မိန်းကလေးတစ်ယောက်ရဲ့တစ်လတာ ရာသီစက်ဝန်းအခြေအနေ

စာချစ်သူတို့ရေ….။

မိန်းကလေးတစ်ယောက်ရဲ့ ဘဝမှာ ရာသီဓမ္မတာဆိုတာ မလွဲမသွေကြုံတွေ့ရမယ့် ကိစ္စဖြစ်ပေမယ့် ရာသီစက်ဝန်းနဲ့ ပတ်သက်တဲ့ဗဟုသုတတွေကိုတော့ အများစုက သိသင့်သလောက် မသိကြပါဘူး။ တစ်သက်တာလုံးမှာ ကြုံတွေ့နေရမယ့် ရာသီစက်ဝန်းကာလရဲ့ သဘောတရားကို သိထားခြင်းဟာ အမျိုးသမီးတစ်ယောက်အတွက် ပိုအဆင်ပြေစေတယ် မဟုတ်လား စာဖတ်ပရိသတ်ကြီးရေ။ ဒါ့ကြောင့် ဂန္ထဝင်အနေနဲ့ မိန်းကလေးတစ်ယောက်ရဲ့ တစ်လတာ ရာသီစက်ဝန်းအခြေအနေလေးကို တင်ဆက်ပေးလိုက်ပါတယ်။

အမျိုးသမီးတွေရဲ့ ရာသီစက်ဝန်းမှာ အပိုင်းအခြား (၄) ခုရှိပါတယ်။ ရာသီသွေးဆင်းတဲ့ကာလ(menstruction) ၊ မမျိုးဥဖြစ်ပေါ်တဲ့ကာလ (follicular phase) ၊ မျိုးဥကြွေတဲ့ကာလ(ovulation) နဲ့ သားအိမ်နံရံတွေထူထဲပြီး သန္ဓေအောင်လွယ်စေတဲ့ကာလ (luteal phase) တို့ပဲဖြစ်ပါတယ်။

ရာသီသွေးဆင်းတဲ့ကာလကတော့ အကျိအချွဲတွေနဲ့ ရာသီသွေးတွေက မိန်းမကိုယ်ကနေ ထွက်လာခြင်းဆိုတာကို အမျိုးသမီးတွေအားလုံးသိကြပါတယ်။ တချို့အမျိုးသမီးတွေက ရာသီစလာတဲ့ရက်တွေမှာ သွေးဆင်းများတတ်ပြီး  တချို့တွေကတော့ ရာသီစလာတဲ့ရက်တွေမှာ သွေးဆင်းနည်းတတ်ပါတယ်။

Follicular Phase မှာ pituitary gland လို့ခေါ်တဲ့ ဟော်မုန်းလေးတွေထွက်လာပြီး မမျိုးဥလေးတွေဖြစ်ပေါ်လာမယ့် follicles လေးတွေဖြစ်ပေါ်လာပါတယ်။ အဲ့ဒီ follicles လေးတွေက ၁ဝ ခုကနေ ၂ဝ ခုအတွင်း ဖြစ်ပေါ်ပေမယ့် အဲ့ဒီထဲက တစ်ခုကပဲ ရင့်မှည့်တဲ့ မျိုးဥအဖြစ် ဖွံ့ဖြိုးသွားပါတယ်။ အဲ့ဒီဖွံ့ဖြိုးသွားတဲ့ follicle လေးဟာ မျိုးဥအိမ်ဖက်ကို ရွေ့လျားသွားပြီး ကျန်တဲ့ follicles တွေကတော့ ပြိုကွဲသွားပြီး ခန္ဓာကိုယ်က စုပ်ယူလိုက်ပါတယ်။

Ovulation ကာလမှာတော့ ရင့်လာတဲ့ မမျိုးဥဟာ ဥအိမ်ကနေ သားအိမ်ဘက်ကို ရွေ့လျားလာပါတယ်။ (၆) နာရီနဲ့ ၂၄ နာရီအတွင်းမှာ အဖိုမျိုးပွားဆဲလ်နဲ့ ပေါင်းစပ်ခွင့်မရလိုက်ဘူးဆိုရင်တော့ မမျိုးဥက ပျက်ဆီးသွားတော့တာပေါ့။

မျိုးဥမကြွေခင်မှာ အမျိုးသမီးတွေအနေနဲ့ ကြည်လင်ပြီး ချွဲကျိတဲ့ အကျိအချွဲတွေ ဆင်းတတ်ပါတယ်။ အဲ့ဒီအကျိအချွဲတွေက အဖိုမျိုးပွားဆဲလ်တွေကို မမျိုးဥတွေဆီ ရောက်နိုင်ဖို့ အားပေးကူညီပေးပါတယ်။

Luteal Phase မှာတော့ သားအိမ်နံရံတွေက မျိုးအောင်သွားတဲ့ မမျိုးဥလေးကို ထိန်းသိမ်းပေးဖို့ အဆင်သင့်ဖြစ်နေတဲ့ ကာလလေးပေါ့။ ဒီကာလမှာ ရင်သားတင်းကြပ်တာ၊ ဝမ်းဗိုက်တင်းပြီး ဖောင်းနေတာ၊ မောပန်းပြီး စိတ်မအီမသာဖြစ်တာတွေ ဖြစ်တတ်ပါတယ်။

အမျိုးသမီးတစ်ယောက် ရာသီစလာတဲ့ရက်ဟာ ရာသီစက်ဝန်းရဲ့ ပထမရက်ဖြစ်ပြီး နောက်တစ်ကြိမ်ရာသီလာတဲ့နေ့အထိက ရာသီစက်ဝန်းရဲ့ နောက်ဆုံးနေ့ဖြစ်ပါတယ်။ အမျိုးသမီးတွေရဲ့ ရာသီစက်ဝန်းဟာ ၂၃ ရက်ကနေ ရက် ၄ဝအတွင်းရှိနိုင်ပါတယ်။ စိတ်ဖိစီးမှုအနည်းအများ၊ စိတ်သောကရောက်စရာတွေ ကြုံနေရတာ၊ ခန္ဓာကိုယ်အလေးချိန် အတက်အကျတွေပေါ် မူတည်ပြီး ရာသီစက်ဝန်းမှာ အပြောင်းအလဲတွေ ဖြစ်တတ်ပါတယ်။

ရာသီစက်ဝန်းဆိုတာ အမျိုးသမီးတိုင်းကြုံတွေ့ရမယ့် ကိစ္စဖြစ်နေပေမယ့် နာကျင်ကိုက်ခဲမှုတွေ၊ စိတ်အပြောင်းအလဲတွေကြောင့် ရောက်လာတဲ့အခါတိုင်း မိန်းကလေးဖြစ်ရတာ စိတ်ညစ်တယ်လို့တော့ သူသူငါငါ စဉ်းစားမိတတ်ကြတာပါပဲ။ ရာသီလာခြင်းကို တားဆီးပိတ်ပင်ဖို့ မဖြစ်နိုင်ပေမယ့် အဲ့ဒီနာကျင်ကိုက်ခဲမှုတွေကို လျော့ကျစေဖို့တော့ အစားအသောက်၊ အနေအထိုင်တွေနဲ့ ထိန်းသိမ်းလို့ရပါတယ်။ ဒါ့ကြောင့် Evening Primrose oil 1000mg ပါတဲ့ Eposoft ကို တစ်နေ့တစ်လုံးမှန်မှန်သောက်ဖို့ မမေ့နဲ့နော်။

စာချစ်သူတို့အတွက် ကျန်းမာရေးဗဟုသုတလေးကို ဂန္ထဝင်မဂ္ဂဇင်းနဲ့ Eposoft တို့မှ ပူးပေါင်းစီစဉ်တင်ဆက်ပေးလိုက်ပါတယ်ရှင်။