်တွေ နာကျင်ကိုက်ခဲတာ၊ စိတ်အတက်အကျမြန်တာ၊ စိတ်ထိခိုက်လွယ်တာ၊ အိပ်မပျော်တာတွေဖြစ်တတ်ပါတယ်။ မိခင်တွေရဲ့ ဘဝကနဦးမှာ ကြုံခဲ့ရတဲ့ နာကျင်ကိုက်ခဲမှုတွေဟာ ကျွန်မတို့ရဲ့ အားပေးကူညီမှုတွေ မပါဘဲ ကျော်ဖြတ်နိုင်ခဲ့ပေမယ့် ဒီအချိန်မှာ ကြုံတွေ့ရမယ့် နာကျင်ကိုက်ခဲမှုတွေကိုတော့ ကျွန်မတို့ရဲ့ ဂရုစိုက်မှုတွေ ချစ်ခြင်းမေတ္တာတွေ ဂရုစိုက်မှုတွေလိုအပ်ပါတယ်။

နာကျင်စရာတွေများခဲ့မေမေ့ကို ကြင်နာချိန်ရောက်ပါပြီ။

မီးယပ်ဝေဒနာတွေကြောင့် နာကျင်ကိုက်ခဲနေတဲ့ သင့်အမေကို အိမ်အလုပ်တွေနဲ့ ဝန်မပိပါစေနဲ့တော့။ စိတ်ကောကိုယ်ပါ အနားယူဖို့ အခွင့်အရေးတွေဖန်တီးပေးပါ။ ရင်ဖွင့်တာလေးတွေကို နားထောင်ပေးပါ။ သင့်ကို ဗျစ်တောက်ဗျစ်တောက်မြည်တွန်တောက်တီးနေရင် သည်းခံပေးပါ။ နွေးထွေးကြင်နာမှုတွေ ပေးပါ။ နာကျင်ကိုက်ခဲမှုတွေကို သက်သာစေဖို့ အရည်အသွေးမြှင့် အကိုက်အခဲပျောက်ဆေးတွေတိုက်ပါ။

သင့်ကိုငယ်ငယ်က ဂရုစိုက်ခဲ့တဲ့မေမေ့ကို သင့်ဖက်က ဂရုစိုက်ရမယ့် အလှည့်ရောက်ပြီလေ။

စာချစ်သူတို့ရဲ့ ခံစားမှုရသအတွက် ဂန္ထဝင်မဂ္ဂဇင်းနှင့် Dolfenal တို့မှ ပူးပေါင်းစီစဉ်တင်ဆက်သည်။